စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်

နှစ်စဉ်နိုဝင်ဘာလ (၂၅)ရက်မှ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲ အခမ်းအနားအား ယနေ့(၆.၁၂.၂၀၁၉) ရက်နေ့ နံနက် (၀၆:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ မြို့တော်ခန်းမရှေ့မှ စတင်၍ဗိုလ်ချုပ်လမ်း၊ မြန်မာ့စီးပွားရေးဘဏ် - ဘူတာ - ဗိုလ်ချုပ်ကြေးရုပ်မှ မြို့တော်ခန်းမအထိ လမ်းကြောင်းတစ်လျှောက် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါလမ်းလျှောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


6-12-2019 sgg 0016-12-2019 sgg 0026-12-2019 sgg 0036-12-2019 sgg 004

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon