စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်တွေ့ဆုံဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တက်ရောက်

(၂၈-၁၂-၂၀၁၉)ရက်နေ့ နံနက် (၀၉၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်‌ဝင်း၊ ခရိုင်အသီးသီးမှ လူငယ်ရေးရာ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ လူငယ်ရေးရာကော်မတီ ဥက္ကဌ ဒေါက်တာဇော်ဝင်းမှ နှုတ်ခွန်းဆက် စကားပြောကြားခဲ့၍ ကော်မတီအတွင်းရေးမှူးမှ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ တစ်ဦးခြင်း မိတ်ဆက်ခဲ့ကြပြီး ဖိုရမ်ဖြစ်မြောက်ရေး ပါဝင်ကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ ပထမပိုင်းအခမ်းအနားအစီအစဉ် ခေတ္တရပ်နားခဲ့ပြီး လူငယ်ရေးရာကော်မတီအဖွဲ့မှ ဒုတိယပိုင်း အစီအစဉ်များဖြစ်သော ဆွေးနွေးပွဲ၊ ဂိမ်းကစားခြင်း၊ နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ကြားခြင်းတို့ကို ဆက်လက်ကျင်းပကာ အခမ်းအနားကို နေ့လည် (၁၅၀၀)နာရီတွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

28-12-2019 sgg 01928-12-2019 sgg 02028-12-2019 sgg 02128-12-2019 sgg 02228-12-2019 sgg 023

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon