စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စိုက်ပျိုးရေးသိပ္ပံ (ဟုမ္မလင်း - ရွှေဘိုကျောင်းခွဲ) ကျောင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

၃၀.၁၂.၂၀၁၉ ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၌ ကျင်းပပြုလုပ်သော စိုက်ပျိုးရေးသိပ္ပံ (ဟုမ္မလင်း- ရွှေဘိုကျောင်းခွဲ) ကျောင်းဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဉီးမိုးကျော်သူ၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ စိုက်ပျိုးရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဉီးစီးဌာနမှ တာဝန်ရှိသူ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ကြီးက စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးသိပ္ပံကျောင်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဉီးမိုးကျော်သူ၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ စိုက်ပျိုးရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြကာ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

30-12-2019 sgg 00130-12-2019 sgg 00230-12-2019 sgg 00330-12-2019 sgg 00430-12-2019 sgg 00530-12-2019 sgg 00630-12-2019 sgg 00730-12-2019 sgg 00830-12-2019 sgg 00930-12-2019 sgg 01030-12-2019 sgg 01130-12-2019 sgg 01230-12-2019 sgg 01330-12-2019 sgg 014

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon