ကျေးလက်ဒေသ ဖွံ့ဖြိုးရေး

ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ အခမ်းအနားကျင်းပ

မုံရွာ-မတ်(၂၃)

ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပထမနေ့ အခမ်းအနားကို မတ်လ (၂၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးသင်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၈၇)ဦးနှင့် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တရားလွှတ်တော်တရားသူကြီး(၁)၊ တရားသူကြီး(၂)တို့ တက်ရောက် ကြသည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ(၉၈)ဦး အနက် (၈၇)ဦး တက်ရောက် သည့် အတွက် အစည်းအဝေးတက်ရောက်မှု ( ၈၈.၇၇%)ရာခိုင်နှုန်း ဖြစ်ပြီး အစည်းအဝေးတက်ရောက်ခွင့်ရှိသူ၏ ထက်ဝက်ကျော်ဖြစ်သဖြင့် အစည်းအဝေး အထမြောက် ကြောင်းနှင့် စတင်ကြောင်း ကြေညာသည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက အစည်းအဝေးသို့ မတက် ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်သို့ ခွင့်ပန်ကြားကြရာ လွှတ်တော် ကိုယ်စားလှယ်အားလုံးက သဘောတူကြသည့်အတွက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ က အတည်ပြု ကြောင်း ကြေညာသည်။ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသာအေးက မိန့်ခွန်းပြောကြားသည်။

ယင်းနောက် ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းကဏ္ဍတွင် လွှတ်တော်ကိုယ်စားလှယ်( ၈ )ဦးမှ မေးခွန်း(၁၀)ခုကို မေးမြန်းကြရာ တိုင်းဒေသကြီးအဖွဲ့အစည်းဝင် တိုင်းဒေသကြီးဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဖြေကြားခြင်း၊ (၁၈-၂ ၂၀၁၅)ရက်နေ့က အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိ ခန်းမ၌ ပြုလုပ်သည့် လောက်ကိုင်ဒေသတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို  သက်စွန့်ကြိုးပမ်း ဆောင်ရွက် နေကြသော တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှ လှူဒါန်းမှုကို လွှတ်တော်တွင် မှတ်တမ်းတင်ခြင်း၊  ``ကျွန်းလှဒေသ၊ သဖန်းဆိပ်ရေလှောင်တမံ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ဆောင်ရွက်ပေးရန် ´´လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အဆိုတင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ထောက်ခံ ဆွေးနွေး၍ ၄င်းအဆိုကို ဆွေးနွေးရန် လွှတ်တော်မှသဘောတူသဖြင့် မတ်လ(၂၆)ရက်နေ့တွင် ဆွေးနွေးရန် ဆုံးဖြတ်ခြင်း၊ တိုင်းဒေသကြီး အဆင့် အဖွဲ့အစည်းဝင် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းမှ ``စစ်ကိုင်းတိုင်းဒေသကြီး ပြတိုက်နှင့်  စာကြည့်တိုက်များ ဆိုင်ရာ ဥပဒေ(မူကြမ်း)´´ အား  တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းမှ လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ကသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းက ဖတ်ကြားရှင်းလင်းခြင်းများဆောင်ရွက်ကြပြီး ပထမအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ အား မွန်းလွဲ(၀၂း၁၀)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယနေ့ကို (၂၄.၃.၂၀၁၅)ရက် နံနက် (၁၀)နာရီအချိန်တွင် ပြန်လည် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

 

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇