စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ

၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို (၄.၁.၂၀၂၀) ရက်နေ့ နံနက်(၀၄၂၀) နာရီအချိန်တွင် မုံရွာမြို့ ကန်သာယာကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွတ်တော် ဒုတိယဉက္ကဌနှင့် လွှတ်တော်ကိုယ်စာလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နိုင်ငံရေးပါတီများ၊ ရပ်ကွက်ပြည်သူများ တက်ရောက်ခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့မှ နံနက်(၀၄၂၀)အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်ထူပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အလေးပြုခဲ့ကြပါသည်။

နိုင်ငံတော်အလံအလေးပြုခြင်း (သဝဏ်လွှာဖတ်ကြားခြင်း) အခမ်းအနားကို မုံရွာမြို့ မြို့တော် ခန်းမ၌ နံနက်(၀၉၃၀)နာရီအချိန် ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အရာရှိကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွတ်တော် ဒုတိယဉက္ကဌ၊ တိုင်းဒေသကြီးဉပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆုရကျောင်းသား/ သူများနှင့် ဆုရအားကစားသမားများ၊ ရပ်ကွက်ပြည်သူများ စုစုပေါင်းအင်အား (၅၀၀)ခန့် တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့်ထံမှ ၂၀၂၀ပြည့်နှစ်၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဖတ်ကြားခဲ့ပါသည်။

၂၀၂၀ပြည့်နှစ်၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ပြုပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ရှေးဉီးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့မှ တက်ရောက်လာသော လွတ်လပ်ရေးမော်ကွန်းဝင် (၂)ဉီးနှင့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အဆင်မြင့်ပညာ/ အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီဆုရရှိသည့် ကျောင်းသား/သူနှင့် မာရသွန်(ကျား/မ)ပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများ အသီးသီး ချီးမြှင့်ခဲ့ပါသည်။

4-1-2020 sgg 0014-1-2020 sgg 0024-1-2020 sgg 0034-1-2020 sgg 0044-1-2020 sgg 0054-1-2020 sgg 0064-1-2020 sgg 0074-1-2020 sgg 0084-1-2020 sgg 0094-1-2020 sgg 0104-1-2020 sgg 0114-1-2020 sgg 0124-1-2020 sgg 0134-1-2020 sgg 0144-1-2020 sgg 0154-1-2020 sgg 0164-1-2020 sgg 0174-1-2020 sgg 0184-1-2020 sgg 0194-1-2020 sgg 0204-1-2020 sgg 0214-1-2020 sgg 0224-1-2020 sgg 0234-1-2020 sgg 0244-1-2020 sgg 0254-1-2020 sgg 0264-1-2020 sgg 0274-1-2020 sgg 0284-1-2020 sgg 029

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon