စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

မုံရွာမြို့နယ်၊ ညောင်ပင်တဲကျေးရွာ၊ ရိုးဆုံချောင်းတံတားနှင့် မြင်းမူမြို့နယ်၊ ဝါကျကျေးရွာ၊ သာယာအေးတံတား ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်

ရန်ကုန်မြို့ ဓမ္မစေတီဆရာတော် ဘဒ္ဒန္တပညာဝရ အမှူးထား၍ အလှူရှင် ဦးဝင်းမော်+ဒေါ်ခင်ခင်လေး Forever Group Co,Ltd ( MRTV-4 , Channel-7 ) မိသားစုတို့မှ ဆောက်လုပ်လှူဒါန်းသည့် မုံရွာမြို့နယ်၊ ညောင်ပင်တဲကျေးရွာ၊ ရိုးဆုံချောင်းတံတားနှင့် မြင်းမူမြို့နယ်၊ ဝါကျကျေးရွာ သာယာအေးတံတား ဖွင့်ပွဲအခမ်းအနားများကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ (၅)ရက်နေ့ နံနက် (၀၉၀၀) နာရီ အချိန်တွင် စတင်ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စည်ပင်သာယာရေးဝန်ကြီး ဉီးမြင့်ကြည်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

တံတားများဖွင့်ပွဲ အခမ်းအနားတွင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ ဓမ္မစေတီဆရာတော် ဘဒ္ဒန္တပညာဝရက တံတားဆောက်လုပ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ တံတားအလှူရှင်မှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ တံတားဖွင့်ပွဲ အထိမ်းအမှတ်အလံ ပေးအပ်ခြင်း၊ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

5-1-2020  sgg 0015-1-2020  sgg 0025-1-2020  sgg 0035-1-2020  sgg 0045-1-2020  sgg 005

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon