စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ကျောင်းဆောင်သစ် ပေးအပ်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တက်ရောက်

ရွှေဘိုခရိုင်၊ ရေဉီးမြို့နယ်၊ ပန်းကုန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် အောင်ဇမ္ဗူကျောင်းဆောင်သစ် ပေးအပ်ပွဲအခမ်းအနားကို (၇.၁.၂၀၂၀)ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန်တွင် အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍဝံသနှင့် ဆရာတော်(၇)ပါး၊ အလှူရှင်များ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍဝံသမှ ကျောင်းဆောင်သစ် လှူဒါန်းရသည့် အကြောင်းကို ရှင်းလင်းမိန့်ကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ RC နှစ်ထပ် ကျောင်းဆောင်သစ် နှစ်ဆောင်ကို အောင်ဇမ္ဗူဆရာတော် ဘုရားကြီးကိုယ်စား အောင်ဇမ္ဗူသာသနာပြုဉက္ကဌ ဉီးကျော်ညွန့်မှ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် မှတ်တမ်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသို့ လွှဲပြောင်းပေးအပ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဧည့်သည်တော်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ စတုဒီသာထမင်းနှင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။

7-1-2020 sgg 0017-1-2020 sgg 0027-1-2020 sgg 0037-1-2020 sgg 0047-1-2020 sgg 0057-1-2020 sgg 0067-1-2020 sgg 007

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon