တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို (၉.၁.၂၀၂၀)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန် မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးမှူးများ၊ ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး ပထမဉီးစွာ မုဒ်ဉီးဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြခန်းများအား လှည့်လည်ကြည့်ရှု့ အားပေးခဲ့ကြပါသည်။

ဆက်လက်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို မုံရွာမြို့၊ မြို့တော်ခန်းမအတွင်း၌ ကျင်းပခဲ့ရာ ကျောင်းသူလေးများမှ “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ပြီးနောက် အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားကာ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ National ICT Awards – 2019၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်၊ အမျိုးသမီးများနေ့ အထိမ်းအမှတ်၊ ကမ္ဘာ့ခရီးသွားနေ့ အထိမ်းအမှတ်၊ Mitsubishi Asean Children’s Enikki Festa ၊ 9 th Asean Quiz လူ့အခွင့်အရေးဆိုင်ရာ လူငယ်စကားရည်လုပွဲတို့တွင် ဆုရရှိခဲ့သော ကျောင်းသား/သူများအား ဆုများချီးမြှင့်ကာ ကိုယ်ပိုင်ကျောင်းများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများမှ အကအလှများဖြင့် ပြန်လည်ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိပါသည်။

9-1-2020 sgg 0019-1-2020 sgg 0029-1-2020 sgg 0039-1-2020 sgg 0049-1-2020 sgg 0059-1-2020 sgg 0069-1-2020 sgg 0079-1-2020 sgg 0089-1-2020 sgg 0099-1-2020 sgg 0109-1-2020 sgg 0119-1-2020 sgg 0129-1-2020 sgg 0139-1-2020 sgg 0149-1-2020 sgg 0159-1-2020 sgg 0169-1-2020 sgg 0179-1-2020 sgg 0189-1-2020 sgg 0199-1-2020 sgg 0209-1-2020 sgg 0219-1-2020 sgg 022