စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

၂၃၀ကေဗွီ နဘား-ရွှေဘို-အုန်းတော မဟာဓာတ်အားလိုင်း (၁၇၈.၅၆)မိုင်နှင့် ၂၃၀/၃၃/၁၁ကေဗွီ ၁၀၀အမ်ဗွီအေ ရွှေဘိုပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးရေးအတွက် ၂၃၀ကေဗွီ နဘား-ရွှေဘို-အုန်းတော မဟာဓာတ်အားလိုင်း (၁၇၈.၅၆)မိုင်နှင့် ၂၃၀/၃၃/၁၁ကေဗွီ ၁၀၀ အမ်ဗွီအေ ရွှေဘိုပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို (၁၁.၁.၂၀၂၀)ရက်နေ့ (၀၉:၃၀)နာရီ အချိန်တွင် ၂၃၀/၃၃/၁၁ကေဗွီ ၁၀၀ အမ်ဗွီအေ ရွှေဘိုပင်မ ဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ ဦးသန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၊ CCPG ကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ တာဝန်ယူ တည်ဆောက်ခဲ့သည့် CCPG ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေအား ရှင်းလင်းတင်ပြခြင်း တို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ ဦးသန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးသန်းညွန့်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ CCPG ကုမ္ပဏီ တာဝန်ရှိသူတို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ကမ္ပည်းကျောက်စာအား အမွှေးနံသာရည်များ ပက်ဖျန်းခြင်း၊ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့မှ ၂၃၀/၃၃/ ၁၁ကေဗွီ ၁၀၀အမ်ဗွီအေ ရွှေဘို ပင်မဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာအား စက်ခလုတ်နှိပ် ဖွင့်လှစ်ကြကာ တက်ရောက်လာသော ဧည့်သည်တော်များမှ ဓာတ်အားခွဲရုံ Control Room အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

11-1-2020 sgg 00111-1-2020 sgg 00211-1-2020 sgg 00311-1-2020 sgg 00411-1-2020 sgg 00511-1-2020 sgg 00611-1-2020 sgg 00711-1-2020 sgg 00811-1-2020 sgg 00911-1-2020 sgg 010

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon