ကျေးလက်ဒေသ ဖွံ့ဖြိုးရေး

လေးကျွန်းစကြာထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသတ္တဌာနဌာပနာတော်သွင်းလှူခြင်းနှင့် ဒုတိယအကြိမ် မြောက်အလှူငွေပေးအပ်ပွဲကျင်းပ

မုံရွာ-မတ်(၂၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ခတ္တကန်တောင်ကျေးရွာ၊ ဗောဓိတထောင်သာသနာ နယ်မြေအတွင်းရှိ ဗန္ဓဝတောင်တွင်တည်ဆောက်လ က်ရှိသောဉာဏ်တော်အမြင့် (၂၃၄)ရှိလေးကျွန်းစကြာ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သတ္တဌာန ဌာပနာတော်သွင်းလှူခြင်းနှင့် ဒုတိယ ကြိမ်မြောက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကိုမတ် လ(၂၂)ရက်နေ့နံနက်(၉)နာရီက အဆိုပါတည်ဆောက်ရေးလုပ်ငန်းခွင်တွင် ကျင်းပရ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီးဒေါ်ဝေဝေခိုင်၊တရားသူကြီးချုပ်၊ ဥပဒေချုပ်၊စာရင်းစစ်ချုပ်၊တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ဂေါပက အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိတ်သတ်များက မုံရွာမြို့အုတ်ကန်တောရ စာသင်တိုက်ပဓာနနာယက ဆရာတောဘဒ္ဒန္တနန္ဒောဘာသာ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များထံသို့ ဥပသကာများကို ပရိတ်ချည်၊ပရိတ်ရည်၊ပရိတ်သဲ၊ ပရိတ်ပန်း၊ပရိတ်ကျောက်များကို ဆက်ကပ်ခြင်း၊ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များရွတ်ဖတ်ခြင်း၊ ဥပသကာများကို ပရိတ်ချည်၊ပရိတ်ရည်၊ပရိတ်သဲ၊ ပရိတ်ပန်း၊ ပရိတ်ကျောက်များကို ပက်ဖျန်းချည်နှောင်ခြင်းများကို ဆောင်ရွက်ကြပြီး သံဃာတော်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို င်းဒေသကြီးဝန်ကြီးများကသတ္တဌာနဌာပနာတော်များ၊ ဓါတ်တော်နှင့်ဌာပနာ ပစ္စည်းများနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး ပြင်ဦးလွင်မြို့ ကံ့ကော်တထောင်ကျောင်းတိုက်ပဓာန နာယကဆရာတော်ဘဒ္ဒန္တအဂ္ဂသာရထံ တော်မှတိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုကာလှူ ဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာသတ္တဌာန ဌာပနာတော်များ၊ ဓါတ်တော်နှင့် ဌာပနာပစ္စည်းများကို ပင့်ဆောင်ကြကာမင်္ဂလာ အချိန်တွင်ဌာပနာ တော်အဖြစ်သွင်းလှူပူဇော်ကြသည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊တရားသူကြီး ချုပ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဂေါပ ကအဖွဲ့ဝင်များ ကလေးကျွန်းစကြာ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းအတွက် ထည့်ဝင်လှူဒါန်းကြသော အလှူရှင်(၁၆၆)ဦးတို့စုပေါင်းထည့်ဝင်ငွေ (၄၂၁၁ဒသမ၂ဝ)သိန်းအား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ကြကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာအခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။ လေးကျွန်းစကြာ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မုံရွာမြို့နယ် ခတ္တကန်တောင်ကျေးရွာ၊ ဗောဓိတထောင်သာသနာ နယ်မြေအတွင်းရှိဗန္ဓဝတောင်တွင် (၂၄.၁.၂ဝ၁၃)ရက်နေ့တွင် ပန္နက်တင်မင်္ဂလာ အားလည်းကောင်း၊ တွင်းတော်ဝန်းမင်္ဂလာနှင့် ပထမအကြိမ်အလှူငွေပေးအပ်ပွဲကို (၂၄.၂.၂ဝ၁၃)ရက်နေ့တွင် လည်းကောင်းကျင်းပခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် သတ္တဌာန ဌာပနာတော်သွင်းလှူခြင်းနှင့်  ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ဖိုးချမ်း (မုံရွာ)

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇