၇၃နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာကပွဲ၊ စျေးရောင်းပွဲတော်နှင့် Farmer Market ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၁-၂-၂၀၂၀ရက်နေ့ နံနက် ၀၈၃၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရွှေဘိုတက္ကသိုလ်၌ ကျင်းပပြုလုပ်သော ၇၃နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာကပွဲ၊ စျေးရောင်းပွဲတော်နှင့် Farmer Market ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ဇနီး ဒေါ်တင့်တင့် (ခ) ဒေါ်ခြူးခြူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဉီးမိုးကျော်သူနှင့် ဇနီး၊ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဆွေနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြပါသည်။

ပထမဉီးစွာ Farmer Market ဖွင့်ပွဲအခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဉီးမိုးကျော်သူက အမှာစကား ပြောကြားပြီး ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဆွေက Farmer Market ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပါသည်။

ဆက်လက်၍ ၇၃နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာကပွဲ၊ စျေးရောင်းပွဲတော်အား တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ ဇနီး ဒေါ်တင့်တင့် (ခ) ဒေါ်ခြူးခြူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဉီးမိုးကျော်သူနှင့် ဇနီး၊ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဆွေတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပြီး စျေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာကပွဲ တို့အား ကြည့်ရှုအားပေးခဲ့ကြပါသည်။

11-2-2020 sgg 01411-2-2020 sgg 01511-2-2020 sgg 01611-2-2020 sgg 01711-2-2020 sgg 01811-2-2020 sgg 01911-2-2020 sgg 02011-2-2020 sgg 02111-2-2020 sgg 02311-2-2020 sgg 02511-2-2020 sgg 02611-2-2020 sgg 02711-2-2020 sgg 02811-2-2020 sgg 029