ကျေးလက်ဒေသ ဖွံ့ဖြိုးရေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ အရာတော်မြို့နယ် သလဲဘာ- ကျောက်ကုန်း(မူးမြစ်ကူး)တံတား တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

Slide27Slide110

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၂၂)ရက်၊ မွန်းလွှဲပိုင်းတွင် မုံရွာခရိုင်၊ အရာတော်မြို့နယ်သို့ ရောက်ရှိကြပြီး သလဲဘာ-ကျောက်ကုန်း (မူးမြစ်ကူး) တံတား တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရူ့စစ်ဆေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ကျေးရွာ၏ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကျေးရွာ အတွက် ထောက်ပံ့ရေး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုမှ တစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အရာတော်မြို့နယ် စပါးတွင်း ကျေးရွာ၊ ဆိပ္ဖူးကြီး ကျေးရွာ၊ ငါးရဟိုးကျေးရွာ၊ မန်းကျည်းဇောက် ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး သွားရောက် တွေ့ဆုံနှုတ်ဆက်ပြီး ကျောင်းသုံး ဗလာစာအုပ်များ၊ အားကစားပစ္စည်းများ၊ ဂျာနယ်စာစောင်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သမရိုး (မူးမြစ်ကူး) တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး တံတား ဆောက်လုပ်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စံချိန်စံညွှမ်းမီ အရည်အသွေး ကောင်းမွန် ရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အင်းတော်မြို့နယ်အတွင်း ကျေးလက်ဒေသမီးလင်းရေး ဆိုလာပြားများတပ်ဆင်

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသမီးလင်းရေး အစီအစဉ်အရ ဆိုလာပြား အချပ်ရေ(၄၉၂)ချပ်အား မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော လယ်နောင်၊ တုံးပု၊ ဂဟဲ၊ ညောင်ကုန်း၊ နားဖာ၊ နားရခေါင်၊ ရွာသစ်ကုန်းကျေးရွာ စုစုပေါင်း(၇)ရွာအား နိုဝင်ဘာလ(၁၅)ရက်နေ့တွင် အပြီးတပ်ဆင်ပေးခဲ့ကြောင်းသိရသည်။

            “ကျွန်တော်တို့ရွာက မြို့ပေါ်ကို သွယ်တန်းထားတဲ့ ဓါတ်အားလိုင်းနဲ့က ဝေးပါတယ်။ မီးရဖို့အတွက် ကြိုးသွယ်မယ်ဆိုရင်လဲ ရွာအနေနဲ့ ကုန်ကျစရိတ်က အရမ်းကြီးလွန်းပါတယ်။ အခုလို တစ်နိုင်တစ်ပိုင် ဆိုလာမီးလေးတွေ တပ်ပေးတော့ ရွာအနေနဲ့ ပိုလို့အဆင်ပြေပါတယ်။ ဖြစ်နိုင်ရင်တော့ မြို့ပေါ်ကလို လျှပ်စစ်မီး ရနိုင်ရင် ပိုလို့ကောင်းပါတယ်။ ” ဟု ဂဟဲကျေးရွာမှ ရွာသားတစ်ဦးက ပြောပြခဲ့သည်။

            “အခုတပ်ဆင်ပေးထားတဲ့ ဆိုလာပြားတွေမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ကပ်ထားပေးပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များနဲ့အညီ သုံးစွဲပြီး ဖြစ်ပေါ်လာတဲ့ ချို့ယွင်းမှုတွေကို အာမခံသက်တမ်းပြည့် ပြန်လည်ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။” ဟု ကျေးလက်မီးလင်းရေးလုပ်ငန်း ဆိုလာ တပ်ဆင်ရေး တင်ဒါအောင်မြင်ခဲ့သည့် icts ကုမ္ပဏီမှ တာဝန်ခံက ပြောပြခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီးဒေါ်ဝေဝေခိုင် ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ မဟာမြိုင်တော ဒိပါအေးမြကုန်းတော် လေးကျွန်းရန်အောင် စေတီတော်မြက်ကြီး အလှူငွေ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

j17

                                                                                                                                               

                        စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီး ဒေါ်ဝေဝေခိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာအကြီးအကဲများသည် ဇွန်လ (၁၂)ရက်၊ နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးဝမြို့နယ်   မဟာမြိုင်တောရ ဒီပါအေးမြကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ် ဆောက်လုပ်နေသော  ရွှေတိဂုံပုံတူ ဉာဏ်တော်(၁၀၈)တောင်ရှိ လေးကျွန်းရန်အောင်စေတီတော်ကြီး တည် ဆောက်နေမှုနှင့် အောင်စင်္ကြာစေတီတော် တည်ဆောက်နေမှုတို့အား လှည့်လည်ကြည့်ရူ့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

                        ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီး ဒေါ်ဝေဝေခိုင်၊ တာဝန် ရှိသူများသည် မဟာမြိုင်တောရ ဒီပါအေးမြကုန်းတော်၊ ဓမ္မာရုံတော်တွင် ကျင်းပသော ရွှေတီဂုံပုံတူ ဉာဏ်တော်(၁၀၈)တောင်ရှိ လေးကျွန်းရန်အောင် စေတီတော်ကြီး အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

                        ရှေးဦးစွာ နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး မဟာမြိုင်သဲဖြူတောရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီ ဒေါ်ဝေဝေခိုင်၊ ဧည့်ပရိတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသော မေတ္တာသုတ်ပရိတ် တရား တော်များကို နာယူကြည်ညှိကြသည်။

                        ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီး ဒေါ်ဝေဝေခိုင်၊ တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဘွယ်ပစ္စည်းများ အသီးသီး ဆပ်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီ ဒေါ်ဝေဝေခိုင်၊ အေးရိပ်ဝေမိသားစုမှ အောင်စင်္ကြာစေတီတော်ကြီးအတွက် အလှူငွေကျပ် သိန်း(၇၀)၊ လေးကျွန်းရန်အောင် စေတီတော်ကြီးအတွက် အလှူငွေကျပ် (၁၀)သိန်းအား လည်းကောင်း၊ ရွှေသံလွင် ကုမ္မဏီ မီသားစုမှ လေးကျွန်းရန်အောင် စေတီတော်မြတ်ကြီး စည်တော်ကြီး တည်ဆောက်ရန်အတွက်   အလှူငွေကျပ် သိန်း(၁၀၀)အားလည်းကောင်း၊ မိခင်ကြီး ဒေါ်စီသာယာနီ အားအမှူးထား၍ ဦးလှမောင် ဖနီး ဒေါ်သက်သက်ရှိန် မီသားစုတို့မှ လေးကျွန်းရန်အောင် စေတီတော်ကြီး အတွက်   အလှူငွေကျပ် သိန်း(၅၀) တို့အား အသီးသီး လှူဒါန်းကြသည်။

                        ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီ ဒေါ်ဝေဝေခိုင်  တို့က  လေးကျွန်းရန်အောင် စေတီတော်မြက်ကြီး ဒီပါအေးမြကုန်းတော် ဘ/က မူလတန်းကျောင်း အတွက် ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ ပေးအပ်ထောက်ပံ့ကာ မဟာမြိုင် သဲဖြူတောရ ဆရာ တော်ကြီး ထံတော်မှ အနုမောဒနာတရား နာယူကြည်ညှိပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက် သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဒသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို ဆုတောင်းကာ  အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ယင်းနောက် ဆရာတော်ကြီးများနှင့် ပင့်သံဃာဆရာတော်များအား တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီးဒေါ်ဝေဝေခိုင်၊ အလှူရှင်များက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ သည်။

j18

                        ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မွန်းလွှဲ ပိုင်းတွင် လေးကျွန်းရန်အောင် စေတီတော်မြက်ကြီး ဒီပါအေးမြကုန်းတော် ဘ/က မူလတန်း ကျောင်း၊ (၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု၊ သက္ကကျင်း-ဖောင်းပြင်-ခန္တီးလမ်း မြေသားလမ်းဖောက်လုပ် ပြုပြင်နေမှုတို့အား ကြည့်ရူ့စစ်ဆေးခဲ့သည်။

                        ဆက်လက်၍ ရေးဦး-တန့်ဆည်-ကလေးဝလမ်း လမ်းများပြုပြင်နေမှုနှင့် လေးပခုံး များချဲ့နေမှုတို့အား ကြည့်ရူ့စစ်ဆေးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ (၂)မှ တာဝန်ယူတည်ဆောက်နေသော ချင်းတွင်တံတား(ကလေးဝ) စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားတည်ဆောက်ရေး  တာဝန်ခံ  အင်ဂျင်နီယာမှူးကြီး    ဦးဝင်းထိန်က   တံတားတည်ဆောက်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက  တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ချင်းတွင်းတံတား(ကလေးဝ)တည်ဆောက်နေမှုအား ကြည့်ရူ့ စစ်ဆေးခဲ့သည်။

                        ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် ကလေးဝမြို့၊ အားကစားကွင်း ပရိတ်သက်ပွဲကြည့်စင်နှင့် ဘောလုံကွင်း ပြုပြင်ပြီးစီးမှု၊ စုပေါင်းရုံး  ဆောက်လုပ်မည့်မြေနေရာနှင့် လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်နေမှုတို့အား ဘှည့်လည် ကြည့်ရူ့ စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

                        ဆက်လက်ပြီး ကလေးဝမြို့၊ ပြည်သူ့ဆေးရုံ သို့ရောက်ရှိရာ ဆေးသိုလှောင်ခန်း၊ ခွဲစိတ်ခန်းနှင့် ဆေးကုသမှုခံယူနေသော ဒေသခံလူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံနုတ်ဆက်ပြီး  ရွှေမုဌာစေတီတော်ကြီးအား ဖူးမျှော်ကြည်ညှိကာ အလှူငွေများ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

 

                         

၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြင်းမူမြို့တွင် ရှင်းလင်းဆွေးနွေး

 

မြင်းမူ  ဇွန်(၇)

            ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအား ရှင်းလင်းဆွေးနွေးပွဲကို ဇွန်လ(၆)ရက်က မြင်းမူမြို့၊ ရွှေပြည်သစ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းအောင်က ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် မြင်းမူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိမည့်လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

            ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းဇော်က ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်တွင် မြင်းမူ မြို့နယ်အတွင်း ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေအနက်မှ ကျပ်(၅၅ဝ ဒသမ ၅)သိန်းဖြင့် သောက်သုံးရေ ရရှိရေး လုပ်ငန်း(၁၄)ခု၊ ကျပ်(၃၇၂ ဒသမ ၃)သိန်းဖြင့် လမ်းတံတား(၈)ခု၊ ကျပ်သိန်း(၅၀)ဖြင့် အခြားလုပ်ငန်း(၁)ခုတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြသည်။

            ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်နှင့် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်များက မိမိတို့ဒေသအလိုက် အဓိကဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် အရာတော်မြို့နယ်တွင် ပရမ်းပကားချောင်းကူးတံတားအသစ်တစ်စင်း တည်ဆောက်လျက်ရှိ

w1

 

အရာတော် မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ဟင်္သာကျေးရွာနှင့် ရွေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ဖုတ္တန်းတောကျေးရွာသို့ဆက်သွယ်ထားသော ပရမ်းပကားချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသော ပရမ်းပကား ချောင်းကူးတံတားသည် (၂၀၁၃)ခုနှစ်နှင့် (၂၀၁၄)ခုနှစ်မိုးရာသီများတွင် နှစ်လေးဆယ်ကျော် သက်တမ်းရှိ တံတားဟောင်းချဉ်းကပ်မြေသားလမ်းများသည် ချောင်းရေတိုက်စားကာ ပြိုကျခဲ့သဖြင့် ဒေသခံ ပြည်သူများ အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကျန်းမာရေး၊ လူမှုရေးကဏ္ဍများတွင် အခက်အခဲဖြစ်လျက်ရှိရာ ယခု အခါတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပရမ်းပကားချောင်းကူးတံတားသစ်အား တံတားဟောင်းအနီးတွင် ခံနိုင်ဝန်(၃၀)တန်ရှိအလျား (၁၂၀) ပေ၊ အကျယ်(၁၄)ပေရှိ ဘိုးပိုင်သံမဏိသံဘောင်တပ် သစ်သားခင်းတံတားသစ်အား တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာန ရန်ပုံငွေ(၁၂၆၇)သိန်းဖြင့် မတ်လ (၂၁)ရက်နေ့ မှစတင်ပြီးတည်ဆောက်လျက်ရှိရာ ယခုနှစ် ဇွန်လအတွင်းအပြီးတည်ဆောက် သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇