စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ဒီဇင်ဘာလူထုအားကစားလ (ဒုတိယပတ်) လမ်းလျှောက်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ တက်ရောက်

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၏ ဒုတိယပတ်ဖြစ်သော (၁၄.၁၂.၂၀၁၉)ရက်နေ့ (စနေ့နေ့)တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ  တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး ဉပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ စုစုပေါင်းအင်အား (၃၇၀၀)ခန့်သည် နံနက်(၀၅၃၀) နာရီအချိန် ဗိုလ်ချုပ်ကြေးရုပ်မှ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်မှ တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းထိ စုပေါင်းလမ်းလျှောက်ခဲ့ပြီး တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်း၌ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအတွဲ(၁)၊ (၂)နှင့် Fitness Dance အကများကို ပြုလုပ်ကြခဲ့ပြီး လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ စုပေါင်းလမ်းလျှောက်သည့် ပြည်သူများသို့ ကောက်ညှင်းထုပ်များ ဝေငှပြီး ကံစမ်းမဲများ ဖွင့်ဖောက်ပေးခဲ့ကြောင်းနှင့် ပျော်ရွှင်စရာ အားကစားပွဲများ ကျင်းပပေးခဲ့ကြောင်း သတင်းရရှိပါသည်။

14-12-2019 sgg 00114-12-2019 sgg 00214-12-2019 sgg 00314-12-2019 sgg 00414-12-2019 sgg 00514-12-2019 sgg 00614-12-2019 sgg 00714-12-2019 sgg 00814-12-2019 sgg 01014-12-2019 sgg 01114-12-2019 sgg 01214-12-2019 sgg 013

အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ တက်ရောက်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်းစုံ ကျောင်းသား အားကစားပွဲတော် ပိတ်ပွဲ/ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၂.၁၂.၂၀၁၉)ရက်နေ့ (၁၅၀၀)နာရီအချိန် မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါပိတ်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၇၅၀)ဉီးခန့် တက်ရောက်ခဲ့ပါသည်။ ဗိုလ်လုပွဲအနေဖြင့် ကလေးခရိုင် ဘောလုံးအသင်းနှင့် ကသာခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၅)ဂိုး (၂)ဂိုးဖြင့် ကလေးခရိုင် ဘောလုံးအသင်းမှ ပထမဆုရရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဆုရရှိသည့် ဘောလုံးအသင်းများအား ဆုများချီးမြှင့်ခဲ့ကာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

12-12-2019 sgg 00912-12-2019 sgg 01012-12-2019 sgg 01112-12-2019 sgg 01212-12-2019 sgg 01312-12-2019 sgg 01412-12-2019 sgg 01512-12-2019 sgg 01612-12-2019 sgg 01712-12-2019 sgg 01812-12-2019 sgg 01912-12-2019 sgg 020

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်

၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ တိုင်းဒေသကြီးအဆင့် အခမ်းအနားကို (၁၂.၁၂.၂၀၁၉)ရက်၊ နံနက် (၀၉၀၀)နာရီ အချိန်တွင် မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဉီးမျိုးမောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဉပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ လူမှုအဖွဲ့အစည်းအင်အား (၄၃၀)ခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဉီးစီးဌာနမှူးမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခြင်း၊ အထိမ်းအမှတ်ပြိုင်ပွဲမှ ဆုရရှိသော ကျောင်းသား/သူများအား ဆုများချီးမြှင့်ခြင်းတို့ကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပညာပေးပြခန်းများသို့ လှည့်လည်ကြည်ရှု့ခဲ့ကြောင်း သတင်းရရှိပါသည်။

12-12-2019 sgg 00112-12-2019 sgg 00212-12-2019 sgg 00312-12-2019 sgg 00412-12-2019 sgg 00512-12-2019 sgg 00612-12-2019 sgg 00712-12-2019 sgg 008

စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်းအနားအား (၁၀-၁၂-၂၀၁၉)ရက်နေ့၊ နံနက် (၀၈၀၀)နာရီ အချိန်တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ သတ္တုတွင်းဦးစီးဌာနရုံးသစ်၌ ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားအား ဝန်ကြီးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ရုံးအဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

10-12-2019 sgg 01710-12-2019 sgg 01810-12-2019 sgg 01910-12-2019 sgg 02010-12-2019 sgg 02110-12-2019 sgg 02210-12-2019 sgg 02310-12-2019 sgg 024

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀%)ပြည့်မြောက်သည့် အထိမ်းအမှတ် (66/33)kV, (30)MVA ရွှေပန်းကုံးဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ

(၁၀-၁၂-၂၀၁၉)ရက်နေ့ (၁၀၂၅)နာရီအချိန်တွင် နိုင်ငံတော်ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀%)ပြည့်မြောက်သည့် အထိမ်းအမှတ် အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် (66/33)kV, (30)MVA ရွှေပန်းကုံးဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ကျင်းပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ အစိုးရသစ်လက်ထက် (၃)နှစ်ခွဲတာကာလအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ ဒေသခံ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ APQ ကုမ္ပဏီမှ ဓာတ်အားခွဲရုံနှင့် သက်ဆိုင်သော အချက်အလက်များအား တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာထံ လွှဲပြောင်းပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ဆက်လက်၍ လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းညွန့်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ ဝက်လက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ဦးမောင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ဝက်လက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ဦးစိုးဝင်းထွန်း၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ၊ ဦးမျိုးသန့်ထွန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ကမ္ဗည်းကျောက်စာအား စက်ခလုပ်နှိပ် ဖွင့်လှစ်ခြင်းနှင့် တက်ရောက်လာသူများမှ ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရေ ပက်ဖြန်းခြင်း၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းနှင့် ဓာတ်အားခွဲရုံ၊ Switch Yardနှင့် ဓာတ်အား ခွဲရုံအတွင်းရှိ ပြခန်းများသို့ လှည့်လည်ကြည့်ရှု့ခြင်းတို့ကို အသီးသီး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

10-12-2019 sgg 00110-12-2019 sgg 00210-12-2019 sgg 00310-12-2019 sgg 00410-12-2019 sgg 00510-12-2019 sgg 00610-12-2019 sgg 00710-12-2019 sgg 00810-12-2019 sgg 01010-12-2019 sgg 01110-12-2019 sgg 01210-12-2019 sgg 01310-12-2019 sgg 01410-12-2019 sgg 01510-12-2019 sgg 016

အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို (၇.၁၂.၂၀၁၉)ရက်နေ့ (၁၅၀၀)နာရီအချိန် မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် ခရိုင်အလိုက် ကျောင်းပေါင်းစုံမှ ပါဝင်ယှဉ်ပြိုင် ကစားကြမည့် အားကစားသမားများမှ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ချီတက်အလေးပြုခဲ့ကြပြီး အခြေခံပညာကျောင်းများမှ သိုင်းအဖွဲ့က သရုပ်ပြကစားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် စစ်ကိုင်းခရိုင်ဘောလုံးအသင်းနှင့် ကလေးခရိုင် ဘောလုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှု့အားပေးခဲ့ပါသည်။

7-12-2019 sgg 0167-12-2019 sgg 0177-12-2019 sgg 0187-12-2019 sgg 0197-12-2019 sgg 0207-12-2019 sgg 0217-12-2019 sgg 0227-12-2019 sgg 0237-12-2019 sgg 0247-12-2019 sgg 0257-12-2019 sgg 0267-12-2019 sgg 0277-12-2019 sgg 0287-12-2019 sgg 0297-12-2019 sgg 0307-12-2019 sgg 0317-12-2019 sgg 0327-12-2019 sgg 0337-12-2019 sgg 0347-12-2019 sgg 0357-12-2019 sgg 036

ဒီဇင်ဘာလူထုအားကစားလ (ပထမပတ်) လမ်းလျှောက်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ တက်ရောက်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၏ ပထမပတ်ဖြစ်သော (၇.၁၂.၂၀၁၉)ရက်နေ့ (စနေ့နေ့)တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဉက္ကဌ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးဉပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ စုပေါင်း၍ စုစုပေါင်း အင်အား (၃၉၀၀)ခန့်သည် နံနက်(၀၅၃၀) နာရီအချိန် ဗိုလ်ချုပ်ကြေးရုပ်မှ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်မှ တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းထိ စုပေါင်းလမ်းလျှောက်ခဲ့ပြီး တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်း၌ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအတွဲ(၁)၊ (၂) နှင့် Zumba Dance အကများကို ပြုလုပ်ခဲ့ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ စုပေါင်းလမ်းလျှောက်သည့် ပြည်သူများသို့ ကောက်ညှင်းထုပ်များ ဝေငှပြီး ကံစမ်းမဲများ ဖောက်ပေးခဲ့ပါသည်။

7-12-2019 sgg 0017-12-2019 sgg 0027-12-2019 sgg 0037-12-2019 sgg 0047-12-2019 sgg 0057-12-2019 sgg 0067-12-2019 sgg 0077-12-2019 sgg 0087-12-2019 sgg 0097-12-2019 sgg 0107-12-2019 sgg 0117-12-2019 sgg 0127-12-2019 sgg 0137-12-2019 sgg 0147-12-2019 sgg 015

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon