စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္မူခိုင်နန်းကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်

Slide19

Slide42

Slide5

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ဇန်နဝါရီလ(၁၆)ရက် နံနက်ပိုင်းတွင် ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗူခိုင်နန်းကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

                        ရှေးဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစောမြင့်ဦး၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးသိန်းမြင့်၊ ကျောင်းဆောင်သစ်အလှူရှင် ဦးစန်းလှိုင်၊ ဦးပြည့်စုံအောင်တို့က ဇမ္ဗူခိုင်နန်းကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

                        ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးကဇမ္ဗူခိုင်နန်းကျောင်းဆောင်သစ် ဆိုင်းဘုတ် အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ကျောင်းကော်မတီဝင်များ၊ အလှူရှင်များနှင့် အဆိုပါ ကျောင်းဆောင် သစ်ရှေ့တွင် စုပေါင်းဓာတ်ပုံရိုက်ကူးကာ ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

                        ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားပြီး ကျောင်းဆောင်သစ်အလှူရှင် ဒေါ်အေးအေးခိုင်က ကျောင်းဆောင်သစ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

                        ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက ကျောင်းအတွက် ကွန်ပျူတာတစ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ၊ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ဘင်ခရာ/ပန်းပွားအဖွဲ့နှင့် ကင်းထောက်အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့သည်။

                        ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများထံ ကျောင်းအုပ် ဆရာကြီးက ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံများအား အသီးသီး ပေးအပ်ပြီး ကျောင်းအကျိုး တော်ဆောင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

                        အဆိုပါ ဇမ္ဗူခိုင်နန်းကျောင်းသစ်သည် အလျား(၁၂၀)ပေ၊ အနံ(၂၂)ပေ၊ အမြင့်(၂၄)ပေရှိပြီး စုစုပေါင်း ကုန်ကျငွေကျပ် သိန်း(၁၂၀ဝ)တိတိ ကုန်ကျခဲ့သည်။

                        ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ခန္တီးမြို့မှ တပ်မတော် ရဟတ်ယာဉ်ဖြင့် ဖောင်းပြင်မြို့သို့ ရောက်ရှိရာ ဖောင်းပြင်မြို့ ကျွန်းရွှေဝါရပ်ကွက် တိမ်ကြားမင်းခေါင် ကွန်ကရစ်လမ်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

                        ရှေးဦးစွာ တိမ်ကြားမင်းခေါင် ကွန်ကရစ်လမ်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း၊ မြို့နယ်အထောက်အကူပြု ကော်မတီဥက္ကဌ ဦးသိန်းဝင်း၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကျော်ဆန်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

                        ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက ဘင်ခရာ/ပန်းပွား အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး အဆိုပါ မုဒ်ဦးရှေ့တွင် စုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကာ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။

                        အဆိုပါ ကျွန်းရွှေဝါရပ်ကွက် တိမ်ကြားမင်းခေါင် ကွန်ကရစ်လမ်းသည် အရှည် (၁၁၀ဝ)ပေ၊ အကျယ်(၁၂)ပေရှိပြီး စုစုပေါင်း ကုန်ကျငွေကျပ်(၁၇၉)သိန်းကျပ် ဖြစ်သည်။

                        ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် ဖောင်းပြင်မြို့၊ 350 KVA လျှပ်စစ်ဓာတ်အားပေးစက် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

                        ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားပြီး အလှူရှင် Rosewood  Capital  ကုမ္ပဏီမှ တာဝန်ခံ ဦးထက်နိုင်ဝင်းက 350 KVA လျှပ်စစ်ဓာတ်အားပေးစက် လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးထံ 350 KVA လျှပ်စစ် ဓာတ်အား ပေးစက်နှင့် ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်း ပေးအပ်သည်။

                        ထို့နောက် မြို့မိမြို့ဖ ဦးသိန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

                        ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက 350 KVA လျှပ်စစ်ဓာတ်အားပေးစက်အား အမွှေးနံ့သာရေများ ပတ်ဖြန်းပေးပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ ဟုမ္မလင်းမြို့၊ မြို့နယ် မီးသတ်စခန်းရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

Slide17

Slide26

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစောမြင့်ဦး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ဇန်နဝါရီလ(၁၄)ရက် နံနက်ပိုင်းတွင် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ မြိုနယ်မီးသတ်စခန်းရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစောမြင့်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ မြို့နယ်အထောက်အကူပြု ကော်မတီဥက္ကဌ ဦးအောင်ကျော်တို့က အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက ဟုမ္မလင်းမြို့၊ မီးသတ်စခန်းရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး မြို့မိမြို့ဖများနှင့် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကာ ရှမ်းရိးရာအကအဖွဲ့များနှင့် ကင်းထောက်လူငယ်အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး မီးသတ်စခန်းရုံး အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ခိုပဲဝမြို့ပတ် မြေသားတာဘောင်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ ဟုမ္မလင်းမြို့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်က လမ်းသစ်နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ရပ်မိရပ်ဖ ဦးကြည်ဆောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစောမြင့်ဦး၊ မြို့နယ် အထောက် အကူပြု ကော်မတီဥက္ကဌ ဦးအောင်ကျော်၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကြည်ထွေး၊ မြို့မိမြို့ဖ ဦးထွန်းရွှေ တို့က မြို့ပတ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက ဘင်ခရာ/ပန်းပွားအဖွဲ့နှင့် ရှမ်းရိုးရာ အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး အဆိုပါ မုဒ်ဦးရှေ့တွင် လမ်းကော်မတီဝင်များနှင့် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကာ လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ လမ်းသစ်သည် အရှည်(၁၇၅၀)ပေ၊ အကျယ်(၃၀)ပေ၊ မြေသားတာဘောင်လမ်းဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေကျပ် (၉၇.၉)သန်း တိတိကုန်ကျခဲ့ကြောင်း သတင်းရရှိသည်။

ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ

Slide25

Slide16

ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ အခမ်းအနားကို ဇန်နဝါရီလ(၁၈)ရက်နေ့ နေ့လည်(၁၁)နာရီအချိန်က မုံရွာမြို့ တိုင်းဒေသကြီးလွှတ်တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၅)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၅)ခုကို မေးမြန်းခဲ့ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်မှ ``မူးယစ်ဆေးဝါးနှိမ်နင်းရေး ဆောင်ရွက်ချက် အစီရင်ခံစာ´´အား လွှတ်တော်သို့ တင်ပြပြီး လွှတ်တော် ဒုတိယ ဥက္ကဌ မှ မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီး အဆင့် အဖွဲ့အစည်းဝင် ဘဏ္ဍာရေးဝန်ကြီး ဦးတင်ဝင်းမှ ``စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့ အစည်းများ၏ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခေါင်းစဉ်ပြောင်း သုံးစွဲခွင့်´´ကို  လွှတ်တော်သို့ တင်ပြခြင်း၊တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဘဏ္ဍာရေးဝန်ကြီး ဦးတင်ဝင်းမှ `` စစ်ကိုင်းတိုင်း ဒေသကြီး အသေးစား ငွေချေးလုပ်ငန်း ဥပဒေ(မူကြမ်း)´´အား လွှတ်တော်သို့ တင်သွင်းရာ အဆိုပါ ဥပဒေ (မူကြမ်း)နှင့် ပတ်သက်၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ကသာ မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိန်ထွန်းက ဖတ်ကြား ရှင်းလင်းခြင်းမျ ား  အသီးသီး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လွှတ်တော်အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးသောင်းစိန် ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဒုတိယနေ့ အခမ်းအနားကို (၁၉.၁.၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ- အိန္ဒိယ (၂)နိုင်ငံ ဒေသတွင်း စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် ထုတ်ကုန်ပြပွဲ မုံရွာတွင် ကျင်းပ

Slide15

Slide24

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် မြန်မာ- အိန္ဒိယ (၂)နိုင်ငံ၊ စီးပွားရေးနှင့် ရင်းနှီး မြုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ယဉ်ကျေးမှု နှီးနှောဖလှယ်ခြင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး(မန္တလေး)တို့ ပူးပေါင်းပြီး ဒေသတွင်း ထုတ်ကုန်ပြပွဲနှင့် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ (၁၈)ရက်နေ့ နံနက် (၈)နာရီက မုံရွာမြို့ မြို့တော်ခန်းမရှေ့တွင် ကျင်းပရာ  တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသင်းလှိုင်၊ အိန္ဒိယသံအမတ်ကြီး မြ. ွကေအော  ကြု့သစေိ့ပေေ နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊  တိုင်းဒေသကြီးဥပဒေချုပ်၊  တိုင်းဒေသကြီးစာရင်းစစ်ချုပ် ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အိန္ဒိယနိုင်ငံနှင့် ပြည်တွင်းမှ ကုန်သည် ကြီးများ အခြား ဖိတ်ကြား ထားသူများ   တက်ရောက် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒေသတွင်းထုတ်ကုန်ပြပွဲနှင့် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကို တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးစိန်မောင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးသင်းလှိုင်နှင့်တာဝန်ရှိသူများက မြို့တော်ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသတွင်းထုတ်ကုန်ပြပွဲတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ သစ်အခြေခံ ထုတ်ကုန်များ၊ လက်မှုပစ္စည်းများစသည့်ဒေသထွက်ကုန်များကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံ မှ စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များ၊ အထည်အလိပ်၊ ဆေးဝါး၊ လူသုံးကုန် ပစ္စည်းများကို အာသံ၊ မဏိပူရ၊ နာဂလင်း၊ မီဇိုရမ်ပြည်နယ်တို့မှ ကုန်သည်ကြီးများမှ လာရောက် ပြသကြမည် ဖြစ်ပြီး ကဏ္ဍ အလိုက်ကုန်သည်များမှ အချင်းချင်းစုစည်းပြီး စားပွဲဝိုင်း ဆွေးနွေးပွဲ များကိုလည်း မုံရွာမြို့ မြစန္ဒာခန်းမတွင် ဇန်နဝါရီလ (၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ တွင် မတူဂီချောင်းရေအားလျှပ်စစ်ဖြင့် မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ဇန်နဝါရီ(၁၂)ရက် နံနက်ပိုင်း တွင် မုံရွာမြို့၊ ပြည်သူအငှားအိမ်ယာ တန်ဘိုးသင့် အိမ်ရာများ ဆောက်လုပ်နေမှုနှင့် သားဖွား မီးယပ်နှင့် ကလေးအထူးကု ဆေးရုံအဆောက်အဦ ဆောက်လုပ်နေမှုတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိ်ု့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့မှ မြန်မာအမျိုးသား လေကြောင်းဖြင့် ဟုမ္မလင်းမြို့ လေဆိပ်သို့ ရောက်ရှိရာ ဒေသခံ တိုင်းရင်းသား ပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ပြီး ဟုမ္မလင်း - ခန္တီး မော်တော်ကားလမ်းပေါ်ရှိ ချောင်းဆုံတံတား တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးပြီး မန်လီဖိုင်ကျေးရွာ၊ ပင်းမကျေးရွာ၊ ထမံသီကျေးရွာများမှ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့သို့ရောက်ရှိရာ မတူဂီချောင်းရေအားလျှပ်စစ်ဖြင့် လေရှီးမြို့ မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်ဝင်း၊ Myanmar  Hydro  Power  Development   Co.Ltd မှ တာဝန်ခံ ဦးနေမျိုးဝင်းနှင့် မြို့မိမြို့ဖ ဦးကီးရှီးမားတို့က အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက အဆိုပါ မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက လေရှီးမြို့၊ မတူဂီချောင်း ရေအားလျှပ်စစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက            အမှာစကားပြောကြားပြီး ဦးနေမျိုးဝင်းက မတူဂီချောင်းရေအားလျှပ်စစ်စက်ရုံ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကာ မြို့မိမြို့ဖ ဦးခေါ်လာစောက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက်  Myanmar  Hydro  Power  Development   Co.Ltd မှ တာဝန်ခံ ဦးနေမျိုးဝင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦးထံ မတူဂီချောင်းရေအားလျှပ်စစ်စက်ရုံနှင့် ပတ်သက်သော စာရွက် စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။၂

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက နာဂရိုးရာ အကအဖွဲ့များနှင့် ဘင်ခရာ/ပန်းပွား အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မတူဂီချောင်း ရေအားလျှပ်စစ် စက်ရုံသို့ ရောက်ရှိရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရှီးသီးက ရေအားလျှပ်စစ်စက်ရုံ ကဗ္မည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ရေအားလျှပ်စစ် စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင် (၂)ထပ် အဆောက်အဦ ဆောက်လုပ်နေမှုနှင့် အဆောက်အဦများ ကြံ့ခိုင်မှု တို့အား လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး နာဂရိုးရာ အကအဖွဲ့များအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

မုံရွာမြို့နယ် ထီးတော်တင်ကျေးရွာတွင် အိမ်သုံးဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများပေးအပ်

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့ပြနှင့်ကျေးလက် လူမှုစီးပွား ဘဝကွာဟမှု ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မရိုးတောကျေးရွာအုပ်စု၊ ထီးတော်တင်ကျေးရွာတွင် ဇန်နဝါရီ(၁၄)ရက်နေ့က ကျေးရွာအရောက် ဆိုလာမီးများ သွားရောက်တပ်ဆင်ပေးခဲ့သည်။

             ထို့နောက် ထီးတော်တင်ကျေးရွာသို့ ငွေကျပ်(၈.၂၂၈)သန်း တန်ဖိုးရှိ ဆိုလာမီး (၄၄)စုံကို ကျေးရွာ ကိုယ်စားလှယ် များထံ ပေးအပ်ကာ ဆိုလာမီးများတပ်ဆင်အသုံးပြုနည်းများကို (Sky Dragon) ကုမ္ပဏီမှ လက်တွေ့ သရုပ်ပြ တပ်ဆင်ပေးသည်။

            ]] အခုလို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျနော်တို့ ကျေးရွာတွင် အိမ်သုံးဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ အိမ်တိုင်ရာရောက် တပ်ဆင်ပေးခဲ့သည့်အတွက် ချဉ်ပေါင်ဟင်း နှင့်အမြဲစားနေရသူကို ကြက်သားဟင်းတစ်ခွက် လာရောက်ပေးပို့လို့ ဝမ်းသာရသည့်နှယ် ခံစားရကြောင်း၊ မျက်စိမမြင်သူကို မျက်စိ အလင်းရောင် ရအောင်ပြုလုပ်ပေးသကဲ့သို့ ဝမ်းသာရပါကြောင်း }} ဒေသခံတစ်ဦးမှ ဝမ်းသာအားရ ပြောကြားခဲ့ပါသည်။

            အဆိုပါအခမ်းအနားသို့  မုံရွာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ချို၊ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စန်းစန်းမြင့်စိန်နှင့် ဝန်ထမ်းများ၊ (Sky Dragon) ကုမ္ပဏီမှ ဝန်ထမ်းများနှင့် ကျေးရွာသူ/သားများတက်ရောက်ခဲ့ကြသည်။

မုံရွာမြို့နယ် ထီးတော်တင်ကျေးရွာတွင် အိမ်သုံးဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများပေးအပ်

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့ပြနှင့်ကျေးလက် လူမှုစီးပွား ဘဝကွာဟမှု ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မရိုးတောကျေးရွာအုပ်စု၊ ထီးတော်တင်ကျေးရွာတွင် ဇန်နဝါရီ(၁၄)ရက်နေ့က ကျေးရွာအရောက် ဆိုလာမီးများ သွားရောက်တပ်ဆင်ပေးခဲ့သည်။

             ထို့နောက် ထီးတော်တင်ကျေးရွာသို့ ငွေကျပ်(၈.၂၂၈)သန်း တန်ဖိုးရှိ ဆိုလာမီး (၄၄)စုံကို ကျေးရွာ ကိုယ်စားလှယ် များထံ ပေးအပ်ကာ ဆိုလာမီးများတပ်ဆင်အသုံးပြုနည်းများကို (Sky Dragon) ကုမ္ပဏီမှ လက်တွေ့ သရုပ်ပြ တပ်ဆင်ပေးသည်။

            ]] အခုလို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျနော်တို့ ကျေးရွာတွင် အိမ်သုံးဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ အိမ်တိုင်ရာရောက် တပ်ဆင်ပေးခဲ့သည့်အတွက် ချဉ်ပေါင်ဟင်း နှင့်အမြဲစားနေရသူကို ကြက်သားဟင်းတစ်ခွက် လာရောက်ပေးပို့လို့ ဝမ်းသာရသည့်နှယ် ခံစားရကြောင်း၊ မျက်စိမမြင်သူကို မျက်စိ အလင်းရောင် ရအောင်ပြုလုပ်ပေးသကဲ့သို့ ဝမ်းသာရပါကြောင်း }} ဒေသခံတစ်ဦးမှ ဝမ်းသာအားရ ပြောကြားခဲ့ပါသည်။

            အဆိုပါအခမ်းအနားသို့  မုံရွာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ချို၊ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စန်းစန်းမြင့်စိန်နှင့် ဝန်ထမ်းများ၊ (Sky Dragon) ကုမ္ပဏီမှ ဝန်ထမ်းများနှင့် ကျေးရွာသူ/သားများတက်ရောက်ခဲ့ကြသည်။

Subcategories

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇