စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဘိုးဘွားရိပ်သာ၌ (၁.၁၀.၂၀၁၉) ရက်နေ့ (၁၀၀၀)နာရီအချိန်တွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ လွှတ်တော်ဥက္ကဌ ဦးသန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးစီအား (၁)သိန်းကျပ်စီ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင် (၅)သောင်းကျပ်စီဖြင့် စုစုပေါင်း ကျပ် (၁)သိန်းခွဲစီဖြင့် လည်းကောင်း၊ ရွှေဘိုမြို့၊ သီရိမင်္ဂလာ ဘိုးဘွားရိပ်သာအတွက် အလှူငွေကျပ် (၅၁ဝဝဝဝိ/-)၊ မုံရွာမြို့၊ ဘိုးဘွားရိပ်သာအတွက် အလှူငွေကျပ် (၁၂၅ဝဝဝဝိ/-)၊ စစ်ကိုင်းမြို့၊ ရွာထောင်ဘိုးဘွား ရိပ်သာအတွက် အလှူငွေကျပ် (၆၆ဝဝဝဝိ/-)၊ ကောလင်းမြို့၊ စံတော်သာ ဘိုးဘွားရိပ်သာ အတွက်အလှူငွေကျပ် (၃၆ဝဝဝဝိ/-)၊ ကသာမြို့၊ မင်းပြည်သူ ဘိုးဘွားရိပ်သာအတွက် အလှူငွေကျပ် (၄ဝဝဝဝဝိ/-)အား လည်ကောင်း လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတွင် ကန်တော့ခံ ဘိုးဘွား(၅၀)ဦးအား အာဟာရကျွေးမွေးခြင်း၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ပြီးနောက် တက်ရောက်လာကြသော ဧည့်သည်တော်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

1-10-2019 sgg 0011-10-2019 sgg 0021-10-2019 sgg 0031-10-2019 sgg 0041-10-2019 sgg 0051-10-2019 sgg 0061-10-2019 sgg 0071-10-2019 sgg 0081-10-2019 sgg 0091-10-2019 sgg 0101-10-2019 sgg 011

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု (Aerobic & Myanmar Fitness Dance)ပြိုင်ပွဲ အခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု (Aerobic & Myanmar Fitness Dance) ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မုံရွာမြို့ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားကို (၂၈.၉.၂၀၁၉)ရက်နေ့ နံနက်(၀၉၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး ဉပဒေချုပ် ဉီးခင်မောင်လှနှင့်ဇနီး တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်များမှ အားကစားသမားများ တက်ရောက်ကာ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ပါသည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၃၀.၉.၂၀၁၉)ရက်နေ့ နံနက်(၀၉၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီး ဉပဒေချုပ် ဉီးခင်မောင်လှနှင့်ဇနီး၊ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၏ဇနီး၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်များမှ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဆုရရှိသူများ တက်ရောက်ခဲ့ကြပြီး အငယ်တန်း (၉)ယောက်တွဲ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ကြသော ပြိုင်ပွဲဝင် အားကစားသမားများအား လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၏ ဇနီးမှလည်းကောင်း၊ အကြီးတန်း (၉)ယောက်တွဲ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိ ခဲ့ကြသော ပြိုင်ပွဲဝင် အားကစားသမားများအား ဥပဒေချုပ်၏ ဇနီးမှလည်းကောင်း၊ (၃) ယောက်တွဲ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ကြသော ပြိုင်ပွဲဝင် အားကစားသမားများအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဉီးညွှန့်အောင်မှလည်းကောင်း၊ တစ်ဉီးချင်း စိတ်ကြိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ကြသော ပြိုင်ပွဲဝင် အားကစားသမားများအား တိုင်းဒေသကြီး ဉပဒေချုပ်မှလည်းကောင်း၊ Aerobic & Myanmar Fitness Dance ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ကြသော ပြိုင်ပွဲဝင် အားကစားသမားများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်တင့်တင် (ခ) ဒေါ်ခြူးခြူးမှ လည်းကောင်း၊ စွယ်စုံတံခွန်စိုက်ဖလား ရရှိသော မုံရွာခရိုင်အသင်းအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ကာ မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

30-9-2019 sgg 00130-9-2019 sgg 00230-9-2019 sgg 00330-9-2019 sgg 00430-9-2019 sgg 00530-9-2019 sgg 00630-9-2019 sgg 00730-9-2019 sgg 00830-9-2019 sgg 00930-9-2019 sgg 01030-9-2019 sgg 01130-9-2019 sgg 01230-9-2019 sgg 01330-9-2019 sgg 01430-9-2019 sgg 01530-9-2019 sgg 01630-9-2019 sgg 01730-9-2019 sgg 01830-9-2019 sgg 01930-9-2019 sgg 02030-9-2019 sgg 02130-9-2019 sgg 02230-9-2019 sgg 02330-9-2019 sgg 02430-9-2019 sgg 02530-9-2019 sgg 026

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဦးမြင့်ကြည့်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီခွဲက မုံရွာမြို့ပေါ်ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့သည် မုံရွာမြို့ ရုံကြီးရပ်ကွက် သာလ္လာဝတီ ဆိပ်ကမ်းနားလမ်းတွင် ကန်သာယာ မြစ်ရေတင်စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ကန်သာယာကန်အတွင်း ရေသွင်းနေမှု အခြေအနေနှင့် ကန်သာယာကန် အဆင့်မြင့်တင်ခြင်းလုပ်ငန်း အပြီးသတ်ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

ဆက်လက်ပြီး မုံရွာမြို့ ရတနာပုံရပ်ကွက်(၂)ရှိ အမှတ် (၁၃) အခြေခံပညာ မူလတန်းလွန်ကျောင်း အာစီ ၂ ထပ် (၁၈၄'×၁၆၈')ပေ ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့သည်။

27-9-2019 sgg 00127-9-2019 sgg 00227-9-2019 sgg 00327-9-2019 sgg 00427-9-2019 sgg 00527-9-2019 sgg 006

မုံရွာ- ယာကြီး- ကလေးဝလမ်း (ကနီမြို့နယ်အပိုင်း) လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းလမ်းအူကြောင်း အသစ်တွင် ပါဝင်သည့် လယ်/ယာမြေများအတွက် မြေယာလျော်ကြေး ပေးအပ်ပွဲအခမ်းအနားသို့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးသန်းညွန့်ဝင်း၊ ကနီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဦးထွန်းထွန်းနိုင်၊ ကနီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဦးရွှေဌေး၊ တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးအောင်သီဟ၊ ယင်းမာပင်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဦးထွန်းထွန်းနိုင်၊ ကနီမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိုက်စိုးထွန်း၊ ယင်းမာပင်ခရိုင်မှ တာဝန်ရှိသူများနှင့် ကနီမြို့နယ်မှ တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်၊ နေ့လယ် (၁၄ဝဝ)နာရီ အချိန်တွင် ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုင်ငံတကာ ဆက်သွယ်ရေး လမ်းမကြီးဖြစ်သည့် မုံရွာ- ယာကြီး- ကလေးဝလမ်း (ကနီမြို့နယ်အပိုင်း) လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းလမ်းအူကြောင်း အသစ်တွင်ပါဝင်သည့် လယ်ယာမြေများအတွက် မြေယာလျော်ကြေး ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးသန်းညွန့်ဝင်းမှ လယ်ယာမြေပိုင်ရှင် (၁၅၈)ဦးအတွက် နစ်နာကြေး လယ်(၁၂.၄)ဧက၊ ယာ(၂၇.၆၁) ဧကအတွက် စုစုပေါင်း (၁၃၂.၄၃)သန်း ပေးလျော်ရမည့်အနက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပထမအကြိမ်အဖြစ် လျော်ကြေးငွေကျပ် (၇၆.၄၁၆)သန်းအား ပေးလျော်ခဲ့ပြီး ပေးလျော်ရန်ကျန်ရှိသည့် မြေယာလျော်ကြေး (၅၇.၀၁၄)သန်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေရရှိပါက အမြန်ဆုံး ပေးလျော်သွားမည်ဖြစ်ပါကြောင်း၊ ယခုဖောက်လုပ်နေသည့် မုံရွာ-ယာကြီး-ကလေးဝလမ်းမှာ အိန္ဒိယ-မြန်မာ-ထိုင်းနိုင်ငံ(၃)ခု ဆက်သွယ်ရေး လမ်းမကြီးဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေပြီး ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်တို့မှ အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ်ကာ ဒေသအကျိုး၊ နိုင်ငံ့အကျိုးအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည့် လမ်းမကြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

26-9-2019 sgg 00126-9-2019 sgg 00226-9-2019 sgg 00326-9-2019 sgg 00426-9-2019 sgg 00526-9-2019 sgg 00626-9-2019 sgg 00726-9-2019 sgg 00826-9-2019 sgg 00926-9-2019 sgg 010

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး (၂၀၅)ကြိမ်မြောက် ရွှေဘိုမြို့ မော်ဓောမြင်သာ မြို့ဒေါင့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီးဒေါ်တင့်တင့်(ခ) ဒေါ်ချူးချူးသည် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ရွှေဘိုမြို့ အမှတ်(၁) ရပ်ကွက်တွင် ကျင်းပပြုလုပ်သော (၂၀၅)ကြိမ်မြောက် ရွှေဘိုမြို့ မော်ဓောမြင်သာ မြို့ဒေါင့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးမျိုးမောင်၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြပါသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က လှေပြိုင်ပွဲ ဖွင့်ပွဲနေရာတွင် လှေခင်းသဘင်ဖြင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲနှင့် လှေပြိုင်ပွဲ အထိမ်းအမှတ်အဖြစ် ဇီဝိတဒါနငါးများကို တာဝန်ရှိသူတို့နှင့်အတူ ကျုံးအတွင်းသို့ လွှတ်ပေးခဲ့ကြသည်။

ယင်းနောက် ရွှေဘိုမြို့ ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော (၂၀၅)ကြိမ်မြောက် ရွှေဘိုမြို့ မောဓောမြင်သာ မြို့ဒေါင့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ လှေခင်းသဘင်ပွဲနှင့် ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်

ဆက်လက်၍ လှေခင်းသဘင် အခမ်းအနားဖြင့် ဧည့်ခံဖျော်ဖြေခြင်းနှင့် လှေပြိုင်ပွဲ ကျင်းပမှုတို့အား တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များနှင့်အတူ ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ခဲ့ပါသည်။

24-9-2019 sgg 00124-9-2019 sgg 00224-9-2019 sgg 00324-9-2019 sgg 00524-9-2019 sgg 00624-9-2019 sgg 00724-9-2019 sgg 00824-9-2019 sgg 00924-9-2019 sgg 01024-9-2019 sgg 01124-9-2019 sgg 01224-9-2019 sgg 013

ဆားတောင်မြို့အတွင်း ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့သို့ ရောက်ရှိပြီး ဆားတောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှု စစ်ဆေးခဲ့ကာ သတ်မှတ်ချိန်အတွင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဆားတောင်မြို့ ရေပေးဝေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် NEP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဆည်လေးတောရွာ လျှပ်စစ်မီးရရှိသည့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

 

23-9-2019 sgg 01523-9-2019 sgg 01623-9-2019 sgg 01723-9-2019 sgg 01823-9-2019 sgg 01923-9-2019 sgg 02023-9-2019 sgg 02123-9-2019 sgg 02223-9-2019 sgg 023

၂၀၁၉ ခုနှစ်၊ (၁၃၈၁)ခုနှစ် (၁၂၅)ကြိမ်မြောက် ဆုတောင်းပြည့် မြတ်စွာဘုရားကြီး မြသပိတ်စာရေးတံ ဆွမ်းလုံးပွဲတော်ကြီး အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်

၂၀၁၉ ခုနှစ်၊ (၁၃၈၁)ခုနှစ် (၁၂၅)ကြိမ်မြောက် ဆုတောင်းပြည့် မြတ်စွာဘုရားကြီး မြသပိတ်စာရေးတံ ဆွမ်းလုံးပွဲတော်ကြီးကို (၂၃.၉.၂၀၁၉)ရက်နေ့တွင် မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ၊ တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ/ ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ဖများ၊ ဆွမ်းလုံးအလှူရှင်များ၊ ဆုတောင်းပြည့် ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ရာ ဂေါပကအဖွဲ့ ဒုတိယဉက္ကဋ္ဌ ဦးကျော်ဌေးမှ ဆုတောင်းပြည့် ဘုရားကြီး ဆွမ်းလုံးဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းတင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ပထမဆုံး ဆွမ်းလုံးကုသိုလ်ရှင် စာရင်းအား စတင် မဲနှိုက်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းနောက် ဆုတောင်းပြည့်ဘုရား မြသပိတ်မဲကို မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် ပညာရောင်ခြည်ကျောင်းတိုက် တပည့်သာဝကများမှ လည်းကောင်း၊ ရွှေစည်းခုံဘုရား မြသပိတ်မဲကို ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ဆွမ်းလုံးအဖွဲ့မှလည်းကောင်း အသီးသီးမဲပေါက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ မြသပိတ်မဲပေါက်သည့် အသင်းအဖွဲ့များအား လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

23-9-2019 sgg 00123-9-2019 sgg 00223-9-2019 sgg 00323-9-2019 sgg 00423-9-2019 sgg 00523-9-2019 sgg 00623-9-2019 sgg 00723-9-2019 sgg 00823-9-2019 sgg 00923-9-2019 sgg 01023-9-2019 sgg 01123-9-2019 sgg 01223-9-2019 sgg 01323-9-2019 sgg 014

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon