စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

မုံရွာလူထု စက်ဘီးစီးပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ တက်ရောက်

(၁.၁၂.၂၀၁၉)ရက်နေ့တွင် မုံရွာလူထု စက်ဘီးစီးပွဲကို မုံရွာမြို့ပြည်သူ့ အားကစား ကွင်းမှ မိန်းလမ်းအတိုင်း ကျွဲရဲအဝိုင်း - ကျွဲရဲအဝိုင်းမှ တောင်ဘက် ကမ်းနားလမ်းအတိုင်း မြို့ပတ် လမ်းအထိ - မြို့ပတ်လမ်းမှ ဗိုလ်ချုပ်လမ်းအတိုင်း မြောက်သို့ ပြည်သူ့အားကစားကွင်းအထိ စုပေါင်း စီးနင်းခဲ့ရာ လူဉီးရေတစ်ထောင်ကျော် ပါဝင်စီးနင်းခဲ့ကြောင်း၊ အဆိုပါစက်ဘီးနင်းပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားကော်မတီဝင်များ တက်ရောက်ကာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ သေနတ်ပစ်ဖေါက်ပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။

၎င်းနောက် စက်ဘီး(၃)စီးအား ကံစမ်းမဲနှိုက် ဖောက်ပေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပေးအပ်သည့် စက်ဘီးကို မုံရွာတောင်ရပ်နေ ကိုရဲထွန်းမှ လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဌမှ ပေးအပ်သည့် စက်ဘီးကို ချမ်းမြသာစည် ရပ်နေ မောင်အာကာမင်းပြည့်ဖြိုးမှလည်းကောင်း၊ သိန်းလင်းစက်ဘီးဆိုင်မှ ပေးအပ်သော စက်ဘီးကို ဆူးလေကုန်းရပ်နေ မောင်ဇင်မင်းသန့်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီးမှလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြပါသည်။

အလားတူ ဒီဇင်ဘာ (၁၅)ရက်နှင့် (၂၉)ရက်နေ့များတွင် ကျင်းပမည့် စက်ဘီးစီးနင်းပွဲ တွင်လည်း စက်ဘီး(၃)စီးအား ယခုကဲ့သို့ ကံစမ်းမဲနှိုက်ချီးမြှင့်သွားမည် ဖြစ်ပါသည်။

1-12-2019 sgg 0011-12-2019 sgg 0021-12-2019 sgg 0031-12-2019 sgg 0041-12-2019 sgg 0051-12-2019 sgg 006

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း တက်ရောက်

တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဉီးစီးဌာနမှ မြန်မာ-အိန္ဒိယ (၂)နှစ်နိုင်ငံ ချစ်ကြည်ရေး အစီအစဉ်အရ အိန္ဒိယနိုင်ငံ၏ Ball Badminton အားကစားနည်းဖြစ်သည့် သင်တန်းအား အိန္ဒိယနိုင်ငံဘက်မှ သင်တန်းနည်းပြဆရာ (၂)ဉီးမှ (၁၅.၁၁.၂၀၁၉) ရက်နေ့မှ (၇.၁၁.၂၀၁၉) ရက်နေ့အထိ မုံရွာမြို့၊ မြသလ္လာတင်းနစ်ကလပ်တွင် တာဝန်ယူပို့ချမည်ဖြစ်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၅.၁၁.၂၀၁၉)ရက်နေ့ နံနက်(၀၉၀၀) နာရီအချိန် မုံရွာမြို့၊ မြသလ္လာတင်းနစ်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အိနိ္ဒယနိုင်ငံ မဏိပူရ်ပြည်နယ်မှ Ball Badminton အဖွဲ့ချုပ်အတွင်းရေးမှူး Shri YAJA RAO.၊ တိုင်းဒေသကြီး အားကစားကော်မတီ ဉက္ကဌနှင့်အဖွဲ့ဝင်များ၊ တင်းနစ်သင်တန်းသားများ အားကစားသမားများ တက်ရောက်ကာ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် အိနိ္ဒယနိုင်ငံ မဏိပူရ်ပြည်နယ်မှ Ball Badminton အဖွဲ့ချုပ် အတွင်းရေးမှူး Shri YAJA RAO. Secretory general Ball Badminton Federation Of Asia သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းသား/သူ အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

15-11-2019 sgg 01015-11-2019 sgg 01115-11-2019 sgg 01215-11-2019 sgg 01315-11-2019 sgg 01415-11-2019 sgg 01515-11-2019 sgg 01615-11-2019 sgg 01715-11-2019 sgg 01815-11-2019 sgg 01915-11-2019 sgg 020

အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ တက်ရောက်

၂၀၁၉ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို (၁၄.၁၁.၂၀၁၉)ရက်နေ့မှ (၂၃.၁၁.၂၀၁၉) ရက်နေ့အထိ မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို (၁၄.၁၁.၂၀၁၉)ရက်နေ့ ညနေ(၁၅၃၀) နာရီ အချိန်တွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ခရိုင်အလိုက် အားကစားသမားများအား လိုက်လံနှုတ်ဆက်ပြီး ဖွင့်ပွဲအခမ်းအနားတွင် မော်လိုက်ခရိုင်နှင့် ကသာခရိုင်တို့၏ ယှဉ်ပြိုင်ကစားမှုအား အားပေးကြည့်ရှု့ခဲ့ပါသည်။

15-11-2019 sgg 00115-11-2019 sgg 00215-11-2019 sgg 00315-11-2019 sgg 00415-11-2019 sgg 00515-11-2019 sgg 00615-11-2019 sgg 00715-11-2019 sgg 00815-11-2019 sgg 009

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူးကြီး၊ မုံရွာခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများနှင့်အတူ နိုဝင်ဘာ ၁၄ ရက်၊ နံနက်၉နာရီအချိန်က မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ဇက်ဆိပ်သွားရာ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်း ခင်းနေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လမ်းအမြန်ပြီးစီးရေး သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများ ပေါင်းစပ်ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး မုံရွာမြို့ရှောင်လမ်းသို့ ရောက်ရှိကာ ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးရေး၊ စံချိန်စံညွှန်း ပြည့်မီရေးတို့ကို အလေးထား ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

14-11-2019 sgg 00114-11-2019 sgg 00214-11-2019 sgg 00314-11-2019 sgg 00414-11-2019 sgg 00514-11-2019 sgg 00614-11-2019 sgg 007

စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတက်ရောက်

၁၃၈၁ ခုနှစ်၊ (၂၀၁၉ ခုနှစ်) စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို (၇.၁၁.၂၀၁၉)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန်တွင် မုံရွာမြို့ မုံရွာတောင်ရပ်ကွက်ရှိ သထုံဝံသ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ ဉီးသန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဉီးမြင့်ကြည်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး ဉပဒေချုပ် ဉီးခင်မောင်လှ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဉီးစိုးလွင်၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်မွှေးမွှေးခင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို “နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ မုံရွာမြို့ ဓမ္မပါရဂူ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တအရိယာလင်္ကာရ အရှင်သူမြတ်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဆိုပူဇော်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်များမှ ကထိန်လျာ ဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ မုံရွာမြို့ သထုံဝံသကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တသုဒဿန အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူ၍ ပဒေသာပင်ပေါင်း(၇၄)ပင်၊ စုစုပေါင်းတန်ဘိုး ငွေကျပ်(၂၉၃.၁၄၇၆) သိန်းတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဆရာတော် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကာ အခမ်းအနားကို (၁၁၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

7-11-2019 sgg 0017-11-2019 sgg 0027-11-2019 sgg 0037-11-2019 sgg 0047-11-2019 sgg 0057-11-2019 sgg 0067-11-2019 sgg 0077-11-2019 sgg 0087-11-2019 sgg 0097-11-2019 sgg 0107-11-2019 sgg 0117-11-2019 sgg 0127-11-2019 sgg 0137-11-2019 sgg 0147-11-2019 sgg 0157-11-2019 sgg 0167-11-2019 sgg 0177-11-2019 sgg 0187-11-2019 sgg 0197-11-2019 sgg 0207-11-2019 sgg 0217-11-2019 sgg 0227-11-2019 sgg 0237-11-2019 sgg 0247-11-2019 sgg 025

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ သြဝါဒခံယူပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

၂၀၁၉-၂၀၂၀ပညာသင်နှစ်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ပထမနှစ်)သင်တန်းသို့ တက်ရောက်မည့် ကျောင်းသား/သူများမှ ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို (၄.၁၁.၂၀၁၉)ရက်နေ့ (၁၀၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ပထမနှစ်)သင်တန်းသို့ တက်ရောက်မည့် ကျောင်းသား/သူ (၅၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို အစီအစဉ်(၅)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်မှ သင်တန်း တက်ရောက်ကြမည့် ကျောင်းသား/သူများအား ဩဝါဒစကား ပြောကြားခြင်း၊ ကျောင်းသား/သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ ကျောင်းသား/သူများကိုယ်စား ကျောင်းသား(၁)ဦးမှ ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ပထမနှစ်)သင်တန်းသို့ တက်ရောက်မည့် ကျောင်းသား/သူ (၅၅)ဦးအား (၁)ဦးလျှင် (၂ဝဝဝဝိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၁ဝဝဝဝဝိ/-)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

4-11-2019 sgg 0014-11-2019 sgg 0024-11-2019 sgg 0034-11-2019 sgg 0044-11-2019 sgg 006

မုံရွာမြို့ အုတ်ကန်တောရ ဆရာတော်ဘုရားကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်

မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက်၊ ပဓာနနာယကဆရာတော် ဘုရားကြီး၏ သက်တော်(၈၅)နှစ်ပြည့် ဝိဇာတမင်္ဂလာ ပူဇော်ပွဲနှင့် ဩဝါဒခံယူပွဲ အခမ်းအနားကို (၁.၁၁.၂၀၁၉)ရက်နေ့ နံနက် (၀၉၀၀)နာရီအချိန် မုံရွာမြို့ အုတ်ကန်တောရ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပင့်သံဃာဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို ကျောက်ပန်းတောင်း ခင်စိုးဉီးက ထူးမခြားနား သီချင်းဖြင့် သီဆိုပူဇော်ဖွင့်လှစ်ကာ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဓမ္မပါရဂူပါဠိ တက္ကသိုလ် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူ၍ သံဃာတော် အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်ခဲ့ပြီး ဒွါဒသမတိပိဋ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တအဘိဇာတာဘိဝံသ ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲသို့ သွားရောက် အားပေးခဲ့ပြီး သွေးလှူရှင်များအား အာဟာရမုန့်များ ပေးအပ်ခဲ့ကာ စုပေါင်းဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။

1-11-2019 sgg 0011-11-2019 sgg 0021-11-2019 sgg 0031-11-2019 sgg 0041-11-2019 sgg 0051-11-2019 sgg 0061-11-2019 sgg 0071-11-2019 sgg 0081-11-2019 sgg 0091-11-2019 sgg 0101-11-2019 sgg 0111-11-2019 sgg 0121-11-2019 sgg 0131-11-2019 sgg 0141-11-2019 sgg 0151-11-2019 sgg 0161-11-2019 sgg 0171-11-2019 sgg 018

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon