စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး ရွှေဘိုမြို့ ဂုဏ်ထူးဆောင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ခွဲ ဖွင့်ပွဲသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ဂုဏ်ထူးဆောင် တောင်သူလယ်သမား ဖွ့ံဖြိုးတိုးတက်ရေးဘဏ် (Glory Farmar's Development Bank) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၁၂) ရက် နံနက်(၉)နာရီက ရွှေဘိုမြို့ အမှတ်(၃)ရပ်ကွက် BOC မီးပွိုင့်အရှေ့ရှိ အဆိုပါ ဘဏ်ရှေ့မုဒ်ဦး၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးရေးဝန်ကြီး၊ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေး ကော်မတီဥက္ကဌ၊ ဂုဏ်ထူးဆောင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ဒုတိယဥက္ကဌ၊ ဒါရိုက်တာအဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးတို့က ရွှေဘိုမြို့ ဂုဏ်ထူးဆောင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ခွဲ (G-Bank)ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ အဆိုပါဘဏ်အဝင်တံခါးအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ဘဏ်အတွင်းသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။

12-9-2019 sgg 00312-9-2019 sgg 00412-9-2019 sgg 00512-9-2019 sgg 006

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တက်ရောက်

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကို ယနေ့ ၁၁-၉-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့လုပ်ငန်းကော်မတီ အနေဖြင့် လုပ်ငန်းတာဝန် (၁၅)ရပ်နှင့်အညီ လုပ်ငန်းကော်မတီများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ မှန်ကန်သည့် သတင်းအချက်အလက်များ ဖြစ်စေရေး   ဆောင်ရွက်ခြင်း၊   သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အလျင်အမြန် တုံ့ပြန်နိုင်ရေး ဆောင်ရွက်ခြင်း၊ ဘေးဒဏ်ခုခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိရေး ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများအလိုက် သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အခြေခံလိုအပ်သော အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းများသာမက ခေတ်မီနည်းပညာသုံး အသက်ကယ်ပစ္စည်းကိရိယာများ အသင့်ရှိရန် ဆောင်ရွက်လျှက်ရှိကြောင်း၊ စီမံချက်များ၊ စီမံကိန်းများရေးဆွဲ၍ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ ပညာရှင်များ၏ အကြံပြုချက်များ ရယူဆောင်ရွက်လျှက် ရှိပါကြောင်း၊ ပြည်သူများ၏ လှူဒါန်းမှုများကိုလည်း အလျင်အမြန် တု့ံပြန်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အကျိုးရှိစွာ သုံးစွဲလျှက်ရှိပါကြောင်း၊ မိမိတို့လုပ်ငန်း ကော်မတီများအနေဖြင့် အခြားလုပ်ငန်း ကော်မတီများနှင့်လည်း လုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျှက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု၊ အမျိုးသား ကော်မတီ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ရန်ပုံငွေများစနစ်တကျ သုံးစွဲနေမှု၊ ၂၀၁၈ ခုနှစ် ရေဘေးပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ယခုနှစ် ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုနှင့် ပြန်လည်ထူထောင်ရေးများ စတင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

12-9-2019 sgg 00112-9-2019 sgg 002

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသည် Myanmar Global Investment Forum သို့ တက်ရောက်

 

 

စစ်ကိုင်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့်အတူ (၁၀/၁၁-၉-၂၀၁၉) ရက်နေ့များတွင် နေပြည်တော် MICC-2 တွင် ကျင်းပပြုလုပ်သည့် Myanmar Global Investment Forum သို့ တက်ရောက်ခဲ့ပါသည်။

 

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံနိုင်သည့် စိုက်ပျိုးရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ အခြေခံအဆောက်အဦ တည်ရှိနေမှုနှင့် စက်မှုဇုံများရှိသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ပါကြောင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လိုအပ်သည်များ လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

 

11-9-2019 sgg 00111-9-2019 sgg 00211-9-2019 sgg 00311-9-2019 sgg 00411-9-2019 sgg 00511-9-2019 sgg 00611-9-2019 sgg 00711-9-2019 sgg 008

 


 

စစ်ကိုင်းတိုင်းဒေသကြီး အလံနှင့် Logo တံဆိပ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြော်ငြာခေါ်ယူခြင်း

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စားပြုအလံနှင့် Logo အမှတ် တံဆိပ်(၂)မျိုး အား အသစ်ပြန်လည် ရေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်လိုပါက စစ်ကိုင်းတိုင်းဒေသကြီး၏ ထင်ရှားသော အမှတ်အသားများ ပါဝင်သည့် တိုင်းဒေသကြီး ကိုယ်စားပြု အလံနှင့် Logo အမှတ်တံဆိပ်များအား အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကိုယ်တိုင်ရေးဆွဲ ထားရှိပါကြောင်း ဝန်ခံချက်နှင့်အတူ Hard Copy (၃)စုံ / Soft Copy တို့နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လူမှုရေးဝန်ကြီး ဌာနသို့ (၁.၉.၂၀၁၉)ရက်နေ့မှ (၂၀.၉.၂၀၁၉)ရက်နေ့ ရုံးချိန်အတွင်းပေးပို့ရန် ဖြစ်ပါသည်။ ရွေးချယ်ခြင်းခံရပါက တိုင်းဒေသကြီး ကိုယ်စားပြုအလံအတွက် ဆုငွေကျပ်(၅)သိန်း၊ Logo အတွက် ငွေကျပ်(၅)သိန်း ချီးမြှင့်မည် ဖြစ်ပါသည်။

ဆက်သွယ်ရန်  

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၊ မုံရွာမြို့   071-2032773

ရုံးအဖွဲ့များ  09-420078454 ၊   09-400405091

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များသို့ တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ စစ်ကိုင်းတိုင်းဒေသကြီး (မုံရွာမြို့)မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များသို့ တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်များပေးအပ်ပွဲ အခမ်းအနားကို (၁၀.၉.၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ချင်း၊ နာဂ၊ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ပါသည်။

အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးမှ အမှာစကား ပြောကြားကာ ၎င်းနောက် ချင်း/ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးတို့မှ ချင်း၊ နာဂ၊ ရှမ်း ဗမာမျိုးနွယ်စုဝင်များ ဖြစ်သည့်ကဒူး စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီဉက္ကဌများ ထံသို့ ပုံပြနှင့်ပုံပြင်စာအုပ်များ ပေးအပ်ခဲ့ပြီး ကိုယ်စားလှယ်တစ်ဉီးစီမှ ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်း၊ တက်ရောက်လာသည့် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တင်ပြဆွေးနွေးခဲ့ကြပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

10-9-2019 sgg 00110-9-2019 sgg 00210-9-2019 sgg 00310-9-2019 sgg 00410-9-2019 sgg 00510-9-2019 sgg 00610-9-2019 sgg 007

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၅)မြို့နယ်တွင် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

၂၀၁၉-၂၀၂ဝပညာသင်နှစ် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ်တွင် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို (၉.၉.၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀) နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဌနှင့် ဒုတိယဉက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားကာ မုံရွာ၊ တန့်ဆည်၊ ဆားလင်းကြီး၊ ကောလင်းနှင့် ကလေးမြို့နယ်တို့မှ ကျောင်းပြင်ပ ပညာရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား မြို့နယ်အလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ကျောင်းပြင်ပ ပညာသင်ကြားနေသော ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

9-9-2019 sgg 0069-9-2019 sgg 0079-9-2019 sgg 0089-9-2019 sgg 0099-9-2019 sgg 0109-9-2019 sgg 0129-9-2019 sgg 0139-9-2019 sgg 014

(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်သည် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ (၅၅)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၉-၉-၂၀၁၉)ရက်နေ့ (၀၇၀၀)အချိန်မှ (၁၀၀၀)အချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်လေးစိုး ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲ၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်တို့မှ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း၊ လူကုန်တား၊ သတင်း၊ မူးယစ်တို့မှ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း (၁၇၀)ဦးတို့သည် မုံရွာမြို့ ပြည်သူ့ ဆေးရုံကြီးနှင့် အမျိုးသမီးဆေးရုံတို့တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

ဆက်လက်ပြီး စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို နံနက်(၀၇၀၀) အချိန်တွင် မုံရွာပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ခဲ့ရာ မုံရွာမြို့၊ ပြည်သူ့ဆေးရုံမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ မာမာအေးမှ သွေးလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး သိကောင်းစရာ များကို ရှင်းလင်း၍ ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။

ထို့နောက်သွေးလှူဒါန်းရန် သတ်မှတ်ချက်နှင့်ကိုက်ညီသူ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း(၅၈)ဦး သွေးလှူဒါန်းနေမှုများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်လေးစိုးနှင့် တာဝန်ရှိသူများ၊ မုံရွာမြို့ပြည်သူ့ဆေးရုံမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါ်မာမာအေးတို့က လိုက်လံ ကြည့်ရှု၍ ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြပြီး သွေးလှူဒါန်းသူတစ်ဦးလျှင် ကြက်ဥ(၁၀)လုံးနှင့် နွားနို့များကိုလည်းကောင်း၊ အားဆေးများ၊ အအေးမျိုးစုံနှင့် စားစရာမျိုးစုံတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

9-9-2019 sgg 0019-9-2019 sgg 0029-9-2019 sgg 0039-9-2019 sgg 0049-9-2019 sgg 005

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon