စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတ္တမအကြိမ် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဌ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင် ဦးဆောင်၍ သတ္တမအကြိမ် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၃၀ ရက်၊ နေ့လယ် (၁)နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဌဗိုလ်မှူးကြီး သန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး         လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး ရဲမှူးအောင်လွင်က သတ္တမအကြိမ် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး စီမံချက်အား Power Pointဖြင့် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ဝင်များက သက်ဆိုင်ရာ ဌာနများအလိုက် အသီးသီး တင်ပြဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဌက အမေရိကန်နိုင်ငံမှ ထုတ်ပြန်သည့် အစီရင်ခံစာအပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အချက်များအား ချပြရှင်းလင်းခဲ့ပြီး သက်ဆိုင်ရာ ဌာနများအလိုက် အသီးသီးတင်ပြ ဆွေးနွေးမှုများအပေါ် ထပ်မံဖြည့်စွက် ရှင်းလင်းကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးမှ သတ္တမအကြိမ် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်း တို့ကာကွယ် ”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲများကို စက်တင်ဘာ ၃ ရက်နေ့ အ.ထ.က(၂) မုံရွာတွင် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ များမှလည်းကောင်း၊ စက်တင်ဘာ ၄ ရက်နေ့၌ မုံရွာတက္ကသိုလ်တွင် တက္ကသိုလ်အဆင့် ကျောင်းသားကျောင်းသူ များမှလည်းကောင်း အသီးသီးဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး သက်ဆိုင်ရာအဆင့်အလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ်ဆု (၅)စုစီတို့ကို တာဝန်ရှိသူများက လာမည့်စက်တင်ဘာ ၁၃ ရက်နေ့တွင်ကျရောက်မည့် သတ္တမအကြိမ် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ကာ စာစီစာကုံး ထူးချွန်ဆုများကို အသီးသီး ပေးအပ်သွားမည်ဖြစ်ပါသည်။

30-8-2019 sgg 00630-8-2019 sgg 007

ယင်းမာပင်မြို့၌ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၃၆)၊ အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ် (၄၀) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ယင်းမာပင်မြို့၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၆)၊ အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ် (၄၀) သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ် ၃၀ ရက်၊ နံနက် (၉)နာရီက အဆိုပါ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး အဆင့်မြင့် စက်ချုပ်သင်တန်းတွင် ရေဦးမြို့နယ် တင်းတိမ်ရံရွာမှ ထူးချွန်ဆုရရှိသူ မစုဝေဖြိုးနှင့် အခြေခံအိမ်တွင်းမှု သင်တန်းတွင် မိုးညင်းမြို့ ကျောက်စရစ်ကုန်းရွာမှ ထူးချွန်ဆုရရှိသူ မချယ်ရီစိန်တို့အား အပ်ချုပ်စက်တစ်လုံးစီ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ယင်းမာပင်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးထွန်းထွန်းနိုင်ကိုယ်စား ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်က သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူသည်။

ထို့နောက် ယင်းမာပင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့စုမှူး ဦးမင်းဇော်နိုင်က ကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း (အခြေခံ)သင်တန်း၌ ဖောင်းပြင်မြို့နယ် အင်ကြင်းပင်ကျေးရွာမှ ထူးချွန်ဆုရရှိသူ မချစ်ချစ်ထွေးအား အမှတ်တရဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းဆင်း သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်သည် အဆိုပါသင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့အစည်းများမှ တာဝန်ရှိသူများက သင်တန်းဆင်း သင်တန်းသူများ၏ ခင်းကျင်းပြသထားသော အဝတ်အထည်မျိုးစုံနှင့် စားသောက်ဖွယ်ရာ မျိုးစုံတို့၏ လက်ရာများကို ကြည့်ရှုအားပေးခဲ့ပါသည်။

30-8-2019 sgg 00130-8-2019 sgg 00230-8-2019 sgg 00330-8-2019 sgg 00430-8-2019 sgg 005

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၇/၂၀၁၉) ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အမှတ်စဉ်(၇/၂၀၁၉) အစည်းအဝေးကို (၂၉-၈-၂၀၁၉)ရက်နေ့ (၁၄၀၀)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ အစည်းအဝေး သဘာပတိအဖြစ် တာဝန်ယူခဲ့ပါသည်။

အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသည့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကောင်း (၁)ခုအား အတည်ပြုမိန့် ထုတ်ပေးနိုင်ရေး ဆုံးဖြတ်ခဲ့ပါသည်။

ဘိလပ်မြေထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း (၁)ခု၊ သစ်ပါးလွှာအထပ်သားနှင့် သစ်အချောထည်လုပ်ငန်း (၁)ခုတို့အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။

29-8-2019 sgg 00129-8-2019 sgg 00229-8-2019 sgg 00329-8-2019 sgg 00429-8-2019 sgg 00529-8-2019 sgg 00629-8-2019 sgg 00729-8-2019 sgg 00829-8-2019 sgg 00929-8-2019 sgg 010

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကျောက်မျက်ရတနာ အချောထည်နှင့် ကျောက်စိမ်းတွဲများ ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် သြဂုတ်လ (၂၇)ရက်နေ့ နံနက်(၀၉၀၀)အချိန်တွင် စစ်ကိုင်းမြို့၌ ကျင်းပပြုလုပ်သော ကျောက်မျက်ရတနာ အချောထည်နှင့် ကျောက်စိမ်းတွဲများ ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြပွဲတွင် ခင်းကျင်းပြသထားသော ကျောက်စိမ်းတွဲများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

27-8-2019 sgg 00127-8-2019 sgg 00227-8-2019 sgg 00327-8-2019 sgg 004

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် စစ်ကိုင်းမြို့ ရွှေမင်းဝံစျေးသစ်ကြီးဖွင့်ပွဲ အခမ်းအနားနှင့် အစိုးရနည်းပညာကောလိပ် (ရွှေဘို) ကျောင်းသားဆောင် အိပ်ဆောင်သစ် ပန္နက်တင် အခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် သြဂုတ်လ ၂၅ရက် နံနက် (၀၈၀၀)အချိန်တွင် စစ်ကိုင်းမြို့ ရွှေမင်းဝံစျေးသစ်ကြီး ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း နံနက် (၁၁၀၀) အချိန်တွင် အစိုးရနည်းပညာကောလိပ် (ရွှေဘို) ကျောင်းသားဆောင် (၂၁၁ × ၇၀ )ပေ RCC (၄)ထပ်ဆောက်လုပ်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ လည်းကောင်း တက်ရောက်ခဲ့ပါသည်။

25-8-2019 sgg 00125-8-2019 sgg 00225-8-2019 sgg 00325-8-2019 sgg 00425-8-2019 sgg 00625-8-2019 sgg 00725-8-2019 sgg 00825-8-2019 sgg 00925-8-2019 sgg 01025-8-2019 sgg 01125-8-2019 sgg 01225-8-2019 sgg 01325-8-2019 sgg 01425-8-2019 sgg 015

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သည် ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှ တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသော အလုပ်သမား(၁၁)ဦးအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့ (၁၃၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှ တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသော အလုပ်သမား(၁၁)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအခမ်းအနားသို့ တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီးလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသည့် မင်းကင်းမြို့နယ်မှ အလုပ်သမား(၁၁)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေး ဝန်ကြီးတို့မှ အားပေးစကားပြောကြားခြင်း၊ အလုပ်သမားများက ၎င်းတို့တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို တင်ပြပြီး ကူညီကယ်တင်ခဲ့သဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ( ၁ )ဦးလျှင် ကျပ် ( ၁ )သိန်းနှုန်းဖြင့် စုစုပေါင်းကျပ်( ၁၁ )သိန်းနှင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ၎င်းအလုပ်သမား( ၁၁ )ဦးအား မင်းကင်းမြို့နယ်သို့ ပြန်လည်ပို့ဆောင်ပေး၍ မင်းကင်းမြို့နယ် စီမံခန့်ခွဲရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ မိဘများထံ ပြန်လည်အပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိဘပြည်သူများအနေဖြင့် ပြည်ပနိုင်ငံများ၌ အလုပ်သွားရောက်လုပ်ကိုင်ပြီး ပြန်လာရန် အခက်အခဲရှိသော ပြည်သူများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

23-8-2019 sgg 01323-8-2019 sgg 01423-8-2019 sgg 01523-8-2019 sgg 01623-8-2019 sgg 01723-8-2019 sgg 018

မွန်ပြည်နယ်ရေဘေးသင့် ပြည်သူများအတွက် အလှူခံရရှိငွေများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် မုံရွာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများမှ စုပေါင်း၍ အလှူခံကောက်ခံရရှိငွေကျပ် (၆၇၁၀၃၀၀)နှင့် အဝတ်အထည်များကို မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသို့ (၂၂.၈.၂၀၁၉)ရက်နေ့ ညနေ(၁၅၀၀)နာရီ အချိန်တွင် လာရောက်လှူဒါန်းခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ မုံရွာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာသူရဉီး၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ပြီး ကောက်ခံရရှိငွေကျပ်(၆၇၁၀၃ဝဝိ/-)နှင့် အဝတ်အထည် ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

23-8-2019 sgg 00123-8-2019 sgg 00223-8-2019 sgg 00323-8-2019 sgg 00423-8-2019 sgg 00523-8-2019 sgg 00623-8-2019 sgg 00723-8-2019 sgg 00823-8-2019 sgg 00923-8-2019 sgg 012

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon