စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး မုံရွာခရိုင်၊ အရာတော်မြို့နယ် မူးမြစ်ကူး သလဲဘာ-ကျောက်ကုန်း တံတား ပန္နက်တော် မင်္ဂလာအခမ်းအနား တက်ရောက်

မုံရွာခရိုင်၊ အရာတော်မြို့နယ်မူးမြစ်ကူး သလဲဘာ-ကျောက်ကုန်း တံတား

ပန္နက်တော် မင်္ဂလာအခမ်းအနား တက်ရောက်

မုံရွာ၊   မေ (၂၂)

            စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လိုက်ပါလျှက်၊ မေလ(၂၁)ရက် နံနက်ပိုင်းတွင် မုံရွာခရိုင်၊ အရာတော် မြို့နယ်၊ သလဲဘာ-ကျောက်ကုန်း မူးမြစ်ကူးတံတား   ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက် ကြသည်။

            ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားအားဖွင့်လှစ်ကြပြီး အမရပူရ မြို့နယ်၊ မဟာဂနရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ က္ကန္ဒောဘာသဘိဝံသ ထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဧည့်ပရိတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ် သရဇ္ဈာယ် ချီးမြင့်တော်မူကြသည်။

            ထို့နောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့်   တာဝန်ရှိသူများက လှူဘွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး မန္တလေးတိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ဥက္ကဌ မဟာမြိုင်ဆရာတော် ဘဒ္ဒန္တသဇနသာရထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် ဧည့်ပရိတ်များ က အနုမောဒနာ တရားနာယူကြည်ညှိပြီး ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဒသာသနံ စိရံ တိဌတု(၃)ကြိမ်     ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

            ဆက်လက်ပြီး ပန္နက်တော်မင်္ဂလာအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး နှင့် တာဝန်ရှိသူများက ပန္နတော်တင်ပြုလုပ်မည့်နေရာများတွင် အသီးသီးနေရာယူကြပြီး မင်္ဂလာအချိန် ကျရောက်သည်နှင့် တစ်ပြိုင်နက် ပန္နက်တော် မင်္ဂလာပြုလုပ်ကြသည်။

            ယင်းနောက် ဆရာတော်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး နှင့်တာဝန်ရှိသူများက အမွှေးနံ့သာရေများ ပတ်ဖြန်းပေးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

            အဆိုပါ သလဲဘာ-ကျောက်ကုန်း မူးမြစ်ကူး တံတားသည် အရှည် (၆၀၀)ပေ   ယာဉ်သွားလမ်း အကျယ် (၂၀)ပေ၊ လူသွားလမ်းတဖတ်တချက်(၃)ပေရှိပြီး ကျေးလက် ဦးစီးဌာနရန်ပုံငွေဖြင့် တိုင်းဒေသကြီး လမ်းတံတားအထူးအဖွဲ့မှ တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

            ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အရာတော် မြို့နယ် မလဲသာ တိုက်နယ်ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံသို့ တက်ရောက်၍ ဆေးကုသမှု ခံယူနေကြသော လူနာများအား ကြည့်ရှုအားပေးကာ ဆေးသိုလှောင်ခန်း၊ ခွဲစိတ်ခန်းတို့အား ကြည့်ရှုစစ်ဆေးသည်။

            ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာ-စစ်ကိုင်းခရိုင်ချင်းဆက် လမ်းဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အရာတော် မြို့နယ် သပြေညွန့်ကျေးရွာ၊ သာယာကုန်း ကျေးရွာများသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ကျေးရွာအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် ဂျာနယ်/စာစောင်များ ထောက်ပံ့ပေးအပ် ကာ ကျေးရွာ၏ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး ရွှေဘိုခရိုင်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး ရွှေဘိုခရိုင်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

Slide1

                                                                                                                                  မုံရွာ   မေ(၂၀)

            စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျှက် မေလ(၁၉)ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင်၊ ဘုတလင်မြို့အခြေခံပညာအထက်တန်းကျောင်း၊ အေးရိပ်ဝေ ကျောင်းခန်းမဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ဒီပဲယင်း မြို့နယ်၊စိုင်ပြင်ကျေးရွာ၊ တိုက်နယ်ဆေးရုံ အဆောက်အဦသစ် ဆောက်လုပ်နေမှုနှင့် ရေဦးမြို့နယ်၊ မန်ကျီးကန် မျိုးသန့်စိုက်ခင်းသို့ ရောက်ရှိရာ ပုလဲသွယ်စပါးများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိသူနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

            ယင်းနောက် ကာဘိုးဆည် ရေဝင်ရောက်မှု အခြေအနေနှင့် မူးမြစ်ကူးတံတားတည်ဆောက်မည့် နေရာတို့အား ကြည့်ရှု့စစ်ဆေးပြီး ကန့်ဘလူခရိုင် အထွေထွေအုပ်ချု့ပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး အစည်းအဝေး ခန်းမတွင် ကန့်ဘလူခရိုင် ဖွင့်လှစ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးမျိုးလွင်က လုပ်ငန်းများဆောင်ရွက်ထားရှိမှုများအား တင်ပြကာ လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက် တင်ပြကြသည်။

            ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အသီးသီး တင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

            ထို့နောက် ကန့်ဘလူမြို့၊ ဘိုးဘွားရိပ်သာ တည်ဆောက်မည့် မြေနေရာနှင့် အိုးအိမ်ဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်မည့် တန်ဘိုးသင့် ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်မည့် မြေနေရာတို့အား လှည့်လည် ကြည့်ရှု့ စစ်ဆေးပြီး ရွှေဘိုမြို့၊ (၂၅)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ အဆောက်အဦသစ် တည်ဆောက် ပြီးစီးမှုတို့အား ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး ရွှေဘို-အုန်းတောလမ်းဘေးဝဲယာရှိ မိုးစပါးနှင့် နှမ်းများအောင်မြင်ဖြစ်ထွန်းနေမှုအား မော်တော်ကားဖြင့် ကြည့်ရှု့စစ်ဆေးခဲ့သည်။

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ သလဲဘာ - ကျောက်ကုန်း မူးမြစ်ကူးတံတား တည်ဆောက်မည့် နေရာအား ကြည့်ရှု့ စစ်ဆေးပြီး ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

            ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ဥက္ကဌ ဘဒ္ဒန္တ ဣဒ္ဓိဗလ ဆရာတော်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မေလ(၂၀)ရက်၊ နံနက်ပိုင်းတွင် မြောင်မြို့နယ်၊ ကျောက်နဂါးတောင် အင်ကြင်းစေတီတော် တည်ထားဆောက်လုပ်မည့်မြေနေရာနှင့် ကျောက်နဂါးတောင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး သန့်ရှင်းသာယာရေးတို့အား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

Slide2

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးအောင်က တိုင်းဒေသကြီး၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းတင်ပြသည်။

            ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီများအား နှစ်စဉ်စီမံကိန်းတာဝန်များကို အသီးသီးပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပသော တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌများ၊ ခရိုင်လမ်းဦးစီး ဌာန၊ လမ်း/တံတား အထူးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အမှာစကားပြောကြားပြီး တည်ဆောက်ရေးအဖွဲ့များ လမ်းအထူးအဖွဲ့များနှင့် ခရိုင်အဖွဲ့များမှ တာဝန်ရှိသူများက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ပုံငွေရရှိမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရန်ပုံငွေရရှိမှုနှင့် လုပ်ငန်းများဆောင်ရွက်ထား ရှိမှုအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

            ထို့နောက် တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့/ပြ)က လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ ဆွေးနွေးတင်ပြကြသည်။

            ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး တင်ပြချက်များအပေါ် ဆောက်လုပ်ရေး လမ်း/တံတား လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေး၊ စံချိန်စံညွှန်း အရည်အသွေးမီကောင်းမွန်စေရေးတို့အား တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိဂုံးချု့ပ်စကားပြောကြားကာအစည်းအပေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

မုံရွာမြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးအလုံအလောက်ရရှိရေး ထရန်စဖေါ်မာအသစ်တစ်လုံးပြောင်းလဲ တပ်ဆင်

မုံရွာမြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးအလုံအလောက်ရရှိရေး

ထရန်စဖေါ်မာအသစ်တစ်လုံးပြောင်းလဲ တပ်ဆင်လျက်ရှိ

 

e

 

မုံရွာ မေ ၂၁

 

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာဓါတ်အားခွဲရုံမှ မုံရွာမြို့အပြင်အရာတော်၊ ချောင်းဦး ဘုတလင်မြို့နယ်များသို့ ဖြန့်ဝေပေးလျက်ရှိရာ မုံရွာမြို့သို့ ဖြန့်ဝေပေးလျက်ရှိသော ထရန်စဖော်မာသည် မြို့လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ လျှပ်စစ်မီးအသုံးပြုမှုများပြား လာကာလုံလောက် မှုမရှိသဖြင့် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများသို့ အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိရာ မကြာခဏလျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ လျှပ်စစ်မီး လုံလောက်စွာရရှိရေး မူလတပ်ဆင်ထားသော 5MVA ထရန်စဖော်မာနေရာတွင် 10MVA ထရန်စဖော်မာသစ်တစ်လုံးကို ပြောင်းလဲတပ်ဆင်လျက်ရှိကြောင်း သိရသည်။

          10MVA ထရန်စဖော်မာသစ်တစ်လုံးတပ်ဆင်နေမှုနှင့်ပတ်သက်ပြီး `` မုံရွာမြို့မှာက နွေရာသီဆို အပူချိန်မြင့်တက်တဲ့အတွက် လျှပ်စစ်ဓါတ်အားသုံးစွဲမှုက မြင့်တက်တယ်၊ အဲဒိလို မြင့်တက်လာတဲ့အတွက်  လက်ရှိအသုံးပြုနေတဲ့ 5MVA ထရန်စဖော်မာနဲ့က လုံလောက်မှုမရှိတဲ့ အတွက် အလှည့်ကျပေးတဲ့စနစ်အရ လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်ပေါ်နေတယ်၊ အဲဒိလိုမီးပြတ် တောက်မှုတွေမဖြစ်ပေါ်စေဖို့အတွက် ၁ဝဠြဗ ထရန်စဖော်မာသစ်တစ်လုံးကို ပြောင်းလဲတပ်ဆင်ပြီး တိုးချဲ့ဖြန့်ဝေပေးသွားမှာပါ၊ အခုလက်ရှိမေလအတွင်းမှာ  မုံရွာမြို့ပေါ်မှာရှိတဲ့ နန္ဒဝန်ဓါတ်အားခွဲရုံမှ 3.7MW ၊ စက်မှုဇုန်ဓါတ်အားဖြန့်ဖြူးရေးမှာ 12MW ၊ မြို့ပေါ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး အတွက် 7.7MW နဲ့ ယခုနွေရာသီမှာ လျှပ်စစ်မီးအလုံအလောက်ရရှိရေး ဆောင်ရွက်ထားပါတယ်၊ ရေအားလျှပ်စစ်ထုတ်လုပ်မှုလျော့နည်းမှုကြောင့် လျှပ်စစ်မီးအလုံအလောက်ရရှိစေရေး အတွက် GAS နဲ့ အခြားလျှပ်စစ်ထုတ်စက်များဖြင့်ဖြန့်ဖြူးပေးသွားမှာပါ၊ ထရန်ဖော်မာသစ်တပ်ဆင်ရေး လုပ်ငန်းတွေက မေလ နောက်ဆုံးပတ်လောက်ဆိုပြီးမှာပါ၊ တပ်ဆင်ပြီးတာနဲ့ ဖြန့်ဝေပေးသွား မှာပါ´ဟု မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

          10MVA ထရန်စဖော်မာသစ်တစ်လုံးတပ်ဆင်ရေးလုပ်ငန်းများကို မေလ(၁၇)ရက်နေ့တွင် စတင်လုပ် ဆောင်လျက်ရှိပြီး မေလနောက်ဆုံးပတ်တွင် မုံရွာမြို့နယ်အတွင်းသို့ လျှပ်စစ်မီး အလုံအလောက်ဖြန့်ဝေပေး နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

(ဖိုးချမ်း-မုံရွာ)

မြင်းမူမြို့နယ်၊ ပုလဲတန်ကျေးရွာတွင် ရေတိုင်စနစ်ဖြင့် ရေများ စတင်ဖြန့်ဝေပေး

မြင်းမူမြို့နယ်၊ ပုလဲတန်ကျေးရွာတွင် ရေတိုင်စနစ်ဖြင့် ရေများ စတင်ဖြန့်ဝေပေး

w

 

 

w2

 မြင်းမူ  မေ(၂၀)

          ဧရာဝတီမြစ်အတွင်းမှ မြစ်ရေကို ရေတင်စက်ဖြင့်တင်ပြီး ကျေးရွာအတွင်း ရေတိုင် စနစ်ဖြင့် ရေများ စတင်ဖြန့်ဝေပေးသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ပုလဲတန်ကျေးရွာတွင် မြစ်ရေများကို ဖူလုံစွာ ရရှိနေကြပြီ ဖြစ်ကြောင်း သိရသည်။

          ဧရာဝတီမြစ်နှင့် (၄)မိုင်ခန့် ဝေးကွာသော ပုလဲတန်ကျေးရွာသည် ယခင်က သောက်ရေ၊ သုံးရေ ခက်ခဲခဲ့သော်လည်း ယခုအခါ ဧရာဝတီမြစ်အတွင်းမှ မြစ်ရေကို (၁၀) ကီလို လျှပ်စစ်မော်တာနှင့် (၂)လက်မ ရေပိုက်များဖြင့် ကျေးရွာအတွင်းရှိ အလျား(၁၂)ပေ၊ အနံ(၈)ပေရှိ ရေကန်ကြီးသို့ နေ့စဉ်တင်ပေးလျက်ရှိပြီး ရေကန်အတွင်းမှ ရေကို ရေတိုင်စနစ် ဖြင့် ကျေးရွာအတွင်း ဖြန့်ဝေပေးခြင်းဖြစ်သည်။

          " အရင်က နွေပိုင်းမှာ ရေ အခက်အခဲရှိခဲ့ပါတယ်။ အခု ဧရာဝတီမြစ်ရေကို ကျေးရွာ အရောက် ရေရရှိအောင် အလှူရှင်က အကုန်ကျခံ လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီမြစ်ရေကို ရေကန်ထဲမှာ သိုလှောင်ပြီးတော့ ကျေးရွာအတွင်းက အိမ်တွေဆီအရောက် ရေတိုင်များနဲ့ ဖြန့်ဝေပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကျေးရွာအတွင်းမှာ မီးသတ်ရေတိုင် (၁၅)တိုင်ကိုပါ စီစဉ်ထားရှိထားပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရွာမှာ လျှပ်စစ်မီးလည်း ရှိနေပြီ။ ရေလည်း ဖူလုံအောင် ရရှိနေလို့ ကျေးရွာပြည်သူများအားလုံး အဆင်ပြေနေကြပါပြီ " ဟု ပုလဲတန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဆွေက ပြောပြသည်။

          ဧရာဝတီမြစ်မှ ကျေးရွာအရောက် ရေရရှိရေးအတွက် ရန်ကုန်မြို့မှ အလှူရှင် ဦးရန်မိုးလျန်+ဒေါ်လီကျူရှန်း၊ မိသားစုက အကုန်ကျခံ လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ပုလဲတန်ကျေးရွာတွင် အိမ်ခြေ(၁၈၈)အိမ်အနက်မှ (၁၈၀)အိမ်သို့ ရေတိုင်စနစ်ဖြင့် ရေများ ပို့လွှတ်ဖြန့်ဝေနေပြီဖြစ်ရာ ကျေးရွာပြည်သူများအတွက် သောက်ရေ၊ သုံးရေနှင့် တိရစ္ဆာန် သုံးရေများ ဖူလုံစွာ ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)

ဒီပင်္ကရာတောင်တက်မြေနီလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အသစ်တိုးချဲ့တည်ဆောက်ခြင်း

မော်လိုက် မေ    ၂၁

            ဒီပင်္ကရာတောင်တော်ပေါ်သို့ ပြည်သူများ တစ်နှစ်ပတ်လုံး အလွယ်တကူ တက်ရောက်ဥပုတ် သတင်း သီလဆောက်တည်နိုင်ရန် ရည်ရွယ်၍ ကွန်ကရစ်လမ်းသစ်တိုးချဲ့ ဖောက်လုပ်ခြင်းကို ဒီပင်္ကရာကျောင်းထိုင် ဆရာတော် ဦးသုစိတ္တမှ အလှူငွေကျပ်(၂)သိန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးမှ ဘိလပ်မြေအိတ် အလုံး(၉၀၀) တို့ကို မတည်ပြီး ပြည်သူလူထုထည့်ဝင်လှူဒါန်းသည့် အလှူငွေများနှင့် ဘိလပ်မြေတို့ကို စုစည်း၍ အရှည် ပေ(၁၅၀၀)၊ အကျယ် (၁၀)ပေ၊ ထု အလယ်(၉။)နှင့် ဘေး(၇။)ရှိသည့် ကွန်ကရစ်လမ်းသစ် ဖောက်လုပ်တည်ဆောက်ခြင်းကို မေ လ ၁၂ ရက်နေ့မှ စတင်၍ ပြည်သူ့ဆောက်လုပ်ရေးဌာနမှ  တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခုဆိုရင် အဆိုပါ မြေနီလမ်းအစား ကွန်ကရစ်လမ်း အဖြစ် အသစ်တိုးချဲ့ ဖောက်လုပ်နေသည်မှာ (၆၀%)ကျော်ခန့် ပြီးစီးခဲ့ပြီး နောက်ဆိုရင် တစ်နှစ်ပတ်လုံး မော်လိုက်-ကလေးဝ ကားလမ်းကနေ တရားဘာဝနာပွားများလိုသူများလာရောက်နိုင်တော့မည်ဖြစ်ပြီး နိုင်ငံခြားသားခရီးသွား ဧည့်သည် များလည်း အလွယ်တကူဝင်ရောက်လာနိုင်တော့မည် ဖြစ်ကြောင်းဒီပင်္ကရာတောင်တက်လမ်း ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ ကြားသိရသည်။

၂၀၁၅ခုနှစ်ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကျင်းပနိုင်ရေးအတွက်ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပ

ကသာ                                                                                                 မေလ( ၁၁ ) ရက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ကသာမြို့၌၂၀၁၅ခုနှစ်ဇွန်(၂၆)ရက်နေ့တွင်ကျရောက်မည့်အပြည်ပြည် ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ( ၁၈  )ကြိမ် မြောက် ပန်းချီ၊ကာတွန်း၊ပိုစတာနှင့်ကွန်ပျူတာပန်းချီပြိုင်ပွဲများအားကျင်းပနိုင်ရေးအတွက် ကြိုတင် လုပ်ငန်း အစည်း အဝေးကိုကသာ ခရိုင်စီမံခန့်ခွဲမှုကော်မတီရုံးခန်းမ တွင် မေလ ( ၁၁ ) ရက်  နံနက် ( ၉းဝဝ ) နာရီအချိန်က  ကျင်းပ ပြုလုပ်သည်။

          အဆိုပါအစည်းအဝေးတွင် ကသာခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ကသာခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှစိန်မှ ပြိုင်ပွဲကျင်းပမှုဆိုင်ရာ အထက်ဌာနမှညွှန်ကြားချက်များ ချပြရှင်းလင်းခြင်း၊  တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ပန်းချီ ၊ ကာတွန်း ပညာရှင်များမှ ပြိုင်ပွဲကျင်းပမှုဆိုင်ရာလိုအပ် ချက်များ အကြံပြုဆွေးနွေးတင်ပြခြင်း ၊  ကသာခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းမှ နိဂုံးချုပ်အမှာစကားပြောကြား၍ပန်းချီ ကာတွန်း ပိုစတာနှင့် ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲတွင် မူလတန်းအဆင့် ၊ အလယ်တန်းအဆင့် ၊ အထက်တန်းအဆင့် မှ ကျောင်းသူ/ကျောင်းသား ပါဝင်ယှဉ် ပြိုင်ကြမည်ဖြစ်၍ ပြိုင်ပွဲကိုမေလ ( ၁၈ ) ရက်နေ့တွင်ကျင်းပသွားမည် ဟုသိရသည်။

                                                                                      ခရိုင်ပြန်/ဆက်

မဟာသင်္ကြန် အကျနေ့တွင် ပျော်ရွှင်စွာ ရေကစားသူများဖြင့် မုံရွာမြို့တွင် စည်ကားလျက်ရှိ

မုံရွာ      ဧပြီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော  ၁၃၇၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော် အကျနေ့ဖြစ်သော ဧပြီလ(၁၄)ရက်နေ့တွင် မုံရွာမြို့ရှိ လမ်းများ တစ်လျောက်တွင် ရေပက်ခံကားများ၊ မော်တော်ဆိုင်ကယ်များသည် အေးချမ်း ပျော်ရွှင်စွာ ရေပက် ခံကြလျှက်ရှိကြပြီး ရေကစားမဏ္ဍပ်များကလည်း သင်္ကြန်ရိုးရာ စတုဒီသာကျွေးမွေးခြင်း၊ သင်္ကြန်အကများဖြင့် ဧည့်ခံ ဖျော်ဖြေကြသည်။

ထို့ပြင် မုံရွာမြို့၏  အထင်ကရနေရာများနှင့် ဘုရားစေတီများတွင် ရပ်ဝေးရပ်နီးမှ  ဘုရားဖူးလာ သူများဖြင့် စည်ကားလျှက်ရှိသည်။

မုံရွာမြို့တွင် ရေပက်ခံထွက်သူများ၊ ဥပုဓ်သတင်းသီလ ဆောက်တည်သူများဖြင့် နှစ်သစ်ကို အေးချမ်း ပျော်ရွှင်စွာ ကြိုဆိုလျက် ရှိကြကြောင်း သိရှိရသည်။

(ဖိုးချမ်း-မုံရွာ)

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon