စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ကသာခရိုင်၊ ဗန်းမောက်မြို့တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အခမ်းအနားကျင်းပ

မုံရွာ  မေ ၂၇

            စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင်၊  ဗန်းမောက်မြို့တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အခမ်းအနားကို မေလ(၂၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့မအလယ်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

            အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ကိုယ်စား အတွင်းရေးမှူး ဦးဝင်းနိုင်တို့က အမှာစကား ပြောကြားကြပြီး မြို့နယ်ပညာရေးမှူး ဦးဌေးဝင်းက ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် ပညာရေးမှူး ဦးဌေးဝင်းက ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

1

မုံရွာ       မေ ၂၇

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ(၂၇)ရက်နေ့ နံနက်(၉)နာရီကကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝေဝေခိုင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ တရားသူကြီး ချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊မြို့မိမြို့ဖများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့်ဆရာ၊ ဆရာမများ၊  ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

            အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးသိန်းမြင့်က ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ တရားသူကြီးချုပ်၊တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ၊ လူမှုရေးဝန်ကြီး ဥပဒေချုပ်တို့က ကျောင်းနေရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် အလှူရှင်များမှ လှူဒါန်းသော ငွေကျပ် (၁၂၅)သိန်းအား လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ကြသည်။

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ တရားသူကြီးချုပ်၊တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ၊ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျောင်းနေရန်အခက်အခဲရှိသော ကျောင်းသား၊ကျောင်းသူများသို့ ပုံနှိပ်စာအုပ်၊ ကျောင်းသုံးဗလာ စာအုပ်များ၊ လွယ်အိတ်၊ ထီး၊ ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြစ်ကမ်းပါးထိမ်းသိမ်းရေးကာကွယ်ရေး လုပ်ငန်းများတိုးမြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း

 

 

မုံရွာ  မေ ၂၆

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် အဓိကမြစ်/ချောင်းကြီးများဖြစ်သော ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် မူးမြစ်၊ မြောက်ယမားချောင်းတို့တွင် တိုင်းဒေသကြီးတစ်ခုနှင့် တစ်ခုရှိ မြို့နယ်များသို့ ဖြတ်သန်းစီးဆင်းပြီး ဒေသကုန်စည်စီးဆင်းမှုနှင့် စိုက်ပျိုးရေးကဏ္ဍတို့ကို များစွာအထောက်အကူပေးလျက်ရှိရာ၊ အဆိုပါမြစ်ချောင်းကြီးများကို ရေရှည်အသုံးပြုနိုင်ရန်နှင့် မြစ်ကြီးများအနီးနေထိုင်ကြသော မြို့၊ ကျေးရွာများ၊ စိုက်ပျိုးမြေများ ရေတိုက်စားမှုဘေးမှကာကွယ်ရန်နှင့် မြစ်ကြောင်းများ ရေရှည်အသုံးပြုသွားလာနိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေဘေး၊ သဘာဝဘေး ကာကွယ်ရန်အတွက် ကမ်းပါးပြိုကာကွယ်ရေး လုပ်ငန်းများကို (၄၀)နေရာတွင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

            မြစ်ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းများအဖြစ်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် မုံရွာခရိုင်အတွင်း (၂)နေရာ၊ ကလေးခရိုင်အတွင်း (၈)နေရာ၊ ခန္တီးခရိုင်အတွင်း (၃)နေရာ၊ ကသာခရိုင် အတွင်း(၄)နေရာ၊ စစ်ကိုင်းခရိုင်အတွင်း(၂)နေရာ၊ မော်လိုက်ခရိုင်အတွင်း(၈)နေရာ၊ ယင်းမာပင်ခရိုင် အတွင်း(၉) နေရာ၊ အရေးပေါ်မြစ်ကမ်းပါးထိန်းသိမ်းရေးအတွက် ချင်းတွင်းမြစ်အတွင်း(၁)နေရာ၊ မူးမြစ်အတွင်း(၁)နေရာ၊ ဧရာဝတီမြစ်နှင့် ဧရာဝတီမြစ်အတွင်းစီးဝင်သောချောင်းများတွင်(၁)နေရာနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းအတွက်(၁)နေရာ စုစုပေါင်း(၄၀)နေရာတို့တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

            အဆိုပါ မြစ်ကမ်းပါးများကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး  ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းများနေရာ(၂၉)ခုတွင် မြစ်ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများကို ငွေကျပ် (၁၆၁၆.၆၄)သန်း အကုန်အကျခံလုပ်ဆောင်ခဲ့ပါတယ်၊ အခု၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ရန်ပုံငွေနဲ့နေရာ(၄၀)ခုမှာ မြစ်ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမှာပါဟု တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းနေသော အဓိကမြစ်/ချောင်းကြီးများရေရှည်အသုံးပြုနိုင် ရေး၊ မြစ်ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေမှ ငွေကျပ်(၁ဒသမ၆)ဘီလီယံ အကုန်အကျခံပြီး နေရာ(၄၀)ခုတို့တွင် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၂၅)ကြိမ်မြောက် ငွေရတုနှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

a1

မုံရွာ  မေ(၂၆)

                        မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ (၂၅)ကြိမ်မြောက် ငွေရတုနှစ်ပတ်လည် အစည်းအဝေးထပ်ဆင့်ရှင်းလင်းပွဲကို မေလ(၂၆)ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝေဝေခိုင်နှင့် နာယကအဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

a

            အခမ်းအနားတွင် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝေဝေခိုင်က အမှာစကားပြောကြားပြီး မြို့နယ်များသို့  မိခင်နှင့်ကလေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ မော်လိုက်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်များအတွက် ပန်းအလှဖောက်စက်(၂)စုံကိုလည်းကောင်း၊  အကောင်းဆုံးသားဖွားဆုရခန္တီးမြို့နယ် အကောင်းအဆုံးမူလတန်းကြိုကျောင်းဆုရ တန့်ဆည်မြို့နယ်တို့အား ထောက်ပံ့ငွေများပေးအပ်ရာ မြို့နယ်အသီးသီးမှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက လက်ခံရယူကြသည်။

                        ထို့နောက် ဒုတိယပိုင်းအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များမှ ခရိုင်အလိုက်လုပ်ငန်းဆောင်ရွက်ချက်များ အသီးသီးတင်ပြကြသည်။ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဒေါ်ဇာခြည်ဝင်းက ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး ဥက္ကဌ ဒေါ်နန်းချိုချိုပြုံးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး မုံရွာခရိုင်၊ အရာတော်မြို့နယ် မူးမြစ်ကူး သလဲဘာ-ကျောက်ကုန်း တံတား ပန္နက်တော် မင်္ဂလာအခမ်းအနား တက်ရောက်

မုံရွာခရိုင်၊ အရာတော်မြို့နယ်မူးမြစ်ကူး သလဲဘာ-ကျောက်ကုန်း တံတား

ပန္နက်တော် မင်္ဂလာအခမ်းအနား တက်ရောက်

မုံရွာ၊   မေ (၂၂)

            စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လိုက်ပါလျှက်၊ မေလ(၂၁)ရက် နံနက်ပိုင်းတွင် မုံရွာခရိုင်၊ အရာတော် မြို့နယ်၊ သလဲဘာ-ကျောက်ကုန်း မူးမြစ်ကူးတံတား   ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက် ကြသည်။

            ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားအားဖွင့်လှစ်ကြပြီး အမရပူရ မြို့နယ်၊ မဟာဂနရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ က္ကန္ဒောဘာသဘိဝံသ ထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဧည့်ပရိတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ် သရဇ္ဈာယ် ချီးမြင့်တော်မူကြသည်။

            ထို့နောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့်   တာဝန်ရှိသူများက လှူဘွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး မန္တလေးတိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ဥက္ကဌ မဟာမြိုင်ဆရာတော် ဘဒ္ဒန္တသဇနသာရထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် ဧည့်ပရိတ်များ က အနုမောဒနာ တရားနာယူကြည်ညှိပြီး ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဒသာသနံ စိရံ တိဌတု(၃)ကြိမ်     ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

            ဆက်လက်ပြီး ပန္နက်တော်မင်္ဂလာအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး နှင့် တာဝန်ရှိသူများက ပန္နတော်တင်ပြုလုပ်မည့်နေရာများတွင် အသီးသီးနေရာယူကြပြီး မင်္ဂလာအချိန် ကျရောက်သည်နှင့် တစ်ပြိုင်နက် ပန္နက်တော် မင်္ဂလာပြုလုပ်ကြသည်။

            ယင်းနောက် ဆရာတော်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး နှင့်တာဝန်ရှိသူများက အမွှေးနံ့သာရေများ ပတ်ဖြန်းပေးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

            အဆိုပါ သလဲဘာ-ကျောက်ကုန်း မူးမြစ်ကူး တံတားသည် အရှည် (၆၀၀)ပေ   ယာဉ်သွားလမ်း အကျယ် (၂၀)ပေ၊ လူသွားလမ်းတဖတ်တချက်(၃)ပေရှိပြီး ကျေးလက် ဦးစီးဌာနရန်ပုံငွေဖြင့် တိုင်းဒေသကြီး လမ်းတံတားအထူးအဖွဲ့မှ တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

            ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အရာတော် မြို့နယ် မလဲသာ တိုက်နယ်ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံသို့ တက်ရောက်၍ ဆေးကုသမှု ခံယူနေကြသော လူနာများအား ကြည့်ရှုအားပေးကာ ဆေးသိုလှောင်ခန်း၊ ခွဲစိတ်ခန်းတို့အား ကြည့်ရှုစစ်ဆေးသည်။

            ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာ-စစ်ကိုင်းခရိုင်ချင်းဆက် လမ်းဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အရာတော် မြို့နယ် သပြေညွန့်ကျေးရွာ၊ သာယာကုန်း ကျေးရွာများသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ကျေးရွာအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် ဂျာနယ်/စာစောင်များ ထောက်ပံ့ပေးအပ် ကာ ကျေးရွာ၏ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး ရွှေဘိုခရိုင်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး ရွှေဘိုခရိုင်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

Slide1

                                                                                                                                  မုံရွာ   မေ(၂၀)

            စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျှက် မေလ(၁၉)ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင်၊ ဘုတလင်မြို့အခြေခံပညာအထက်တန်းကျောင်း၊ အေးရိပ်ဝေ ကျောင်းခန်းမဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ဒီပဲယင်း မြို့နယ်၊စိုင်ပြင်ကျေးရွာ၊ တိုက်နယ်ဆေးရုံ အဆောက်အဦသစ် ဆောက်လုပ်နေမှုနှင့် ရေဦးမြို့နယ်၊ မန်ကျီးကန် မျိုးသန့်စိုက်ခင်းသို့ ရောက်ရှိရာ ပုလဲသွယ်စပါးများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိသူနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

            ယင်းနောက် ကာဘိုးဆည် ရေဝင်ရောက်မှု အခြေအနေနှင့် မူးမြစ်ကူးတံတားတည်ဆောက်မည့် နေရာတို့အား ကြည့်ရှု့စစ်ဆေးပြီး ကန့်ဘလူခရိုင် အထွေထွေအုပ်ချု့ပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး အစည်းအဝေး ခန်းမတွင် ကန့်ဘလူခရိုင် ဖွင့်လှစ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးမျိုးလွင်က လုပ်ငန်းများဆောင်ရွက်ထားရှိမှုများအား တင်ပြကာ လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက် တင်ပြကြသည်။

            ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အသီးသီး တင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

            ထို့နောက် ကန့်ဘလူမြို့၊ ဘိုးဘွားရိပ်သာ တည်ဆောက်မည့် မြေနေရာနှင့် အိုးအိမ်ဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်မည့် တန်ဘိုးသင့် ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်မည့် မြေနေရာတို့အား လှည့်လည် ကြည့်ရှု့ စစ်ဆေးပြီး ရွှေဘိုမြို့၊ (၂၅)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ အဆောက်အဦသစ် တည်ဆောက် ပြီးစီးမှုတို့အား ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး ရွှေဘို-အုန်းတောလမ်းဘေးဝဲယာရှိ မိုးစပါးနှင့် နှမ်းများအောင်မြင်ဖြစ်ထွန်းနေမှုအား မော်တော်ကားဖြင့် ကြည့်ရှု့စစ်ဆေးခဲ့သည်။

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ သလဲဘာ - ကျောက်ကုန်း မူးမြစ်ကူးတံတား တည်ဆောက်မည့် နေရာအား ကြည့်ရှု့ စစ်ဆေးပြီး ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

            ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ဥက္ကဌ ဘဒ္ဒန္တ ဣဒ္ဓိဗလ ဆရာတော်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မေလ(၂၀)ရက်၊ နံနက်ပိုင်းတွင် မြောင်မြို့နယ်၊ ကျောက်နဂါးတောင် အင်ကြင်းစေတီတော် တည်ထားဆောက်လုပ်မည့်မြေနေရာနှင့် ကျောက်နဂါးတောင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး သန့်ရှင်းသာယာရေးတို့အား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

Slide2

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးအောင်က တိုင်းဒေသကြီး၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းတင်ပြသည်။

            ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီများအား နှစ်စဉ်စီမံကိန်းတာဝန်များကို အသီးသီးပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပသော တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌများ၊ ခရိုင်လမ်းဦးစီး ဌာန၊ လမ်း/တံတား အထူးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အမှာစကားပြောကြားပြီး တည်ဆောက်ရေးအဖွဲ့များ လမ်းအထူးအဖွဲ့များနှင့် ခရိုင်အဖွဲ့များမှ တာဝန်ရှိသူများက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ပုံငွေရရှိမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရန်ပုံငွေရရှိမှုနှင့် လုပ်ငန်းများဆောင်ရွက်ထား ရှိမှုအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

            ထို့နောက် တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့/ပြ)က လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ ဆွေးနွေးတင်ပြကြသည်။

            ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး တင်ပြချက်များအပေါ် ဆောက်လုပ်ရေး လမ်း/တံတား လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေး၊ စံချိန်စံညွှန်း အရည်အသွေးမီကောင်းမွန်စေရေးတို့အား တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိဂုံးချု့ပ်စကားပြောကြားကာအစည်းအပေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

မုံရွာမြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးအလုံအလောက်ရရှိရေး ထရန်စဖေါ်မာအသစ်တစ်လုံးပြောင်းလဲ တပ်ဆင်

မုံရွာမြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးအလုံအလောက်ရရှိရေး

ထရန်စဖေါ်မာအသစ်တစ်လုံးပြောင်းလဲ တပ်ဆင်လျက်ရှိ

 

e

 

မုံရွာ မေ ၂၁

 

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာဓါတ်အားခွဲရုံမှ မုံရွာမြို့အပြင်အရာတော်၊ ချောင်းဦး ဘုတလင်မြို့နယ်များသို့ ဖြန့်ဝေပေးလျက်ရှိရာ မုံရွာမြို့သို့ ဖြန့်ဝေပေးလျက်ရှိသော ထရန်စဖော်မာသည် မြို့လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ လျှပ်စစ်မီးအသုံးပြုမှုများပြား လာကာလုံလောက် မှုမရှိသဖြင့် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများသို့ အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိရာ မကြာခဏလျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ လျှပ်စစ်မီး လုံလောက်စွာရရှိရေး မူလတပ်ဆင်ထားသော 5MVA ထရန်စဖော်မာနေရာတွင် 10MVA ထရန်စဖော်မာသစ်တစ်လုံးကို ပြောင်းလဲတပ်ဆင်လျက်ရှိကြောင်း သိရသည်။

          10MVA ထရန်စဖော်မာသစ်တစ်လုံးတပ်ဆင်နေမှုနှင့်ပတ်သက်ပြီး `` မုံရွာမြို့မှာက နွေရာသီဆို အပူချိန်မြင့်တက်တဲ့အတွက် လျှပ်စစ်ဓါတ်အားသုံးစွဲမှုက မြင့်တက်တယ်၊ အဲဒိလို မြင့်တက်လာတဲ့အတွက်  လက်ရှိအသုံးပြုနေတဲ့ 5MVA ထရန်စဖော်မာနဲ့က လုံလောက်မှုမရှိတဲ့ အတွက် အလှည့်ကျပေးတဲ့စနစ်အရ လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်ပေါ်နေတယ်၊ အဲဒိလိုမီးပြတ် တောက်မှုတွေမဖြစ်ပေါ်စေဖို့အတွက် ၁ဝဠြဗ ထရန်စဖော်မာသစ်တစ်လုံးကို ပြောင်းလဲတပ်ဆင်ပြီး တိုးချဲ့ဖြန့်ဝေပေးသွားမှာပါ၊ အခုလက်ရှိမေလအတွင်းမှာ  မုံရွာမြို့ပေါ်မှာရှိတဲ့ နန္ဒဝန်ဓါတ်အားခွဲရုံမှ 3.7MW ၊ စက်မှုဇုန်ဓါတ်အားဖြန့်ဖြူးရေးမှာ 12MW ၊ မြို့ပေါ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး အတွက် 7.7MW နဲ့ ယခုနွေရာသီမှာ လျှပ်စစ်မီးအလုံအလောက်ရရှိရေး ဆောင်ရွက်ထားပါတယ်၊ ရေအားလျှပ်စစ်ထုတ်လုပ်မှုလျော့နည်းမှုကြောင့် လျှပ်စစ်မီးအလုံအလောက်ရရှိစေရေး အတွက် GAS နဲ့ အခြားလျှပ်စစ်ထုတ်စက်များဖြင့်ဖြန့်ဖြူးပေးသွားမှာပါ၊ ထရန်ဖော်မာသစ်တပ်ဆင်ရေး လုပ်ငန်းတွေက မေလ နောက်ဆုံးပတ်လောက်ဆိုပြီးမှာပါ၊ တပ်ဆင်ပြီးတာနဲ့ ဖြန့်ဝေပေးသွား မှာပါ´ဟု မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

          10MVA ထရန်စဖော်မာသစ်တစ်လုံးတပ်ဆင်ရေးလုပ်ငန်းများကို မေလ(၁၇)ရက်နေ့တွင် စတင်လုပ် ဆောင်လျက်ရှိပြီး မေလနောက်ဆုံးပတ်တွင် မုံရွာမြို့နယ်အတွင်းသို့ လျှပ်စစ်မီး အလုံအလောက်ဖြန့်ဝေပေး နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

(ဖိုးချမ်း-မုံရွာ)

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon