(၁၇-၈-၂၀၁၉)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှ၊ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/မများ တက်ရောက်ခဲ့ကြပြီး ဂုဏ်ထူးရ ကျောင်းသား/သူများအား ဆုများ အသီးသီး ချီးမြှင့်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် (၁၆-၈-၂၀၁၉) ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးဌာန၊ ရုံးအမှတ်(၃) နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင် ကုန်သွယ်မှု မရှိစေရေး ဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။
၂၀၁၉-၂၀၂ဝပညာသင်နှစ်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ B.Ed(၅)နှစ်သင်တန်း အမှတ်စဉ်(၈)နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း) ဝင်ခွင့်စာမေးပွဲ ရေးဖြေစစ်ဆေးခြင်းကို မုံရွာမြို့ အထက(၂)နှင့် အထက(၃) စာစစ်ဌာန အသီးသီးတွင် (၁၇-၈-၂၀၁၉)ရက်နေ့ (၀၉၀၀)အချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် အဖွဲ့ဝင်များမှ သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။
အဆိုပါ စာမေးပွဲတွင် ပညာရေးဘွဲ့ B.Ed(၅)နှစ် သင်တန်းအမှတ်စဉ် (၈)သို့ ဝင်ရောက်ဖြေဆိုသူ (၆၃၃)ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)သို့ ဝင်ခွင့်ဖြေဆိုသူ (၃၅၀)ဦးတို့ ဖြေဆိုခဲ့ကြပါသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းအဆင့် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို (၁၅.၈.၂၀၁၉)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန် မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကာ အဆိုပါ အခမ်းအနားသို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဉီးမြင့်ကြည်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဉီးမိုးကျော်သူ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဉီးတင်မောင်ဆွေ၊ တိုင်း/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ အဖွင့်အမှာစကား ပြောကြားကာ ကျောင်းပြင်ပ မူလတန်းပညာရေး ကြီးကြပ်ကော်မတီ ဉက္ကဌများအဖြစ် မုံရွာ၊ ဆားလင်းကြီး၊ တန့်ဆည်၊ ကောလင်း၊ ကလေးမြို့နယ် အုပ်ချုပ်ရေးမှူးများအား တာဝန်ပေးခန့်အပ်သည့် ခန့်အပ်လွှာများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဉီးတင်မောင်ဆွေမှ ပေးအပ်ခဲ့ကြောင်း၊ ၎င်းနောက် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဆုများအသီးသီး ချီးမြှင့်ကာ ကျောင်းသူတစ်ဉီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ ဥပဒေချုပ် ဦးခင်မောင်လှ၊ စာရင်းစစ်ချုပ် ဦးစိုးလွင်၊ တိုင်းဒေသကြီး စည်ပင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ ဌာနဆိုင်ရာများမှ ကန်သာယာ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု၍ သတ်မှတ်အချိန်အတွင်း စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးနိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ ဥပဒေချုပ် ဦးခင်မောင်လှနှင့် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီတို့သည် စစ်ကိုင်းမြို့မ သုသာန်ဟောင်းနေရာအား ရွှေ့ပြောင်းနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။