စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ရေဘေးသင့်ပြည်သူများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီထောက်ပံ့

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မွန်ပြည်နယ် ရေဘေးဒုက္ခသည်များအတွက် ထောက်ပံ့ငွေကျပ် (၁၆၆)သိန်းနှင့် ဆန်အိတ်(၅၀)အိတ်အား လူမှုကူညီမှု အဖွဲ့အစည်းများနှင့်အတူ ထောက်ပံ့ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

 

14-8-2019 sgg 00114-8-2019 sgg 00214-8-2019 sgg 00314-8-2019 sgg 00414-8-2019 sgg 00514-8-2019 sgg 006

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသည် အစည်းအဝေးခန်းမ တည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် ဥပဒေချုပ် ဦးခင်မောင်လှ၊ တိုင်းစာရင်းစစ်ချုပ် ဦးစိုးလွင်တို့နှင့်အတူ (၉-၈-၂၀၁၉)ရက်နေ့ နံနက်(၀၇၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးဝန်းအတွင်း တည်ဆောက်နေသည့် အစည်းအဝေးခန်းမ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးနိုင်ရေးနှင့် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

9-8-2019 sgg 0019-8-2019 sgg 0029-8-2019 sgg 0039-8-2019 sgg 0049-8-2019 sgg 0059-8-2019 sgg 006

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ တည်ဆောက်ရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု့စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် (၈-၈-၂၀၁၉)ရက်နေ့ (၁၆၀၀)နာရီတွင် မုံရွာမြို့ ကျွဲရဲလမ်းဆုံ ပူးပေါင်းစစ်ဆေးဂိတ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကန်သာယာကျွန်း ပြန်လည်တူးဖော်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

8-8-2019 sgg 0018-8-2019 sgg 0028-8-2019 sgg 0038-8-2019 sgg 0048-8-2019 sgg 0058-8-2019 sgg 0068-8-2019 sgg 0078-8-2019 sgg 0088-8-2019 sgg 0098-8-2019 sgg 0108-8-2019 sgg 0118-8-2019 sgg 0128-8-2019 sgg 0138-8-2019 sgg 014

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဉီးစီးဌာနမှ ဖွင့်လှစ်သည့် Aerobicနှင့် Zumber Dance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဉီးစီးဌာနမှ ဖွင့်လှစ်သည့် Aerobic နှင့် Zumber Dance သင်တန်းဆင်းပွဲ အခမ်းအနားကို (၇.၈.၂၀၁၉)ရက်နေ့ နံနက်(၀၉၀၀) နာရီအချိန် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်တင့်တင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနမှ ဝန်ကြီး ဉီးမိုးကျော်သူနှင့် ဇနီး၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးဒေါ်မွှေးမွှေးခင်၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ အဖွဲ့ဝင်များနှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား/သူများ တက်ရောက်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနမှ ဝန်ကြီးဉီးမိုးကျော်သူမှ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသူတစ်ဉီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းသူများမှ Aerobic Zumber Dance Myanmar Fitness Danceဖြင့် သရုပ်ပြကပြခဲ့ပြီး သင်တန်းသား/ သူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။

7-8-2019 sgg 0017-8-2019 sgg 0027-8-2019 sgg 0037-8-2019 sgg 0047-8-2019 sgg 0057-8-2019 sgg 0067-8-2019 sgg 0077-8-2019 sgg 0087-8-2019 sgg 0097-8-2019 sgg 010

တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် (၅-၈-၂၀၁၉) ရက်နေ့ (၁၄၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးမှ ဟိုတယ်ဆောက်လုပ်ခွင့် (၁)လုံး၊ ဟိုတယ်လိုင်စင် သက်တမ်းတိုး(၂)လုံး၊ ဒေသဆိုင်ရာဧည့်လမ်းညွှန် သက်တမ်းတိုး(၆)ဦး၊ ဧည့်လမ်းညွှန် သက်တမ်းတိုး(၂)ဦးတို့အား စိစစ်ခွင့်ပြုခဲ့ပါသည်။

5-8-2019 sgg 0165-8-2019 sgg 0175-8-2019 sgg 018

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီးသည် စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာကျောင်းတွင် ကျင်းပပြုလုပ်သော ဆဋ္ဌမအကြိမ်မြောက် ပဲအလှူတော် လှူဒါန်းပွဲသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်တို့သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၄င်းတို့၏ ဇနီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ စေတနာရှင် အလှူရှင်များနှင့်အတူ သြဂုတ်လ ၅ရက် နံနက် (၀၆၃၀)အချိန်တွင် စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) ကျောင်းတွင် ကျင်းပပြုလုပ်သော ဆဋ္ဌမအကြိမ်မြောက် ပဲအလှူတော် အခမ်းအနားသို့ တက်ရောက်၍ ကြွရောက်လာသော သံဃာတော် အရှင်သူမြတ်များအား ပဲများလောင်းလှူပူဇော်ခဲ့ပြီး ရေစက်ချမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပူဇော်ခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်ကိုင်းတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/မ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး တက္ကသိုလ်ရှိ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်နှင့် ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှုခဲ့ပါသည်။

5-8-2019 sgg 0015-8-2019 sgg 0025-8-2019 sgg 0035-8-2019 sgg 0045-8-2019 sgg 0055-8-2019 sgg 0065-8-2019 sgg 0075-8-2019 sgg 0085-8-2019 sgg 0095-8-2019 sgg 0105-8-2019 sgg 0115-8-2019 sgg 0125-8-2019 sgg 0135-8-2019 sgg 0145-8-2019 sgg 015

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ရွှေဘိုတက္ကသိုလ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး အစည်းအဝေးသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ယခုလို သက်ဆိုင်ရာတာန်ရှိသူများက ကဏ္ဍစုံကို အားလုံးပူးပေါင်း ဝိုင်းဝန်းဆွေးနွေး ပေးကြတဲ့အတွက် များစွာကျေးဇူးတင် ဝမ်းမြောက်ပါကြောင်းနှင့် အခုလိုသက်ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုများကို အလေးအနက်ထား အားပေးပါကြောင်း အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာခင်မာချိုက သုတေသနပြုလုပ်ရခြင်း အကြောင်းအရင်းနှင့် အစည်းအဝေးတွင် ဆောင်ရွက်ရမည့် အစီအစဉ်များကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်များကို ဖြည့်စွက်ဆွေးနွေးပြီး ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘိုမြို့ လိပ်ချင်းကျေးရွာအနီး ရှေ့ပြေး အဆင့်မြှင့်လယ်ယာမြေ ဖော်ဆောင်ခြင်း စီမံကိန်းတွင် လယ်ယာမြေများ ဖော်ထုတ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများ အချိန်ကုန် ငွေကုန်သက်သာအောင် စိုက်ပျိုးရေး နည်းစနစ်များကို မှန်ကန်စွာ အသုံးချပြီး စိုက်ပျိုးသီးနှံများကို စိုက်ပျိုးနိုင်စေရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေး၊ စျေးကွက်ကောင်းများ ရရှိစေရေးတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာကြသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။

3-8-2019 sgg 0013-8-2019 sgg 0023-8-2019 sgg 0033-8-2019 sgg 0043-8-2019 sgg 0053-8-2019 sgg 0063-8-2019 sgg 0073-8-2019 sgg 0083-8-2019 sgg 0093-8-2019 sgg 0103-8-2019 sgg 011

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon