စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ပင်စင်ဦးစီးဌာန၊ တိုင်းဒေသကြီးရုံး အဆောက်အဦသစ်ဖွင့်လှစ်ပွဲတက်ရောက်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် (၂-၈-၂၀၁၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်စင်ဦးစီးဌာနမှူးရုံး၊ ရုံးအဆောက်အဦသစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ရုံးအဆောက်အဦကို စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးနှင့် ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ယနေ့ဖွင့်လှစ် လိုက်သည့် တိုင်းဒေသကြီးပင်စင်ဦးစီးဌာနမှူးရုံး၊ အဆောက်အဦသစ်မှ (၂၇ပေ x ၂၀ပေ) RC (၂)ထပ် အဆောက်အဦဖြစ်ပြီး ၂၀၁၈-၂၀၁၉၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၂၅.၉၀၀) ဖြင့် Royal Golden Tree Co,Ltd မှ တင်ဒါအောင်မြင်၍ တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

2.8.2019 sgg 0112.8.2019 sgg 0122.8.2019 sgg 0132.8.2019 sgg 0142.8.2019 sgg 015

စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးအား အဖြူရောင်ဆေးသင်္ကန်း ကပ်လှူခြင်း အောင်မြင်ခြင်းအထိမ်းအမှတ် သီတဂူအဓိပတိဆရာတော် ဘုရားကြီးထံမှ သြဝါဒခံယူပွဲနှင့် လုပ်ငန်း ဆောင်ရွက်ခဲ့ကြသော လုပ်သားများအား ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင် / မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဉက္ကဌများလိုက်ပါ၍ ဩဂုတ်လ(၁)ရက်နေ့ ညနေ(၆)နာရီအချိန်တွင် ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးအား အဖြူရောင်ဆေးသင်္ကန်း ကပ်လှူခြင်း အောင်မြင်ခြင်းအထိမ်းအမှတ် သီတဂူအဓိပတိဆရာတော် ဘုရားကြီးထံမှ သြဝါဒ ခံယူပွဲနှင့် လုပ်ငန်းဆောင်ရွက်ခဲ့ကြသော လုပ်သားများအား ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ ပါသည်။

          ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီတဂူအဓိပတိဆရာတော် ဘုရားကြီးထံမှ ငါးပါး သီလခံယူဆောက်တည်၍ လှူဖွယ်ဝတ္တုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ဆရာတော်ဘုရား၏ သြဝါဒခံယူခဲ့ပါသည်။ ထို့နောက် ဆရာတော်ဘုရားမှ လုပ်ငန်းဆောင်ရွက်ခဲ့ကြသော လုပ်သားများအား သီတဂူတံဆိပ်ပါ လုံချည်များပေးအပ်ချီးမြှင့်ပြီး ဝန်ကြီးချုပ်မှ လုပ်သား တစ်ဦးလျှင် (၅)သောင်း ကျပ်နှုန်းဖြင့်(၈၅)ဦးအတွက်(၄၂၅၀၀၀ဝိ/-)ကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဂေါပကအဖွဲ့မှလည်း လုပ်သားတစ်ဦးလျှင်(၁)သိန်းကျပ်နှုန်း ပေးအပ်ခဲ့ချီးမြှင့်ပါသည်။ ဆက်လက်၍ လုပ်ငန်းဆောင်ရွက်ခဲ့သော လုပ်သားများအား ဂုဏ်ပြုညစာစားပွဲ ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး လုပ်သားများအား ဂုဏ်ပြုမှတ်တမ်းလွှာ များ၊ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

2.8.2019 sgg 0012.8.2019 sgg 0022.8.2019 sgg 0032.8.2019 sgg 0042.8.2019 sgg 0052.8.2019 sgg 0062.8.2019 sgg 0072.8.2019 sgg 0082.8.2019 sgg 0092.8.2019 sgg 010

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး ကျွန်းလှမြို့ သဖန်းဆိပ်ဆည်တွင် ရေချိုပုဇွန်နှင့် ငါးမျိုးစိတ်များ စိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်

မုံရွာ၊ ဇူလိုင် ၃၁

            စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီးဒေါ်တင့်တင့်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် တာဝန်ရှိသူများ လိုက်ပါ၍ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းက ရွှေဘိုမြို့မှ ရွှေဘို-မြစ်ကြီးနားလမ်းအတိုင်း မော်တော်ယာဉ်များဖြင့် ထွက်ခွာလာကာ ရွှေဘို-ကန့်ဘလူ-ကျွန်းလှမြို့နယ် လမ်းတစ်လျှောက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လမ်းများသတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူ များအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သဖန်းဆိပ်ဆည်တွင် ကျင်းပပြုလုပ်သော ရေချိုပုဇွန်နှင့် ငါးမျိုးစိတ်များ စိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဒေသခံပြည်သူများနှင့်အတူ သဖန်းဆိပ်ဆည်အတွင်းသို့ ရေချိုပုဇွန် (၄၀၀၀)ကောင်နှင့် ထိုင်းငါးခုံးမ၊ ငါးမျှစ်ချင်း၊ ငါးသလောက်၊ ငါးပြေမ စသည့်ငါးမျိုးအကောင်ပေါင်း(တစ်သိန်း)ကောင်၊ စုစုပေါင်း ရေချိုပုဇွန်နှင့် ငါးမျိုးစိတ်များ အကောင်ပေါင်း တစ်သိန်းလေးထောင် ကောင်ကို စိုက်ထည့်ပေးခဲ့ကြပါသည်

31-7-2019 sgg 02431-7-2019 sgg 02531-7-2019 sgg 02631-7-2019 sgg 02731-7-2019 sgg 028

တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် (၃၁-၇-၂၀၁၉)ရက်နေ့ (၁၄၃၀)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၆/၂၀၁၉)အကြိမ်မြောက် အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် Golden & Silver Owl Co,Ltd မှ အပန်းဖြေဥယျာဉ် ဝန်ဆောင်မှုလုပ်ငန်း၊ Moccona Co,Ltdမှ မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းနှင့် Mandalay Silver Hill Co,Ltdမှ ပီနံအိတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများအား အတည်ပြုမိန့် ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တိုင်းအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။

31-7-2019 sgg 01631-7-2019 sgg 01731-7-2019 sgg 01831-7-2019 sgg 01931-7-2019 sgg 02031-7-2019 sgg 02131-7-2019 sgg 02231-7-2019 sgg 023

အောင်ပွဲရ အမျိုးသမီးဘတ်စကတ်ဘောအသင်းအား ဂုဏ်ပြုကြိုဆိုပွဲသို့ အခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကတ်ဘောပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တံခွန်စိုက်ဆု ရရှိခဲ့သော အောင်ပွဲရ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီး ဘတ်စကတ် အသင်းအား (၃၁.၇.၂၀၁၉)ရက်နေ့ နံနက်(၀၈၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အားကစားသမားများ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသူများ အားကစားကော်မတီအဖွဲ့ဝင်များမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ဂုဏ်ပြုပွဲအခမ်းအနားကို မုံရွာမြို့ ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဉီးစီးဌာနရုံး ၊ အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ဌာနဆိုင်ရာများနှင့် အောင်ပွဲရအားကစားသမားများ တက်ရောက်ခဲ့ပြီး ပထမရရှိခဲ့သော အမျိုးသမီး အားကစားသမားများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ကာ နံနက်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေး၍ အားကစားသမားများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

31-7-2019 sgg 00131-7-2019 sgg 00231-7-2019 sgg 00331-7-2019 sgg 00431-7-2019 sgg 00531-7-2019 sgg 00631-7-2019 sgg 00731-7-2019 sgg 00831-7-2019 sgg 00931-7-2019 sgg 01031-7-2019 sgg 01131-7-2019 sgg 01231-7-2019 sgg 01331-7-2019 sgg 01431-7-2019 sgg 015

 

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသည် စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် (၃၀-၇-၂၀၁၉) ရက်နေ့ (၁၄၀၀)နာရီ အချိန်တွင် ပြည်ထောင်စု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနတွင် ဒုတိယသမ္မတ(၂) ဦးဆောင်သည့် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးအား တက်ရောက်ပြီး တစ်နိုင်ငံလုံး စာရင်းအင်း အချက်အလက်များ မှန်ကန်စေရေး ဆွေးနွေးခဲ့ကြပါသည်။

30-7-2019 sgg 00130-7-2019 sgg 00230-7-2019 sgg 00330-7-2019 sgg 00430-7-2019 sgg 005

စစ်ကိုင်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ ဇူလိုင်လ (၂၈)ရက်နေ့ နံနက် (၀၈၀၀)နာရီအချိန်တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ရွှေဘို) ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မှီစွာ ဆောက်လုပ်ပြီးစီးရေး မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး လိပ်ချင်းကျေးရွာတွင် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှု့ခဲ့ပါသည်။

28-7-2019 00128-7-2019 00228-7-2019 00328-7-2019 00428-7-2019 00528-7-2019 00628-7-2019 007

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon