စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီးတို့သည် ရွှေဘိုမြို့ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ သွားရောက်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီးသည် (၁၆-၇-၂၀၁၉)ရက်နေ့တွင် ရွှေဘိုမြို့ အောင်သုခ ကျောင်းတိုက်ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များထံ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပြီး ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ထို့နောက် ရာဇအောင်မြေဘုရား ဘုန်းကြီးကျောင်း ဆရာတော်ထံ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး ဘုရားပရဝဏ်အတွင်း ဘုရားမီးများ ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ဆက်လက်၍ ရွှေဘိုမြို့ ပါဠိကာရီတုလွတ်ကျောင်းတိုက်နှင့် အောင်မြေဟိတဓရ ပရဟိတ ကျောင်းတိုက်ဆရာတော်ထံ ဝါဆိုသင်္ကန်း ဆက်ကပ်၍ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ပြီး အောင်မြေဟိတဓရ ပရဟိတကျောင်းမှ တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ကျောင်းသူ (၅) ဦးအတွက် Lesswalk.orgမှ လှူဒါန်းထားသည့် စက်ဘီး(၅)စီးအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

16-7-2019 sgg 00916-7-2019 sgg 01016-7-2019 sgg 01116-7-2019 sgg 01216-7-2019 sgg 01316-7-2019 sgg 01416-7-2019 sgg 01516-7-2019 sgg 016

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုမြို့၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် U 14 Football Tournament (Shwe Bo) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် (၁၅-၇-၂၀၁၉)ရက်နေ့ ညနေ (၄)နာရီခွဲတွင် ရွှေဘိုမြို့၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် U 14 Football Tournament (Shwe Bo) ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ၊ ဧည့်သည်တော်များမှ ကွင်းအတွင်းသို့ ဘောလုံးကန်သွင်း၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ လူငယ်ဘောလုံးပွဲတော်တွင် ပါဝင်ကြမည့် ကလေးငယ်များနှင့် ပြိုင်ပွဲဝင်မည့် အသင်းသားများအား ကွင်းအတွင်း လိုက်လံနှုတ်ဆက်ခဲ့ပြီး လူငယ်ကစားသမားများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။

16-7-2019 sgg 00116-7-2019 sgg 00216-7-2019 sgg 00316-7-2019 sgg 00416-7-2019 sgg 00516-7-2019 sgg 00616-7-2019 sgg 00716-7-2019 sgg 008

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး ဝါဆိုသင်္ကန်း ဆက်ကပ်ပွဲ အခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ် ၊ သောဠသမအကြိမ် (၁၆)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအလှူတော် မင်္ဂလာတော် အခမ်းအနားကို (၁၅.၇.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီအချိန် မုံရွာမြို့ ရွှေစည်းခုံ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ပင့်သံဃာ ဆရာတော်ကြီး (၅၄)ပါး၊ သီလရှင်ဆရာကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ် ဉီးမျိုးမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဉက္ကဌ၊ တိုင်းဒေသကြီး ဉပဒေချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာ လျှောက်ထားလွှာအား လျှောက်ထားခဲ့ကာ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။ အခမ်းအနားတွင် လှူဒါန်းမှု စုစုပေါင်းအနေဖြင့် ဆွမ်းဆန်တော်တန်ဖိုး (၁၀၅၅၂၅၀ဝိ/-)၊ ဆီတန်ဖိုး (၉၄၉၀၀ဝိ/-)၊ သင်္ကန်း(၂၄၆၇)စုံ တန်ဖိုး (၂၂၂၀၃၀၀ဝိ/-)၊ သီလရှင်ဝတ်စုံ (၆၅၇၅၅ဝဝိ/-) စုစု‌ပေါင်းလှူဒါန်းမှု တန်ဖိုး (၄၁၈၄၂ဝဝဝိ/-) ဖြစ်ပါကြောင်း သိရှိရပါသည်။

15-7-2019 sgg 00115-7-2019 sgg 00215-7-2019 sgg 00315-7-2019 sgg 00415-7-2019 sgg 00515-7-2019 sgg 00615-7-2019 sgg 00715-7-2019 sgg 008 15-7-2019 sgg 00915-7-2019 sgg 01015-7-2019 sgg 01115-7-2019 sgg 012

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ မြို့သန့်ရှင်းသာယာ လှပရေးအတွက် ကွင်းဆင်းဆောင်ရွက်

(၁၄-၇-၂၀၁၉)ရက်နေ့ (၁၀၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေး ကော်မတီဝင်များနှင့်အတူ စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက် ရေဖြန့်ဝေနိုင်ရေးအတွက် လိုအပ်ချက်များ ဆွေးနွေးပြီး ရေဖြန့်ကန် တည်ဆောက်မည့် မရှိခဏတောင်တော်သို့ သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ပြီး ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့၊ အသင်္ခယာအဝိုင်းမှ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအရှေ့အထိ လမ်းလယ် LED မီးတိုင် စိုက်ထူဆောင်ရွက် ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။

14-7-2019 sgg 02914-7-2019 sgg 03014-7-2019 sgg 03114-7-2019 sgg 03214-7-2019 sgg 03314-7-2019 sgg 03414-7-2019 sgg 035

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး မဟာဗောဓိတထောင်ကျောင်းတိုက် ဧကသမအကြိမ် စာအောင်ဆုပေးပွဲနှင့် ဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနားသို့ တက်ရောက်

မဟာဗောဓိတထောင် ကျောင်းတိုက် ဧကသမအကြိမ် စာအောင်ဆုပေးပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို မဟာဗောဓိတထောင် ကျောင်းတိုက်ရှိ ဒေါ်သီသနပ်ခါး ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး သံဃာတော်အပါး (၈၀)အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့တို့မှ ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့ကြာင်းနှင့် အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် ဆက်လက်၍ မုံရွာမြို့ ဗောဓိတထောင်ရှိ တည်ထားကိုးကွယ်လျက်ရှိသော ထိုင်တော်မူဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။

14-7-2019 sgg 00114-7-2019 sgg 00214-7-2019 sgg 00314-7-2019 sgg 00414-7-2019 sgg 00514-7-2019 sgg 00614-7-2019 sgg 007

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး ဗောဓိတထောင် ဆင်စခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဗောဓိတထောင် ပရဝဏ်အတွင်း၊ အောင်စင်္ကြာစေတီတော် ခြေရင်းရှိ မြေဧရိယာ(၆.၇၇၆) ဧကတွင် ဒေသခံပြည်သူများ အပန်းဖြေစေရန်၊ ဆင်တို့၏သဘာဝကို လေ့လာနိုင်စေရန်နှင့်     “ ဗောဓိတထောင် ဆင်အခြေပြု ခရီးသွားလုပ်ငန်း ” (Elephant Conservation Based Tourism- ECBT) ကို အကောင်အထည် ဖော်ရန်အတွက် မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်(၇)ကောင် (အထီး-၃ ကောင်၊ အမ- ၄ ကောင်) တို့ဖြင့် “ ဗောဓိတထောင် ဆင်စခန်း ” ဖွင့်ပွဲအခမ်းအနားကို (၁၄.၇.၂၀၁၉) ရက်နေ့ နံနက် (၀၈:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တရားသူကြီးချုပ် ဦးမျိုးမောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ အင်အား(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ဗောဓိတထောင်ဆင်စခန်း မုခ်ဦးကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ချင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်းနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဗောဓိတထောင် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်း ဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖြန်းပေးခြင်း၊ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဗောဓိတထောင်ဆင်စခန်းနှင့် ပတ်သက်သည်များကို ဒေသတာဝန်ခံ ဦးဇော်ဝင်းသိန်းက ရှင်းလင်းတင်ပြခဲ့ ပါသည်။ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဆင်စခန်းအတွင်း အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးခဲ့ပြီး ဆင်စခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာ၍ ဆင်များကို အစာများကျွေးခဲ့ကြပါသည်။ ဗောဓိတထောင် ဆင်စခန်းဖွင့်ပွဲ အခမ်းအနားကို နံနက်(၀၉:၀၀) နာရီတွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ ပြည်သူများအနေဖြင့် မုံရွာမြို့၊ ဗောဓိတထောင်သို့ ဘုရားဖူးမြော်ရင်း “ဗောဓိတထောင် ဆင်စခန်း”သို့ လာရောက်လေ့လာ အပန်းဖြေနိုင်ပါကြောင်းနှင့် ဆင်စီးခြင်း၊ ဆင်အစာကျွေးခြင်းနှင့် သဘာပတ်ဝန်းကျင် အလှအပများကိုလည်း ကြည့်ရှု့လေ့လာ ခံစားနိုင်ကြောင်း သိရှိရပါသည်။

14-7-2019 sgg 00814-7-2019 sgg 00914-7-2019 sgg 01014-7-2019 sgg 01114-7-2019 sgg 01214-7-2019 sgg 01314-7-2019 sgg 01414-7-2019 sgg 01514-7-2019 sgg 016

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

(၁၃-၇-၂၀၁၉)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိဌာနဆိုင်ရာများမှ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာ ဆေးခန်းဝန်ထမ်းအိမ်ရာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး (၁၀၁၅)နာရီအချိန်တွင် တလိုင်းကျေးရွာ ရေကန်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးပြီး (၁၁၀၀)နာရီအချိန်တွင် ကျောက်ဖြူရေပေးဝေရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

14-7-2019 sgg 01714-7-2019 sgg 01814-7-2019 sgg 01914-7-2019 sgg 02014-7-2019 sgg 02114-7-2019 sgg 02214-7-2019 sgg 02314-7-2019 sgg 02414-7-2019 sgg 02514-7-2019 sgg 02614-7-2019 sgg 02714-7-2019 sgg 028

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon