စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ပြည်သူများသို့ ပန်ကြားချက်

COVID-19 အဆုတ်ရောဂါ ထိန်းချုပ်ရေးအတွက် ပြည်သူတစ်ဦးချင်းက လိုက်နာဆောင်ရွက်ရန် အလွန်အရေးကြီးပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေဖြင့် တစ်ဦးတစ်ယောက်မျှ ရောဂါမဖြစ်စေလိုပါ။ တစ်ဦးတစ်ယောက်မှ အသက်ဆုံးရှုံးမှု မရှိစေလိုသောကြောင့် ရောဂါထိန်းချုပ်ရန်အတွက် အောက်ဖော်ပြပါ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ရန် အလွန်အရေးကြီးပါသည်။

အသွားအလာ ကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများ လိုက်နာရန်

ပြည်ပမှ ပြန်လာသူများသည် မိမိနေအိမ်သို့ ပြန်ရောက်ပြီး (၁၄)ရက်အတွင်း နေအိမ်တွင် သီးခြားအခန်းဖြင့် နေထိုင်ပြီး လေဝင်လေထွက် ကောင်းစေရန် ပြတင်းပေါက်များကို ဖွင့်ထားပါ။ အိမ်သားများနှင့်အတူ ရောနှောနေထိုင်ခြင်း မပြုဘဲ တစ်ဦးနှင့်တစ်ဦး ၁မီတာ(၃ပေ)အထက် အကွာတွင် နေထိုင်ပါ။ မိသားစုနှင့် အတူတကွ စားသောက်ခြင်း မပြုပါရန်။ အိမ်တွင် ဧည့်သည် လက်ခံခြင်း လုံးဝမပြုလုပ်ပါနှင့်၊ အခြားသူများနှင့် အနီးကပ်ပြောဆိုခြင်း လုံးဝရှောင်ကျဉ်ပါ။

ကာကွယ်မှုနည်းလမ်းများ

လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ မကြာခဏ ဆေးကြောပါ (သို့မဟုတ်) အရက်ပြန် (Alcoho) အနည်းဆုံး (၆၀) ရာခိုင်နှုန်းပါဝင်သည့် လက်သန့်စင် ဆေးရည်ကို အသုံးပြု၍ သန့်စင်ပါ။ အထူးသဖြင့် အပြင်မှပြန်လာပြီးတိုင်း၊ အများပြည်သူ အသုံးပြုသည့် ပစ္စည်းများ (ဥပမာ-လှေကား၊ လက်ရမ်း၊ ဓတ်လှေကားခလုတ်၊ တံခါးလက်ကိုင်)ကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ လက်ကို မဆေးကြော မသန့်စင်ပဲ မိမိ၏ နှာခေါင်း၊ ပါးစပ်နှင့် မျက်နှာတို့ကို ကိုင်တွယ်ခြင်းမှ ရှောင်ကျဉ်ပါ။ မိမိ၏ မိသားစု၊ မိတ်ဆွေများကို မိမိကြောင့် ရောဂါမကူးစက်ပါစေရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ပါ။

ရှောင်ကျဉ်ရမည့် နေရာများ

လူထူထပ်သော ပွဲလမ်းသဘင် အခမ်းအနားကို သွားရောက်ခြင်းမှ ရှောင်ကျဉ်ပါ။ တတ်နိုင်သမျှ အိမ်းတွင်းပဲ နေထိုင်ပါ။ အသက်(၆၀)နှင့်အထက် အသက်ရွယ်ကြီးသူများနှင့် နာတာရှည်ရောဂါ (ဆီးချို၊ နှလုံး၊ သွေးတိုး၊ ကျောက် ကပ်၊ အသည်းစသည်)ရောဂါ ရှိသူများ အနေဖြင့် ပြင်ပသို့ သွားရောက်ခြင်းကို ယခု ကာလအတွင်း ရှောင်ကျဉ်ပါ။

ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်

ရောဂါကူးစက်ရာဒေသ၊ နိုင်ငံများမှ ပြန်လာသူများအနေဖြင့် အနီးဆုံးကျန်းမာရေးဌာနသို့ သတင်းပို့ပါ။ ကျန်းမာရေးဌာနမှ အသွားအလာ ကန့်သတ်ခြင်းနှင့် ရောဂါရှိသူအား သီးသန့်ထားရှိကုသခြင်း (isolation)လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်သိစွာ ပူးပေါင်းဆောင်ရွက်ကြပါ။ ထို့သို့ဆောင်ရွက်ခြင်းအားဖြင့် မိမိရောဂါ ကူးစက်ပြန့်ပွားပါက အမြန်ဆုံးထိရောက်စွာ ကုသနိုင်ရန် အသက်သေဆုံးခြင်းမှ ကာကွယ်နိုင်ပြီး မိမိ၏မိသားစု၊ မိတ်ဆွေများနှင့် မိမိရပ်ရွာသို့ ကူးစက်ပြန့်နှံ့ခြင်းအား ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ပါသည်။

စောင့်ကြည့်လူနာများအတွက် ကျန်းမာရေးဆောင်ရွက်မှုများ ပြုလုပ်ခြင်း

ကိုယ်အပူချိန်ကိုတစ်နေ့ (၂)ကြိမ်တိုင်းပါ။ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်းစသည့် လက္ခဏာများ ပေါ်ပေါက်လာပါက ပါးစပ်တွင် နှားခေါင်းစည်း တပ်ပါ။ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်ပါ။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ မရှိသေးသည့်အတွက် ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာကြပါရန်နှင့် COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြပါရန်နှင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအဆင့်ဆင့်ရှိ ဝန်ထမ်းများ၊ နှီးနွယ်ဌာနရှိ ဝန်ထမ်းများ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် အရပ်ဖက် အဖွဲ့အစည်းများအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်းနှင့် ၎င်းအဖွဲ့အစည်းများအပြင် ပြည်သူလူထု အားလုံးကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စောစောပြောပေးခြင်းဖြင့် သင့်နှင့် သင့်မိသားစုကို ကာကွယ်ပါ

2-4-2020 sgg 0012-4-2020 sgg 002

စောစောပြော မိုဘိုင်းလ် အပလီကေးရှင်းသည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ပြည်တွင်းနည်းပညာ ပညာရှင်များ၏ အကူအညီများဖြင့် ရေးဆွဲထားသော မိုဘိုင်းလ် အပလီကေးရှင်းဖြစ်ပါ သည်။
အဆိုပါ မိုဘိုင်းလ်အပလီကေးရှင်းသည် COVID-19နှင့် ပတ်သတ်ပြီး အသွားအလာ ကန့်သတ်ခြင်း ခံရသော ပြည်သူများနှင့် သံသယလူနာများသာ သီးသန့် သုံးစွဲရန်အတွက်ဖြစ်ပြီး မိမိကျန်းမာရေး အခြေအနေကို တစ်ရက်လျှင် နှစ်ကြိမ်နှုန်းဖြင့် သတင်းပို့ရန် အတွက်ဖြစ်ပါသည်။ ပုံမှန်သတင်းပေးပို့ခြင်းဖြင့် လူကြီးမင်း၏ ကျန်းမာရေး အခြေအနေကို သက်ဆိုင်ရာမှ အချိန်နှင့်တပြေးညီ သိရှိသွားမည်ဖြစ်ပြီး လိုအပ်သည့် ကျန်းမာရေး ဝန်ဆောင်မှုများကို ချက်ချင်း ဆောင်ရွက် ပေးသွားနိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လူကြီးမင်း၏ဖုန်းတွင် စောစောပြော မိုဘိုင်းလ် အပလီကေးရှင်းကို ထည့်သွင်း၍ ပုံမှန်သတင်းပို့မှုများ ပြုလုပ်ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။ အောက်ပါ QR Code ကို Scan ဖတ်ပြီးသော်လည်းကောင်း စောစောပြော အင်တာနက် စာမျက်နှာမှသော်လည်းကောင်း ဒေါင်းလုပ်ပြုလုပ်နိုင်ပါသည်။

အသုံးပြုပုံနှင့် ပတ်သတ်၍ သိလိုသည်များကို မေးမြန်းလိုပါက 09424000898၊ 0942400903၊ 09450000022 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

ဒေါင်းရန်နှိပ်ပါ... https://go.aws/3axihOa

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်း ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး၊ ဦးမိုးကျော်သူသည် (၂၈-၃-၂၀၂၀)ရက်နေ့ (၁၀:၁၅)နာရီ အချိန်တွင် ရွှေဘိုမြို့နယ်မြင်းစီးကျေးရွာ၊ (၁၀:၅၀)နာရီအချိန်တွင် ညောင်ကိုင်းကျေးရွာနှင့် (၁၂:၀၀)နာရီအချိန်တွင် တက်တူကျေးရွာများသို့ ရွှေဘိုခရိုင် စီ/ခန့်ဥက္ကဌ ဦးကိုကိုအောင်၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာခင်ဌေးသန်း၊ မြို့နယ်စီ/ခန့်ဥက္ကဌ ဦးသောင်းဟိန်းတို့နှင့်အတူ Community Based Facility Quarantine ခံယူနေသူများအား သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး Coronavirus Disease 2019 (COVID-19 ) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် ကိစ္စများ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

28-3-2020 sgg 00128-3-2020 sgg 00228-3-2020 sgg 00328-3-2020 sgg 004

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေး ၀န်ကြီးသည် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ Community Based Facility Quarantineအဖြစ် ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကွင်းဆင်းကြည့်ရှု့ စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေး ၀န်ကြီး ဦးမြင့်ကြည်သည် (၂၄.၃.၂၀၂၀) ရက်နေ့တွင် ပုလဲမြို့နယ်သို့လည်းကောင်း၊ (၂၆.၃.၂၀၂၀)ရက်နေ့တွင် မုံရွာမြို့နယ်သို့လည်းကောင်း၊ (၂၇.၃.၂၀၂၀)ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်များသို့ လည်းကောင်း (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်အတူ Community Based Facility Quarantineအဖြစ် ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စျေးများ၊ ကားလေးကွင်း၊ မြို့ဝင်ဂိတ်များတွင် ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

27-3-2020 sgg 02627-3-2020 sgg 02727-3-2020 sgg 02827-3-2020 sgg 02927-3-2020 sgg 03027-3-2020 sgg 03127-3-2020 sgg 03227-3-2020 sgg 03327-3-2020 sgg 034

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှု့ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

(၂၇.၃.၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌများ၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးတို့ ပါဝင်သည့် စုပေါင်းအဖွဲ့တို့နှင့်အတူ ရွှေဘိုခရိုင်အတွင်း မြို့ဝင်မြို့ထွက်များ၌ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်နေမှု အခြေအနေများ၊ Community Based Facility Quarantine ထားရှိနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း၊ လူစည်ကားရာ နေရာများဖြစ်သည့် ဈေးများ၊ လ္ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များသို့ သွားရောက်ပြီး COVID-19 ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ အဆင့်ဆင့်တို့မှ ထုတ်ပြန်ပေးသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်စေရေးတို့အတွက် အသိပညာပေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘိုခရိုင် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ စစ်ဆေးကြည့်ရှုခဲ့ပြီး COVID-19 ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြင်ဆင်ထားရှိသည့် သီးသန့် လူနာဆောင်အတွက် အောက်ဆီဂျင် အထိုင်စက်နှင့် ပိုက်လိုင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း  သတင်းရရှိပါသည်။

NewsNews News News News News News

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမိုးကျော်သူ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်း ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး၊ ဦးမိုးကျော်သူသည် (၂၄.၃.၂၀၂၀) ရက်နေ့တွင် ရွှေဘိုခရိုင်၊ ထွေ/အုပ်ရုံး အစည်းအဝေး ခန်းမ၌လည်းကောင်း၊ (၂၅.၃.၂၀၂၀)ရက်နေ့၊ နေ့လည်ပိုင်းတွင် ဝက်လက်မြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း၊ (၂၆.၃.၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ရေဦးမြို့နယ်နှင့် ခင်ဦးမြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးခန်းမများနှင့် နေ့လည်ပိုင်းတွင် တန့်ဆည်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ဒီပဲယင်းမြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးခန်းမတို့တွင် မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19 ) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးမှာကြားခြင်း၊ ပြည်ပမှပြန်လည် ရောက်ရှိလာသူများအတွက် Community Based Facility Quarantine စီစဉ်ထားရှိသည့် နေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ကျောက်မြောင်း - စဉ့်ကူးသွားကားလမ်း ရတနာသိင်္ခတံတားရှိ စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းစစ်ဆေးရေး အဖွဲ့အား ငွေကျပ်(၁၀၀၀၀ဝိ/-) ထောက်ပံ့ခဲ့ကြောင်းနှင့် ကျောက်မြောင်းမြို့အတွက် (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အဖျားတိုင်း သာမိုမီတာစက် (၂)လုံးနှင့် ရွှေဘိုမြို့အတွက် (၂)လုံး စုစုပေါင်း(၄)လုံး ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

News News News News News News News

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် Coronavirus Disease 2019 (COVID -19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှု့ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်

(၂၇.၃.၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြပ်မတ် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ကျ နယ်မြေဖြစ်သည့် မုံရွာ ခရိုင်အတွင်းရှိ မြို့နယ်များသို့ သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့်အတူ Community Based Facility Quarantine အဖြစ် ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး အလှူရှင်များမှ လှူဒါန်းသော ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို လက်ခံခြင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဉီးစီးဌာန၌ နေရပ်ပြန် အလုပ်သမားများအား ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပေးလျှက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း၊ ဘုတလင်မြို့နယ်အတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ခြင်းတို့ကို ဆောင်ရွက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော ကျန်းမာရေးစစ်ဆေးမှု အထောက်အကူပြု ပစ္စည်းများအား တာဝန်ရှိသူများသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

News News News News News

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon