စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ဆားတောင်မြို့အတွင်း ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့သို့ ရောက်ရှိပြီး ဆားတောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှု စစ်ဆေးခဲ့ကာ သတ်မှတ်ချိန်အတွင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဆားတောင်မြို့ ရေပေးဝေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် NEP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဆည်လေးတောရွာ လျှပ်စစ်မီးရရှိသည့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

 

23-9-2019 sgg 01523-9-2019 sgg 01623-9-2019 sgg 01723-9-2019 sgg 01823-9-2019 sgg 01923-9-2019 sgg 02023-9-2019 sgg 02123-9-2019 sgg 02223-9-2019 sgg 023

၂၀၁၉ ခုနှစ်၊ (၁၃၈၁)ခုနှစ် (၁၂၅)ကြိမ်မြောက် ဆုတောင်းပြည့် မြတ်စွာဘုရားကြီး မြသပိတ်စာရေးတံ ဆွမ်းလုံးပွဲတော်ကြီး အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်

၂၀၁၉ ခုနှစ်၊ (၁၃၈၁)ခုနှစ် (၁၂၅)ကြိမ်မြောက် ဆုတောင်းပြည့် မြတ်စွာဘုရားကြီး မြသပိတ်စာရေးတံ ဆွမ်းလုံးပွဲတော်ကြီးကို (၂၃.၉.၂၀၁၉)ရက်နေ့တွင် မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ၊ တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ/ ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ဖများ၊ ဆွမ်းလုံးအလှူရှင်များ၊ ဆုတောင်းပြည့် ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ရာ ဂေါပကအဖွဲ့ ဒုတိယဉက္ကဋ္ဌ ဦးကျော်ဌေးမှ ဆုတောင်းပြည့် ဘုရားကြီး ဆွမ်းလုံးဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းတင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ပထမဆုံး ဆွမ်းလုံးကုသိုလ်ရှင် စာရင်းအား စတင် မဲနှိုက်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းနောက် ဆုတောင်းပြည့်ဘုရား မြသပိတ်မဲကို မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် ပညာရောင်ခြည်ကျောင်းတိုက် တပည့်သာဝကများမှ လည်းကောင်း၊ ရွှေစည်းခုံဘုရား မြသပိတ်မဲကို ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ဆွမ်းလုံးအဖွဲ့မှလည်းကောင်း အသီးသီးမဲပေါက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ မြသပိတ်မဲပေါက်သည့် အသင်းအဖွဲ့များအား လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

23-9-2019 sgg 00123-9-2019 sgg 00223-9-2019 sgg 00323-9-2019 sgg 00423-9-2019 sgg 00523-9-2019 sgg 00623-9-2019 sgg 00723-9-2019 sgg 00823-9-2019 sgg 00923-9-2019 sgg 01023-9-2019 sgg 01123-9-2019 sgg 01223-9-2019 sgg 01323-9-2019 sgg 014

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ (၂၁.၉.၂၀၁၉)ရက်နေ့ နံနက်(၀၇၅၀) အချိန်တွင် မုံရွာမြို့၊ ရွှေစည်းခုံ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ အလှူငွေများပေးအပ်လှူဒါန်းပြီး၊ အရှေ့လေးထပ် ပရိယတ္တိ စာသင်တိုက်ကြီးသို့ သွားရောက်၍ ပဓာနနာယကဆရာတော် ဦးသုမနအား နဝကမ္မနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို မုံရွာမြို့၊ မြို့တော်ခန်းမ၌ နံနက်(၀၉၀၀)အချိန်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၃၂၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူက အမှာစကားပြောကြားခြင်း၊ တိုင်းအတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေကျပ်(၉၆၉)သိန်းအား ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးထံပေးအပ်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဦးက ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း၊ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနှင့်အဖွဲ့က မသန်စွမ်းသူများအား တစ်ဦးချင်းထောက်ပံ့ငွေ ပေးအပ်ခြင်းတို့ကို အသီးသီးဆောင်ရွက်ပြီး အခမ်းအနားကို (၁၀၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

21-9-2019 sgg 00121-9-2019 sgg 00221-9-2019 sgg 003

21-9-2019 sgg 00421-9-2019 sgg 00521-9-2019 sgg 00621-9-2019 sgg 00721-9-2019 sgg 00821-9-2019 sgg 00921-9-2019 sgg 01021-9-2019 sgg 01121-9-2019 sgg 012

Read more...

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၁၉) အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၁၉) အစည်းအဝေးကို (၂၀-၉-၂၀၁၉)ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးနှင့် ကော်မတီဝင်များ၊ ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မုံရွာရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူးက ပြီးခဲ့သည့် (၂/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ယခု(၃/၂၀၁၉)အစည်းအဝေးတွင် ဟိုတယ်တည်ဆောက်ခွင့်၊ ဟိုတယ်လိုင်စင် ခွင့်ပြုရေး ဆုံးဖြတ်ရန်အချက်များ၊ ဟိုတယ်လိုင်စင်သက်တမ်းတိုး၊ Guideလိုင်စင် သက်တမ်းတိုး ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုင်စင်ဆိုင်ရာ ကိစ္စရပ်များနှင့် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို အကြံပြုဆွေးနွေးခဲ့ကြပါသည်။

20-9-2019 sgg 00120-9-2019 sgg 00220-9-2019 sgg 00320-9-2019 sgg 00420-9-2019 sgg 00520-9-2019 sgg 006

စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး အထူးရှာဖွေ ကယ်ဆယ်ရေးသင်တန်း (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တက်ရောက်

ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး အထူး ရှာဖွေကယ်ဆယ်ရေး သင်တန်း (၁/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ၁၆-၉-၂၀၁၉ ရက်နေ့ နံနက် ၈ နာရီ အချိန် အဆိုပါ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က "စစ်ကိုင်းတိုင်းဒေသကြီးသည် စစ်ကိုင်းပြတ်ရွေ့ကြောတွင် ကျရောက်ပြီး ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်လျှက်ရှိသဖြင့် ပြည်သူများအနေဖြင့် ငလျင် မလှုပ်မီ၊ ငလျင်လှုပ်စဉ်၊ ငလျင်လှုပ်ပြီး ဆောင်ရွက်ရမည့်အချက်များ သိရှိစေရန်နှင့် ငလျင်ဘေး ကျရောက်လာပါက မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး စွမ်းရည်များ ပြသနိုင်ရန်အတွက် ဖြစ်ပါကြောင်းနှင့် ငလျင်လှုပ်ခတ်စဉ် မီးလောင်မှုများ ဖြစ်ပွားတတ်တာကိုလည်း သိရှိထားရန် လိုအပ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းကာလတွင် လေ့ကျင့်မှုများကို အားလုံးပူးပေါင်းကာ အားကြိုးမာန်တက် ကြိုးစားကြစေလိုကြောင်း" အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး သင်တန်းနည်းပြဆရာများက အထူးရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ သင်တန်းသား(၃၅)ဦးအား စက်တင်ဘာလ (၁၆) ရက်နေ့မှ (၂၀)ရက်နေ့အထိ သင်တန်းကာလ (၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပါသည်။

16-9-2019 sgg 03316-9-2019 sgg 03416-9-2019 sgg 03516-9-2019 sgg 03616-9-2019 sgg 03716-9-2019 sgg 03816-9-2019 sgg 03916-9-2019 sgg 04016-9-2019 sgg 04116-9-2019 sgg 042

မြန်မာ-အိန္ဒိယ(၂)နိုင်ငံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပ

(၁၅.၉.၂၀၁၉)ရက်နေ့ နေ့လည်(၃)နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာများမှ ဘောလုံးဝါသနာရှင် ဝန်ထမ်းများ၊ အနုပညာရှင်များ ပါဝင်သည့် ဘောလုံးအသင်းနှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ အနုပညာရှင်များနှင့် ဌာနဆိုင်ရာများ ပါဝင်သော Mami Thawan Football Team တို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ နှစ်နိုင်ငံချစ်ကြည်ရေး အဖြစ် ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး ဒေါ်တင့်တင့် (ခ)ဒေါ်ခြူးခြူး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဉီးမျိုးမောင် တိုင်းဒေသကြီး လွှတ်တော် ဒုတိယဉက္ကဌ ဉီးဘိုးသန်းညွန့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ဉပဒေချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့်ဇနီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းမှ ကျောင်းသူများ၊ အားကာသိပ္ပံ (မုံရွာ)မှ ကျောင်းသား/သူများ ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ပြိုင်ပွဲမစတင်ခင် မြန်မာအနုပညာရှင်များနှင့် မဏိပူရ်ပြည်နယ်မှ အနုပညာရှင်တို့သည် တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ပါကြောင်း၊ ၎င်းနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် Mr.RK Shiva Chandra (Convener, Act East Policy Committee ,Government of Manipur) တို့သည် နှစ်နိုင်ငံ အားကစားသမားများကို လိုက်လံနှုတ်ဆက်ခဲ့ပြီးနောက် မုံရွာသူနာပြု သားဖွားသင်တန်းကျောင်းမှ ကျောင်းသူလေးများမှ အားကစားသမားများကို အမှတ်တရ ပန်းစည်းများ ပေးအပ်ခဲ့ပြီး ချစ်ကြည်ရေးပွဲကို စတင်ကစားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အသင်းမှ Mami Thawan Football Team of Manipur အသင်းကို (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း ၎င်းနောက် (၂)နိုင်ငံ ဘောလုံးအသင်းအား အမှတ်တရ ဆုဖလားများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် Mr.RK Shiva Chandra (Convener, Act East Policy Committee ,Government of Manipur) အပါအဝင် နှစ်နိုင်ငံ အားကစားသမားများနှင့် အနုပညာရှင်များအား မုံရွာမြို့၊ မြို့တော်ခန်းမ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး ဒေါ်တင့်တင့် (ခ) ဒေါ်ခြူးခြူး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဉီးမျိုးမောင် တိုင်းဒေသကြီး လွှတ်တော် ဒုတိယဉက္ကဌ ဉီးဘိုးသန်းညွန့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ဉပဒေချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့်ဇနီး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် အားကစားသမားများ တက်ရောက်ကာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့ပြီး Mr.RK Shiva Chandra မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ထို့နောက် ချင်းတွင်းဒိုးအဖွဲ့နှင့် မြန်မာစောင်းတူရိယာ/ ပတ္တလားတို့ဖြင့် ဧည့်ခံဖျော်ဖြေပြီး ဝန်ကြီးချုပ်မှ Mr.RK Shiva Chandra တို့မှ ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး ညစာဖြင့်တည်ခင်း ဧည့်ခံခဲ့ပါသည်။

16-9-2019 sgg 00116-9-2019 sgg 00216-9-2019 sgg 00316-9-2019 sgg 00416-9-2019 sgg 00516-9-2019 sgg 00616-9-2019 sgg 00716-9-2019 sgg 00816-9-2019 sgg 00916-9-2019 sgg 01016-9-2019 sgg 01116-9-2019 sgg 01216-9-2019 sgg 01316-9-2019 sgg 01416-9-2019 sgg 01516-9-2019 sgg 01616-9-2019 sgg 01716-9-2019 sgg 01816-9-2019 sgg 01916-9-2019 sgg 02016-9-2019 sgg 02116-9-2019 sgg 02216-9-2019 sgg 02316-9-2019 sgg 02416-9-2019 sgg 02516-9-2019 sgg 02616-9-2019 sgg 02716-9-2019 sgg 02816-9-2019 sgg 02916-9-2019 sgg 03016-9-2019 sgg 03116-9-2019 sgg 032

 

သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

၂၀၁၉ ခုနှစ်၊ သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို (၁၃-၉-၂၀၁၉)ရက်နေ့ (၀၈၀၀)အချိန်တွင် မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးဘိုသန်းညွန့်၊ တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်/ ကောလိပ်/ အခြေခံပညာ အထက်တန်းကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ တက္ကသိုလ်/ကောလိပ်များမှ ဆုရကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ၊ ပညာရေးကောလိပ်မှ ကျောင်းသား/သူများ၊ သူနာပြု/သားဖွား သင်တန်းကျောင်းမှ ကျောင်းသူများ၊ အခြေခံပညာ အထက်တန်းကျောင်းအဆင့် ဆုရကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသား/ သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထု (၅၁၀)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဆုရကျောင်းသား/ သူများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အသိပညာပေး ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် တက္ကသိုလ်/ ကောလိပ်အဆင့် ဆုရရှိသူ(၈)ဦး၊ အထက်တန်းအဆင့် ဆုရရှိသူ( ၈ )ဦး စုစုပေါင်း ( ၁၆ )ဦးတို့အား ဆုချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသူများနှင့် ကျောင်းသား/သူများကို လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် စုစုပေါင်း( ၁၀၂၀ )စောင် ဖြန့်ဝေကာ အခမ်းအနားကို (၀၉၀၀)အချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

13-9-2019 sgg 01513-9-2019 sgg 01613-9-2019 sgg 01713-9-2019 sgg 018

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon