စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သည် ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှ တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသော အလုပ်သမား(၁၁)ဦးအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့ (၁၃၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှ တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသော အလုပ်သမား(၁၁)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအခမ်းအနားသို့ တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီးလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသည့် မင်းကင်းမြို့နယ်မှ အလုပ်သမား(၁၁)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေး ဝန်ကြီးတို့မှ အားပေးစကားပြောကြားခြင်း၊ အလုပ်သမားများက ၎င်းတို့တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို တင်ပြပြီး ကူညီကယ်တင်ခဲ့သဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ( ၁ )ဦးလျှင် ကျပ် ( ၁ )သိန်းနှုန်းဖြင့် စုစုပေါင်းကျပ်( ၁၁ )သိန်းနှင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ၎င်းအလုပ်သမား( ၁၁ )ဦးအား မင်းကင်းမြို့နယ်သို့ ပြန်လည်ပို့ဆောင်ပေး၍ မင်းကင်းမြို့နယ် စီမံခန့်ခွဲရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ မိဘများထံ ပြန်လည်အပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိဘပြည်သူများအနေဖြင့် ပြည်ပနိုင်ငံများ၌ အလုပ်သွားရောက်လုပ်ကိုင်ပြီး ပြန်လာရန် အခက်အခဲရှိသော ပြည်သူများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

23-8-2019 sgg 01323-8-2019 sgg 01423-8-2019 sgg 01523-8-2019 sgg 01623-8-2019 sgg 01723-8-2019 sgg 018

မွန်ပြည်နယ်ရေဘေးသင့် ပြည်သူများအတွက် အလှူခံရရှိငွေများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် မုံရွာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများမှ စုပေါင်း၍ အလှူခံကောက်ခံရရှိငွေကျပ် (၆၇၁၀၃၀၀)နှင့် အဝတ်အထည်များကို မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသို့ (၂၂.၈.၂၀၁၉)ရက်နေ့ ညနေ(၁၅၀၀)နာရီ အချိန်တွင် လာရောက်လှူဒါန်းခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ မုံရွာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာသူရဉီး၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ပြီး ကောက်ခံရရှိငွေကျပ်(၆၇၁၀၃ဝဝိ/-)နှင့် အဝတ်အထည် ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

23-8-2019 sgg 00123-8-2019 sgg 00223-8-2019 sgg 00323-8-2019 sgg 00423-8-2019 sgg 00523-8-2019 sgg 00623-8-2019 sgg 00723-8-2019 sgg 00823-8-2019 sgg 00923-8-2019 sgg 012

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးသည် နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ၂၀၁၉ခုနှစ်၊ နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားကို (၁၉.၈.၂၀၁၉)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန် မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယဉက္ကဌ၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များနှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အဖွင့်မိန့်ခွန်းပြောကြားပြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဉီးဝေမိုးနိုင်က နိုင်ငံတကာလူငယ်များနေ့ အကြောင်းကို မိတ်ဆက်ပြောကြားကာ ချင်းတိုင်းရင်းသား တက္ကသိုလ်ကျောင်းသားများ မိသားစုမှ အကများဖြင့် ဖျော်ဖြေတင်ဆက် ကပြခဲ့ကြပါသည်။

19-8-2019 sgg 00119-8-2019 sgg 00219-8-2019 sgg 00319-8-2019 sgg 00419-8-2019 sgg 00519-8-2019 sgg 00619-8-2019 sgg 00719-8-2019 sgg 00819-8-2019 sgg 00919-8-2019 sgg 01019-8-2019 sgg 01119-8-2019 sgg 012

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

(၁၇-၈-၂၀၁၉)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှ၊ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/မများ တက်ရောက်ခဲ့ကြပြီး ဂုဏ်ထူးရ ကျောင်းသား/သူများအား ဆုများ အသီးသီး ချီးမြှင့်ခဲ့ပါသည်။

17-8-2019 sgg 01217-8-2019 sgg 01317-8-2019 sgg 01517-8-2019 sgg 01617-8-2019 sgg 01717-8-2019 sgg 01417-8-2019 sgg 01817-8-2019 sgg 01917-8-2019 sgg 020

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသည် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် (၁၆-၈-၂၀၁၉) ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးဌာန၊ ရုံးအမှတ်(၃) နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင် ကုန်သွယ်မှု မရှိစေရေး ဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။

17-8-2019 sgg 00617-8-2019 sgg 00717-8-2019 sgg 00817-8-2019 sgg 00917-8-2019 sgg 01117-8-2019 sgg 010

ဝင်ခွင့်စာမေးပွဲ ဖြေဆိုရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ သွားရောက်ကြည့်ရှု့

၂၀၁၉-၂၀၂ဝပညာသင်နှစ်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ B.Ed(၅)နှစ်သင်တန်း အမှတ်စဉ်(၈)နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း) ဝင်ခွင့်စာမေးပွဲ ရေးဖြေစစ်ဆေးခြင်းကို မုံရွာမြို့ အထက(၂)နှင့် အထက(၃) စာစစ်ဌာန အသီးသီးတွင် (၁၇-၈-၂၀၁၉)ရက်နေ့ (၀၉၀၀)အချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် အဖွဲ့ဝင်များမှ သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

အဆိုပါ စာမေးပွဲတွင် ပညာရေးဘွဲ့ B.Ed(၅)နှစ် သင်တန်းအမှတ်စဉ် (၈)သို့ ဝင်ရောက်ဖြေဆိုသူ (၆၃၃)ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)သို့ ဝင်ခွင့်ဖြေဆိုသူ (၃၅၀)ဦးတို့ ဖြေဆိုခဲ့ကြပါသည်။

17-8-2019 sgg 00117-8-2019 sgg 00217-8-2019 sgg 00317-8-2019 sgg 00417-8-2019 sgg 005

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon