စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

မုံရွာမြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးအလုံအလောက်ရရှိရေး ထရန်စဖေါ်မာအသစ်တစ်လုံးပြောင်းလဲ တပ်ဆင်

မုံရွာမြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးအလုံအလောက်ရရှိရေး

ထရန်စဖေါ်မာအသစ်တစ်လုံးပြောင်းလဲ တပ်ဆင်လျက်ရှိ

 

e

 

မုံရွာ မေ ၂၁

 

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာဓါတ်အားခွဲရုံမှ မုံရွာမြို့အပြင်အရာတော်၊ ချောင်းဦး ဘုတလင်မြို့နယ်များသို့ ဖြန့်ဝေပေးလျက်ရှိရာ မုံရွာမြို့သို့ ဖြန့်ဝေပေးလျက်ရှိသော ထရန်စဖော်မာသည် မြို့လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ လျှပ်စစ်မီးအသုံးပြုမှုများပြား လာကာလုံလောက် မှုမရှိသဖြင့် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများသို့ အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိရာ မကြာခဏလျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ လျှပ်စစ်မီး လုံလောက်စွာရရှိရေး မူလတပ်ဆင်ထားသော 5MVA ထရန်စဖော်မာနေရာတွင် 10MVA ထရန်စဖော်မာသစ်တစ်လုံးကို ပြောင်းလဲတပ်ဆင်လျက်ရှိကြောင်း သိရသည်။

          10MVA ထရန်စဖော်မာသစ်တစ်လုံးတပ်ဆင်နေမှုနှင့်ပတ်သက်ပြီး `` မုံရွာမြို့မှာက နွေရာသီဆို အပူချိန်မြင့်တက်တဲ့အတွက် လျှပ်စစ်ဓါတ်အားသုံးစွဲမှုက မြင့်တက်တယ်၊ အဲဒိလို မြင့်တက်လာတဲ့အတွက်  လက်ရှိအသုံးပြုနေတဲ့ 5MVA ထရန်စဖော်မာနဲ့က လုံလောက်မှုမရှိတဲ့ အတွက် အလှည့်ကျပေးတဲ့စနစ်အရ လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်ပေါ်နေတယ်၊ အဲဒိလိုမီးပြတ် တောက်မှုတွေမဖြစ်ပေါ်စေဖို့အတွက် ၁ဝဠြဗ ထရန်စဖော်မာသစ်တစ်လုံးကို ပြောင်းလဲတပ်ဆင်ပြီး တိုးချဲ့ဖြန့်ဝေပေးသွားမှာပါ၊ အခုလက်ရှိမေလအတွင်းမှာ  မုံရွာမြို့ပေါ်မှာရှိတဲ့ နန္ဒဝန်ဓါတ်အားခွဲရုံမှ 3.7MW ၊ စက်မှုဇုန်ဓါတ်အားဖြန့်ဖြူးရေးမှာ 12MW ၊ မြို့ပေါ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး အတွက် 7.7MW နဲ့ ယခုနွေရာသီမှာ လျှပ်စစ်မီးအလုံအလောက်ရရှိရေး ဆောင်ရွက်ထားပါတယ်၊ ရေအားလျှပ်စစ်ထုတ်လုပ်မှုလျော့နည်းမှုကြောင့် လျှပ်စစ်မီးအလုံအလောက်ရရှိစေရေး အတွက် GAS နဲ့ အခြားလျှပ်စစ်ထုတ်စက်များဖြင့်ဖြန့်ဖြူးပေးသွားမှာပါ၊ ထရန်ဖော်မာသစ်တပ်ဆင်ရေး လုပ်ငန်းတွေက မေလ နောက်ဆုံးပတ်လောက်ဆိုပြီးမှာပါ၊ တပ်ဆင်ပြီးတာနဲ့ ဖြန့်ဝေပေးသွား မှာပါ´ဟု မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

          10MVA ထရန်စဖော်မာသစ်တစ်လုံးတပ်ဆင်ရေးလုပ်ငန်းများကို မေလ(၁၇)ရက်နေ့တွင် စတင်လုပ် ဆောင်လျက်ရှိပြီး မေလနောက်ဆုံးပတ်တွင် မုံရွာမြို့နယ်အတွင်းသို့ လျှပ်စစ်မီး အလုံအလောက်ဖြန့်ဝေပေး နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

(ဖိုးချမ်း-မုံရွာ)

မြင်းမူမြို့နယ်၊ ပုလဲတန်ကျေးရွာတွင် ရေတိုင်စနစ်ဖြင့် ရေများ စတင်ဖြန့်ဝေပေး

မြင်းမူမြို့နယ်၊ ပုလဲတန်ကျေးရွာတွင် ရေတိုင်စနစ်ဖြင့် ရေများ စတင်ဖြန့်ဝေပေး

w

 

 

w2

 မြင်းမူ  မေ(၂၀)

          ဧရာဝတီမြစ်အတွင်းမှ မြစ်ရေကို ရေတင်စက်ဖြင့်တင်ပြီး ကျေးရွာအတွင်း ရေတိုင် စနစ်ဖြင့် ရေများ စတင်ဖြန့်ဝေပေးသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ပုလဲတန်ကျေးရွာတွင် မြစ်ရေများကို ဖူလုံစွာ ရရှိနေကြပြီ ဖြစ်ကြောင်း သိရသည်။

          ဧရာဝတီမြစ်နှင့် (၄)မိုင်ခန့် ဝေးကွာသော ပုလဲတန်ကျေးရွာသည် ယခင်က သောက်ရေ၊ သုံးရေ ခက်ခဲခဲ့သော်လည်း ယခုအခါ ဧရာဝတီမြစ်အတွင်းမှ မြစ်ရေကို (၁၀) ကီလို လျှပ်စစ်မော်တာနှင့် (၂)လက်မ ရေပိုက်များဖြင့် ကျေးရွာအတွင်းရှိ အလျား(၁၂)ပေ၊ အနံ(၈)ပေရှိ ရေကန်ကြီးသို့ နေ့စဉ်တင်ပေးလျက်ရှိပြီး ရေကန်အတွင်းမှ ရေကို ရေတိုင်စနစ် ဖြင့် ကျေးရွာအတွင်း ဖြန့်ဝေပေးခြင်းဖြစ်သည်။

          " အရင်က နွေပိုင်းမှာ ရေ အခက်အခဲရှိခဲ့ပါတယ်။ အခု ဧရာဝတီမြစ်ရေကို ကျေးရွာ အရောက် ရေရရှိအောင် အလှူရှင်က အကုန်ကျခံ လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီမြစ်ရေကို ရေကန်ထဲမှာ သိုလှောင်ပြီးတော့ ကျေးရွာအတွင်းက အိမ်တွေဆီအရောက် ရေတိုင်များနဲ့ ဖြန့်ဝေပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကျေးရွာအတွင်းမှာ မီးသတ်ရေတိုင် (၁၅)တိုင်ကိုပါ စီစဉ်ထားရှိထားပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရွာမှာ လျှပ်စစ်မီးလည်း ရှိနေပြီ။ ရေလည်း ဖူလုံအောင် ရရှိနေလို့ ကျေးရွာပြည်သူများအားလုံး အဆင်ပြေနေကြပါပြီ " ဟု ပုလဲတန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဆွေက ပြောပြသည်။

          ဧရာဝတီမြစ်မှ ကျေးရွာအရောက် ရေရရှိရေးအတွက် ရန်ကုန်မြို့မှ အလှူရှင် ဦးရန်မိုးလျန်+ဒေါ်လီကျူရှန်း၊ မိသားစုက အကုန်ကျခံ လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ပုလဲတန်ကျေးရွာတွင် အိမ်ခြေ(၁၈၈)အိမ်အနက်မှ (၁၈၀)အိမ်သို့ ရေတိုင်စနစ်ဖြင့် ရေများ ပို့လွှတ်ဖြန့်ဝေနေပြီဖြစ်ရာ ကျေးရွာပြည်သူများအတွက် သောက်ရေ၊ သုံးရေနှင့် တိရစ္ဆာန် သုံးရေများ ဖူလုံစွာ ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)

ဒီပင်္ကရာတောင်တက်မြေနီလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အသစ်တိုးချဲ့တည်ဆောက်ခြင်း

မော်လိုက် မေ    ၂၁

            ဒီပင်္ကရာတောင်တော်ပေါ်သို့ ပြည်သူများ တစ်နှစ်ပတ်လုံး အလွယ်တကူ တက်ရောက်ဥပုတ် သတင်း သီလဆောက်တည်နိုင်ရန် ရည်ရွယ်၍ ကွန်ကရစ်လမ်းသစ်တိုးချဲ့ ဖောက်လုပ်ခြင်းကို ဒီပင်္ကရာကျောင်းထိုင် ဆရာတော် ဦးသုစိတ္တမှ အလှူငွေကျပ်(၂)သိန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးမှ ဘိလပ်မြေအိတ် အလုံး(၉၀၀) တို့ကို မတည်ပြီး ပြည်သူလူထုထည့်ဝင်လှူဒါန်းသည့် အလှူငွေများနှင့် ဘိလပ်မြေတို့ကို စုစည်း၍ အရှည် ပေ(၁၅၀၀)၊ အကျယ် (၁၀)ပေ၊ ထု အလယ်(၉။)နှင့် ဘေး(၇။)ရှိသည့် ကွန်ကရစ်လမ်းသစ် ဖောက်လုပ်တည်ဆောက်ခြင်းကို မေ လ ၁၂ ရက်နေ့မှ စတင်၍ ပြည်သူ့ဆောက်လုပ်ရေးဌာနမှ  တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခုဆိုရင် အဆိုပါ မြေနီလမ်းအစား ကွန်ကရစ်လမ်း အဖြစ် အသစ်တိုးချဲ့ ဖောက်လုပ်နေသည်မှာ (၆၀%)ကျော်ခန့် ပြီးစီးခဲ့ပြီး နောက်ဆိုရင် တစ်နှစ်ပတ်လုံး မော်လိုက်-ကလေးဝ ကားလမ်းကနေ တရားဘာဝနာပွားများလိုသူများလာရောက်နိုင်တော့မည်ဖြစ်ပြီး နိုင်ငံခြားသားခရီးသွား ဧည့်သည် များလည်း အလွယ်တကူဝင်ရောက်လာနိုင်တော့မည် ဖြစ်ကြောင်းဒီပင်္ကရာတောင်တက်လမ်း ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ ကြားသိရသည်။

၂၀၁၅ခုနှစ်ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကျင်းပနိုင်ရေးအတွက်ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပ

ကသာ                                                                                                 မေလ( ၁၁ ) ရက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ကသာမြို့၌၂၀၁၅ခုနှစ်ဇွန်(၂၆)ရက်နေ့တွင်ကျရောက်မည့်အပြည်ပြည် ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ( ၁၈  )ကြိမ် မြောက် ပန်းချီ၊ကာတွန်း၊ပိုစတာနှင့်ကွန်ပျူတာပန်းချီပြိုင်ပွဲများအားကျင်းပနိုင်ရေးအတွက် ကြိုတင် လုပ်ငန်း အစည်း အဝေးကိုကသာ ခရိုင်စီမံခန့်ခွဲမှုကော်မတီရုံးခန်းမ တွင် မေလ ( ၁၁ ) ရက်  နံနက် ( ၉းဝဝ ) နာရီအချိန်က  ကျင်းပ ပြုလုပ်သည်။

          အဆိုပါအစည်းအဝေးတွင် ကသာခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ကသာခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှစိန်မှ ပြိုင်ပွဲကျင်းပမှုဆိုင်ရာ အထက်ဌာနမှညွှန်ကြားချက်များ ချပြရှင်းလင်းခြင်း၊  တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ပန်းချီ ၊ ကာတွန်း ပညာရှင်များမှ ပြိုင်ပွဲကျင်းပမှုဆိုင်ရာလိုအပ် ချက်များ အကြံပြုဆွေးနွေးတင်ပြခြင်း ၊  ကသာခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းမှ နိဂုံးချုပ်အမှာစကားပြောကြား၍ပန်းချီ ကာတွန်း ပိုစတာနှင့် ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲတွင် မူလတန်းအဆင့် ၊ အလယ်တန်းအဆင့် ၊ အထက်တန်းအဆင့် မှ ကျောင်းသူ/ကျောင်းသား ပါဝင်ယှဉ် ပြိုင်ကြမည်ဖြစ်၍ ပြိုင်ပွဲကိုမေလ ( ၁၈ ) ရက်နေ့တွင်ကျင်းပသွားမည် ဟုသိရသည်။

                                                                                      ခရိုင်ပြန်/ဆက်

မဟာသင်္ကြန် အကျနေ့တွင် ပျော်ရွှင်စွာ ရေကစားသူများဖြင့် မုံရွာမြို့တွင် စည်ကားလျက်ရှိ

မုံရွာ      ဧပြီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော  ၁၃၇၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော် အကျနေ့ဖြစ်သော ဧပြီလ(၁၄)ရက်နေ့တွင် မုံရွာမြို့ရှိ လမ်းများ တစ်လျောက်တွင် ရေပက်ခံကားများ၊ မော်တော်ဆိုင်ကယ်များသည် အေးချမ်း ပျော်ရွှင်စွာ ရေပက် ခံကြလျှက်ရှိကြပြီး ရေကစားမဏ္ဍပ်များကလည်း သင်္ကြန်ရိုးရာ စတုဒီသာကျွေးမွေးခြင်း၊ သင်္ကြန်အကများဖြင့် ဧည့်ခံ ဖျော်ဖြေကြသည်။

ထို့ပြင် မုံရွာမြို့၏  အထင်ကရနေရာများနှင့် ဘုရားစေတီများတွင် ရပ်ဝေးရပ်နီးမှ  ဘုရားဖူးလာ သူများဖြင့် စည်ကားလျှက်ရှိသည်။

မုံရွာမြို့တွင် ရေပက်ခံထွက်သူများ၊ ဥပုဓ်သတင်းသီလ ဆောက်တည်သူများဖြင့် နှစ်သစ်ကို အေးချမ်း ပျော်ရွှင်စွာ ကြိုဆိုလျက် ရှိကြကြောင်း သိရှိရသည်။

(ဖိုးချမ်း-မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး(မုံရွာမြို့) ၁၃၇၆ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာ၊   ဧပြီ(၁၃)

            စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော စစ်က်ိုင်းတိုင်းဒေသကြီး (မုံရွာမြို့) ၁၃၇၆ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်း အနားကို ဧပြီလ(၁၃)ရက်၊ ညနေ(၅)နာရီခွဲအချိန် တွင် မုံရွာမြို့၊ မြို့တော်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးနှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသင်းလှိုင်နှင့်ဇနီး ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် တိုင်းဒေသကြီး ခရိုင် မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် ယိမ်းအလှပျိုဖြူလေးများ၊ အလှပြယာဉ်အဖွဲ့များနှင့် ပြည်သူများ တက်ရောက် ကြသည်။

            ရှေးဦးစွာ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက စစ်ကိုင်းတိုင်း ဒေသကြီး (မုံရွာမြို့) ၁၃၇၆ ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ၏ နှစ်သစ် ကူး အကြို နှုတ်ခွန်းဆက်သဝဏ်လွှာကို ဖတ်ကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး(မုံရွာမြို့)၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် ဗဟိုမဏ္ဍပ်အား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသင်းလှိုင်နှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။

            ထို့နောက် ဗဟိုမဏ္ဍပ်မှ ယိမ်းအလှပျိုဖြူလေးများနှင့် ဖျော်ဖြေရေးမဏ္ဍပ်များမှ ယိမ်းအလှပျို ဖြူလေးများက ကပြဖျော်ဖြေကြသည်။

            ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်များက အမွှေးနံ့သာရည်တို့ကို သပြေခက် များဖြင့် မဟာသင်္ကြန်ရေ ပက်ဖျန်းကြသည်။

            ထို့နောက် အလှပြယာဉ်အဖွဲ့များက အလှည့်ကျ ဖျော်ဖြေကြပြီး ဗဟိုမဏ္ဍပ်မှ ယိမ်းအလှပျို ဖြူလေးများက ပြန်လည် ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

(တိုင်းပြန်/ဆက်)

လေးကျွန်းစကြာထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသတ္တဌာနဌာပနာတော်သွင်းလှူခြင်းနှင့် ဒုတိယအကြိမ် မြောက်အလှူငွေပေးအပ်ပွဲကျင်းပ

မုံရွာ-မတ်(၂၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ခတ္တကန်တောင်ကျေးရွာ၊ ဗောဓိတထောင်သာသနာ နယ်မြေအတွင်းရှိ ဗန္ဓဝတောင်တွင်တည်ဆောက်လ က်ရှိသောဉာဏ်တော်အမြင့် (၂၃၄)ရှိလေးကျွန်းစကြာ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သတ္တဌာန ဌာပနာတော်သွင်းလှူခြင်းနှင့် ဒုတိယ ကြိမ်မြောက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကိုမတ် လ(၂၂)ရက်နေ့နံနက်(၉)နာရီက အဆိုပါတည်ဆောက်ရေးလုပ်ငန်းခွင်တွင် ကျင်းပရ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီးဒေါ်ဝေဝေခိုင်၊တရားသူကြီးချုပ်၊ ဥပဒေချုပ်၊စာရင်းစစ်ချုပ်၊တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ဂေါပက အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

Read more...

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon