ပညာရေးကဏ္ဍ

ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ရင်သွေးငယ်များအား ကျောင်းဝတ်စုံနှင့်စာရေးကိရိယာများထောက်ပံ့ပေးအပ်

 

                စစ်ကိုင်း၊ဇွန်(၈)

         စစ်ကိုင်းခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ချို့တဲ့ကျောင်းသား/သူ များအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဇွန်(၈) ရက် နံနက်(၉)နာရီက စစ်ကိုင်းမြို့ တကောင်းရပ်ကွက် အမှတ်(၁၀) အခြေခံပညာမူလတန်းရွှေရိုင်တန်းကျောင်း၌ကျင်းပသည်။ ရှေးဦးစွာ စစ်ကိုင်းခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကိုယ်စား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးသန်းက အဖွင့် အမှာစကားပြောကြားပြီး၊ ရင်သွေးငယ်များအတွက် ကျန်းမာရေးအသိရှိရန် လက်ဆေးနည်း အဆင့်ဆင့်ကိုသင်ပြရှင်းလင်းပြောကြား၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကထောက်ပံ့ပေးအပ်သည့် အဆိုပါကျောင်းရှိ သူငယ်တန်းမှကျောင်းသား/သူ(၆၀)ဦးတို့အား ကျောင်းဝတ်စုံများကိုထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ကြီးဒေါ်ဖြူဖြူဝင်းကလက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြား၍ ကျောင်းသား/သူတစ်ဦးချင်းသို့ပြန်လည်ပေးအပ်ခဲ့သည်၊ ဆက်လက်၍ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းကပေးအပ်သည့် စာရေးကိရိယာနှင့် ကျောင်းသုံးဗလာ စာအုပ်(၂၀)ဒါဇင်ကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ဌေးဌေးက အဆိုပါကျောင်းရှိ သူငယ်တန်းမှ စတုတ္ထတန်းအထိကျောင်းသား/သူ(၁၈၇)ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။                                                  အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်/ရပ်ကွက်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့မိ၊မြို့ဖအဖွဲ့ဝင်များ တကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဟန်ရှိန်နှင့်ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့်ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြသည်ကို သိရသည်။                            

နိုင်ငံတစ်ဝန်းတက္ကသိုလ်ဝင်တန်းအောင်စာရင်းများထုတ်ပြန်ကြေညာ

နိုင်ငံတစ်ဝန်းတက္ကသိုလ်ဝင်တန်းအောင်စာရင်းများထုတ်ပြန်ကြေညာ

       စစ်ကိုင်း၊ဇွန်(၆)

     တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို နိုင်ငံတစ်ဝန်းရှိ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး၊ပြည်နယ်၊  ခရိုင်၊မြို့နယ်ပညာရေးမှူးရုံးများနှင့် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများတွင် ဇွန်(၆)ရက်နံနက်ပိုင်းကစ၍ ထုတ်ပြန်ကြေညာပေးခဲ့သည်၊ ထိုနည်းအတူ စစ်ကိုင်းဒေသကြီး စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့ ၌လည်း အခြေခံပညာအထက်တန်းကျောင်းများတွင် အောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့သည်ကိုသိရသည်။              စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အမှတ်(၁)၊အမှတ်(၂) နှင့်အမှတ်(၃)ကျောင်းများနှင့် ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးတို့တွင်လည်း စာမေးပွဲဖြေဆိုထားသူများ သူ့ထက်ငါအပြိုင်တိုးဝှေ့၍ အောင်စာရင်းများကို ကြည့်ကြသည်၊  ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စစ်ကိုင်းခရိုင် အတွင်း စစ်ကိုင်း၊မြင်းမူ၊မြောင်မြို့နယ်များအပါအဝင် စာစစ်ဌာန(၁၅)ခုတွင် (၇၅၉၉)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး (၃၀၅၁)ဦးအောင်မြင်ခဲ့သည်၊ စစ်ကိုင်းခရိုင်၏အောင်မြင်မှုရာခိုင်နှုန်းမှာ(၄ဝဒဿမ၁၅)ဖြစ်ပြီး၊ဂုဏ်ထူးပေါင်း(၅၉၁)ခုရရှိခဲ့သည်၊ စစ်ကိုင်းမြို့မှာဝင်ရောက်ဖြေဆိုသူ (၄၂၇၅)ဦးဖြစ်ပြီး၊အောင်မြင်သူ(၁၈၅၃)ဦး၊အောင်မြင်မှုရာခိုင်နှုန်းမှာ (၄၃ဒဿမ၃၅)၊ဂုဏ်ထူး (၄၀၆)ခု၊ မြင်းမူမြို့မှာဝင်ရောက်ဖြေဆိုသူ(၁၆၇၇)ဦး၊အောင်မြင်သူ(၆၄၄)ဦး၊အောင်မြင်မှုရာခိုင်နှုန်းမှာ(၃၈ဒဿမ၄၀)၊ဂုဏ်ထူး(၈၈)ခု၊မြောင်မြို့မှာ ဝင်ရောက်ဖြေဆိုသူ(၁၆၄၇)ဦး၊ အောင်မြင်သူ (၅၅၄)ဦး၊အောင်မြင်မှုရာခိုင်နှုန်းမှာ(၃၃ဒဿမ၆၄)၊ဂုဏ်ထူး(၉၇)ခုဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ကနီမြို့နယ် တက္ကသိုလ်ဝင် အောင်စာရင်းများထုတ်ပြန်

e8

                                                                                                                                    ကနီဇွန် ၆

                       ၂၀၁၄-၂၀၁၅ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကိုတစ်နိုင်ငံလုံးရှိစာစစ် ဌာနများ၌ ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့သည်။ ကနီမြို့နယ်အတွင်းရှိစာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၈၁၈ ဦးအနက် အောင်မြင်သူကျား ၃၉၅ ဦး မ ၅၉၈ ဦး၊ စုစုပေါင်း ၉၉၃ ဦး ဖြစ်၍ အောင်ချက်ရာခိုင်နှုန်း ၃၅ ဒသမ၂၄ ရာခိုင်နှုန်းအောင်မြင်ကြောင်းသိရသည်။

                       ကနီမြို့နယ်အောင်ချက်အနေဖြင့် ယခင်နှစ်က ၂၆ ရာခိုင်နှုန်းသာအောင်မြင်ပြီးယခုနှစ်တွင် အောင်ချက်မြင့်လာပြီးဂုဏ်ထူးရစာရင်းမှာခြောက်ဘာသာ  ၁ ဦး၊ လေးဘာသာ ၃ ဦး၊ သုံးဘာသာ ၃ရ ဦး၊ နှစ်ဘာသာ ၄၉ ဦးနှင့် တစ်ဘာသာ ၁၈ရ ဦးဖြစ်ကြောင်း သိရသည်။

မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မီဇုဟိုဘဏ်တို့သဘောတူညီမှုစာချွန်လွှာရေးထိုးခြင်းနှင့် ပညာသင်ဆု ချီးမြှင့်ပွဲကျင်းပ

e1e2

 

မုံရွာ     ဇွန် ၅

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာစီးပွားရေးတက္ကသိုလ်နှင့်မီဇုဟိုဘဏ်တို့သဘောတူညီမှု စာချွန်လွှာ ရေးထိုးပွဲနှင့် ပညာသင်ဆုချီးမြှင့်ပွဲ မုံရွာစီးပွားရေးတက္ကသိုလ်၊ သုံးထပ်ဆောင်ဘက်စုံခန်းမတွင် ဇွန်လ (၅)ရက်နေ့ နံနက်(၉)နာရီကကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း၊ မီဇုဟိုဘဏ်မှ မြန်မာနိုင်ငံရုံးခွဲကိုယ်စားလှယ်ချုပ် Testsuro Nonaka၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းထွန်းနှင့် ဆရာ၊ ဆရာမများ၊ မုံရွာတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်နှင့်ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသူများ၊ ပညာသင်ဆုရ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

Read more...

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇