ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

မုံရွာမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တိုင်းဒေသကြီးတာဝန်ခံနှင့် မုံရွာခရိုင်ကော်မရှင်အဖွဲ့ခွဲဝင်များတွေ့ဆုံ

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်( စစ်ကိုင်းတိုင်း ဒေသကြီး တာဝန်ခံ) ဦးဝင်းကြည်နှင့် မုံရွာခရိုင်နှင့် မုံရွာမြို့နယ်ကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံပွဲကို စက်တင်ဘာလ (၂၂)ရက်နေ့နံနက်(၉)နာရီက မုံရွာခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်( စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) က နောက်တစ်ကြိမ် မဲစာရင်းသည် နောက်ဆုံးအကြိမ် ကပ်ခြင်းဖြစ်သဖြင့် အမှားမပါစေအတွက် စေ့စပ်စွာ ဆောင်ရွက်ကြရန် လိုကြောင်း၊ ရပ်ကွက်ကျေးရွာများတွင် ပုံစံ(၃)လျှောက်လွှာများသည် အရေးကြီးသဖြင့် စနစ်တကျစိစစ် လက်ခံရန်နှင့် ထိန်းသိမ်းကြလိုကြောင်း၊ မဲစာရင်း စတင် ကြေညာသည့်အချိန်မှ ယခုနောက် ဆုံးအချိန်အတွင်း သေဆုံးသူများ၊ ယခင်သေဆုံးပြီး မဲစာရင်တွင် ထည်းသွင်းထားသူများ အတွက် ပယ်ဖျက် သည့်ပုံစံ(၄) များအားလည်း စနစ်တကျ ဆောင်ရွက်ထားရှိရန်၊ ရေကြီးနစ်မြုပ်သည့်ဒေသများတွင် မှတ်ပုံတင် ပျောက်ဆုံးခဲ့သူများ အား ဆန္ဒမဲသေသက်ခံလက်မှတ်များ ထုတ်ပေးပြီး မဲပေးစေမည်ဖြစ်ကြောင်း၊ ဆန္ဒမဲ ပေးပြီး မဲရေတွက်စဉ်တွင် ပယ်မဲများအား အများမြင်သာစေရန်နှင့် သက်ဆိုင်ရာ ပါတီမှ ကိုယ်စားလှယ် များအား ဦးစားပေးပြသပေးရန်၊ မဲများ ရေတွက်သည့်အခါ အမှားများ မဖြစ်ပေါ်စေရေးအတွက် ဆန္ဒမဲ ရေတွက်သည်ကို နှစ်ဆိုင်းဖြင့် ရေတွက်စေရန်၊ ပုံစံ(၁၅) အရ နိုင်ငံခြားရောက်သူများနှင့် နယ်ဝေးခရီးထွက် ခွာနေသူများအတွက် ကြိုတင်မဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာမှ အချိန်မီပေးပို့ရန်နှင့် ဆန္ဒမဲရှင်များအနေဖြင့် ကြိုတင်ဆန္ဒမဲများကို တိကျခိုင်လုံသော အကြောင်းပြချက်များဖြင့်အချိန်မီပြန်လည်ပေးပို့နိုင်ရေးတို့ကို သေသေချာချာ မှာကြား ပေးပို့ကြရန် တို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက်တွေ့ဆုံပွဲသို့ တက်ရောက်လာသောခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ ဝင်များက သိရှိလိုသည်များနှင့် ဖြစ်ပေါ်နိုင်သောအခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်( စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ)က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး မုံရွာမြို့ပေါ် ရပ်ကွက်များတွင် မဲစာရင်းများကပ်ထားသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသို့ မုံရွာခရိုင်အတွင်းမှ လွှတ်တော်အသီးသီးသို့ ကိုယ်စားလှယ် (၅၃)ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ဆန္ဒမဲရှင် (၂၄၁၇၁၈) ဦးတို့မှ မဲရုံ (၁၅၉)ရုံတို့တွင် ဆန္ဒမဲပေးကြမည်ဖြစ်ကြောင်း သိရသည်။

မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားခြင်းမရှိသူများအား အရာတော်မြို့နယ်တွင် ကွင်းဆင်းဆောင်ရွက်ပေး

လာမည့် ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်းမှ မဲဆန္ဒပေးပိုင်ခွင့်ရှိသူများစာရင်းတွင် အမည် ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းမရှိသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးက စက်တင်ဘာလ (၂၁)ရက်နေ့က အရာတော်မြို့၊ အမှတ်(၂)ရပ်ကွက် သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်း ဆောင်ရွက်သည့် နေရာသို့ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာနမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့် လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများအား နိုင်ငံသား ဆိုင်ရာ ကိစ္စရပ်များနှင့် လူတိုင်းနိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားကြရန် လိုအပ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အလားတူ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူးရုံးမှ အရာတော်မြို့နယ် ကျောက်ပျောက်ကျေးရွာအုပ်စုတွင်လည်း ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိ ရသည်။

အင်းတော်မြို့နယ် အခြေခံမဲဆန္ဒရှင် စာရင်းများအား ကြေညာမည်

 

အင်းတော် ၊ ဇွန် ၁၈

               အင်းတော်မြို့နယ်အတွင်း အခြေခံမဲဆန္ဒရှင် စာရင်းများအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများတွင် ( ၂၂-၆-၂၀၁၅ ) ရက်နေ့မှ ( ၅-၇-၂၀၁၅ ) ရက်နေထိ ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ ကျွန်တော်တို့ အခုလို အခြေခံမဲဆန္ဒရှင်စာရင်း တွေကို ကြေညာတဲ့အခါမှာ အမှားအယွင်းတွေရှိနေပါတယ်။ အဲ့ဒီ မဲဆန္ဒရှင်စာရင်းမှာ အမည်ထပ်မံထည့်သွင်းချင်ရင်သော်လည်းကောင်း၊ မဲစာရင်းမှာ သေဆုံးသွားတဲ့ မဲဆန္ဒရှင်တွေ၊ မြို့နယ်အတွင်းမှာ နေထိုင်ခြင်းမရှိတဲ့ မဲဆန္ဒရှင်တွေပါနေမယ်ဆိုရင် ပယ်ဖျက်ပေးရန်သော်လည်းကောင်း၊ မဲဆန္ဒရှင်ကို ကန့်ကွက်လိုလျှင်သော်လည်းကောင်း ကျွန်တော်တို့ ရပ်ကွက်/ကျေးရွာ တွေမှာရှိတဲ့ ကော်မရှင်ရုံးတွေမှာ ပုံစံ ( ၃ )၊ ပုံစံ ( ၄ ) စတဲ့ ပုံစံတွေနဲ့ လျှောက်ထားဆောင်ရွက်လို့ရပါတယ်။ မဲစာရင်းမှာ မိမိအမည်ပါ မပါ ၊ မိမိနှင့်သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါမပါ၊ အချက်အလက်တွေ မှန်မမှန် ဆိုတာကို မဲဆန္ဒရှင်တွေအနေနဲ့ သွားရောက်ကြည့်ရှုဖို့လိုအပ်ပါတယ်။ ဒီလိုသွားရောက်ကြည့်ရှု နိုင်ရေး လှုံ့ဆော်ပေးရန် အတွက် နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်ပြီးတော့ မြို့နယ်ကော်မရှင်အနေနဲ့ လှုံ့ဆော်ရေး ဗွီနှိုင်းတွေကိုလည်း မြို့နယ်အတွင်း ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်သွားမှလည်း ကျွန်တော်တို့ ကော်မရှင်အဖွဲ့အနေနဲ့ မှန်ကန်တဲ့ အခြေခံမဲစာရင်းကို ရရှိပြီးတော့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာနဲ့ အောင်မြင်အောင်ကျင်းပသွားနိုင်မှာဖြစ်ပါတယ်။ ” ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းမင်းလတ်က ပြောပြခဲ့သည်။

ချောင်းဦးမြို့နယ်တွင် အခြေခံမဲဆန္ဒရှင်များစာရင်း ကြေညာ

g2                                                                                                                          

                                                                                                                        ချောင်းဦး ဇွန်(၈)ရက်

                   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် ဇွန် (၈)ရက်၊ နံနက်မှ စတင်၍ အခြေခံမဲဆန္ဒရှင်များစာရင်းကို ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် လမ်းများတွင် စတင်ကြေညာထားပြီး ဖြစ်သည်။

                   ထို့သို့ အခြေခံမဲဆန္ဒရှင်များစာရင်း ကြေညာထားရှိမှုကို မုံရွာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသန်းအေး၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးသောင်းဒန်၊ မြို့နယ်စီမံခန့်ခွဲမှု့ကော်မတီဥက္ကဌ ဦးလှသိန်း၊ ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဌ ဦးအောင်မြင့် နှင့် အဖွဲ့ဝင်များက အခြေခံမဲဆန္ဒရှင်များစာရင်း ကြေညာထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

                   မဲစာရင်းကြေညာထားမှုနှင့် ပတ်သတ်ပြီး ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မြင့်က “၂၀၁၅ ခုနှစ်တွင် မဲပေးခွင့်ရှိသူစာရင်းများကို အတည်ပြုနိုင်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အသက်ပြည့်မီပြီး မဲပေးခွင့်စာရင်းတွင် ကျန်ရှိနေသူများ၊ အချက်အလက်မှားယွင်း၍ ပြင်ဆင်လိုသူများ၊ မဲပေးပိုင်ခွင့်မရှိသူများ ပါဝင်နေပါက ကန့်ကွက်ရန်စာရင်းများကို သတ်မှတ်ပုံစံဖြင့် ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းဖြင့် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း  ဟု ရှင်းလင်းပြောပြခဲ့ကြောင်း သိရှိရသည်။

 

၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးလုပ်ငန်းများ မြင်းမူမြို့တွင် အသိပညာပေးဆွေးနွေး

f4

မြင်းမူ   ဇွန်(၇)

            ၂၀၁၅ခုနှစ်၊ အောက်တိုဘာလကုန်(သို့)နိုဝင်ဘာလဆန်းတွင် ကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး လုပ်ငန်းများ အသိပညာပေးဆွေးနွေးပွဲကို ဇွန်လ(၆)ရက်က မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲတွင် မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးက ၂၀၁၅ခုနှစ်၊ အောက်တိုဘာလကုန်(သို့) နိုဝင်ဘာလဆန်းတွင် ရွေးကောက်ပွဲကြီးကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားပြီးဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အမျိုးသားရေးစိတ်ဓာတ်ဖြင့် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

            ဆက်လက်ပြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးလုပ်ငန်းများအတွက် ကြိုတင်ဆောင်ရွက်ရမည့် အစီအမံများ၊ မဲရုံများ လုံခြုံရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးက ဆက်လက်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြန်လည်ဆွေးနွေးခဲ့သည်။

            အဆိုပါ ၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးလုပ်ငန်းများ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုး၊ စခန်းမှူးများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇