စစ်ကိုင်းမြို့နယ်

စစ်ကိုင်းမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

စစ်ကိုင်းမြို့သည် အနန္တပူရ၊ ဇေယျပူရ၊ အတုလဝတီဟူ၍ အမည်သုံးမျိုးရှိပါသည်။ ဘီစီ၅၂၄တွင် ရာဇဂြိုလ်ပြည် ဘုရင်ဘဂီရမင်း၏ ညီတော်ဖြစ်သူ သတိုးသီဟသူက အနန္တပူရ မြို့တည်၍ အုပ်စိုးခဲ့ပါသည်။ ဦးကုလားရာဇဝင်အရ (၆၈၄)ခုနှစ် မှန်နန်းရာဇဝင်အရ(၆၇၇) ခုနှစ်တွင် အသင်္ခရာစောယွန်းသည် စစ်ကိုင်းအရပ်တွင် မြို့တည်၍ အတုလဝတီဟူ၍ သမုတ်ခဲ့ပါသည်။ သက္ကရာဇ်(၁၀၂၃)ခုနှစ်တွင် အလောင်းမင်းတရား၏ သားတော် နောင်တော်ကြီးမင်းက ဇေယျပူရအမည်ဖြင့် မြို့တည်အုပ်စိုးခဲ့ပါသည်။ ဧရာဝတီမြစ်သည် မြို့ တည်နေရာမှစ၍ လေးကိုင်းသဖွယ် စကိုင်းခြင်းကြောင့် စကိုင်းဟူ၍လည်းကောင်း၊ စူဠာသမ္မတ၊ မဟာသမ္မဝ မျက်မမြင်ညီနောင်နှစ်ဦးအား ဖောင်တော်ဖြင့် ရေမျောရာ စစ်ပင်ကြီးကိုင်းကျ နေသောအရပ်၌ ဖောင်တောင်နှင့် တိုက်မိသဖြင့် ယင်းအရပ်ကို စစ်ကိုင်းဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ပါသည်။

 

တည်နေရာနှင့်အကျယ်အဝန်း

စစ်ကိုင်းမြို့နယ်သည် ‌မြောက်လတ္တီတွဒ်၂၁ဒီဂရီ ၅၁ မိနစ် နှင့်၂၂ ဒီဂရီ ၁၃ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၃၆မိနစ်နှင့် ၉၆ ဒီဂရီ၁၃ မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၂၄)မိုင်နှင့် တောင်မှမြောက်သို့ (၂၇)မိုင်ရှည်လျားပါသည်။ စစ်ကိုင်းမြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

 

စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

စစ်ကိုင်း

၃.၆၉

၄၈၁.၄၇

၄၈၅.၁၆

မြို့နယ်ချုပ်

၃.၆၉

၄၈၁.၄၇

၄၈၅.၁၆

နယ်နမိတ်

စစ်ကိုင်းမြို့နယ်၏ အရှေ့ဘက်တွင် ဧရာ၀တီမြစ်၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ်၊ တောင်ဘက်တွင် ဧရာဝတီမြစ်၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ငါန်းဇွန်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မူးမြစ်၊ မြင်းမူမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

စစ်ကိုင်းမြို့နယ်သည် တောင်ကုန်းတောင်တန်းငယ်များနှင့် မြေပြန့်လွင်ပြင်များရောနှောတည်ရှိပါသည်။ မြေအနိမ့်အမြင့် အနည်းငယ် လှိုင်းထပါသည်။

ရေဆင်း

စစ်ကိုင်းမြို့နယ်၏ မြောက်ဘက် (၉)မိုင်ခန့်တွင် ရေဆင်းဧရိယာ(၂၆၀)စတုရန်း မိုင်ကျယ်ဝန်းသော ရေမျက်ကြီးအင်းနှင့် အနောက်ဘက်တွင် ရေခါးအင်း၊ ကောင်းမှုတော်အင်းတို့ တည်ရှိပါသည်။ ၄င်းအင်းများအပါအ၀င် အင်းပေါင်း(၃၅)အင်း ရှိပါသည်။ မြစ်ချောင်းအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည်။ ဧရာ၀တီမြစ်သည် သင်္ဘော/စက်လှေများလည်း သွားလာနိုင်သော မြစ်ဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

စစ်ကိုင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့် (၃ဝဝ) ပေအထက်တွင် တည်ရှိပါသည်။ မြို့နယ်အရှေ့ဘက်ရှိ စစ်ကိုင်းတောင်တန်းမှာ အမြင့်ဆုံးဖြစ်၍ အမြင့်ဆုံးနေရာမှာ(၁၃၇၃)ပေ မြင့်သည့် ရွှေမြင်တင်တောင်ထိပ်ဖြစ်ပါသည်။

 

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>Click Here

 

 

 

 

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon