မြောင်မြို့နယ်

မြောင်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

(က)     ကောဇာသက္ကရာဇ်(၄၅၄)ခုနှစ်တွင် ပုဂံထီးနန်းစိုးစံခဲ့သော အလောင်း စည်သူမင်းကြီးသည် ဧရာ၀တီမြစ်အတိုင်း ပုဂံမြို့မှ ဖောင်တော်ဖြင့် ဆန်တက်လာရာ ယခုအခါ ''မြောင်" သို့ခေါ်သော ကျေးရွာ ဆိပ်ကမ်းသို့ အရောက်တွင် မင်းကြီး၏ သစ် ကနက်ဖောင် သည် မဆန်လိုဘဲ ဖင့်နွှဲ့ရပ်တန့်နေပါသည်။ ဤကဲ့သို့ မဖြစ်စဘူး ထူးကဲလှ သည့်ဖြစ်ရပ်အား ပုဏ္ဏားဖြူ ၊ ပုဏ္ဏားညိုတို့အား မေးမြန်း လျှောက်တင်ခဲ့ရာ ခင်ဦးနှင့် ခင်လတ်တို့သည် ဆိပ်ကမ်းသာ၌ ခေါင်းလျော်၊ ခေါင်းဖီးရာမှ ကျွတ်လွတ်လာ သည့် ဆံချည်ထွေး များသည် မျောလာရာ သစ်ကနက် ဖောင်တော်အသွား ဖင့်နွှဲ့ရခြင်း ဖြစ်ပါကြောင်း၊ ဤသူဌေး သမီးနှစ်ဦးသည် မိန်းမမြတ်အင်္ဂါရပ်နှင့် ညီညွတ်သည် ဖြစ်ကြောင်း လျှောက်တင်ချက်အရ မင်းကြီးသည် ဤအရပ် ဒေသ၌ ဖောင်တော်ကို ''မြှောင်''၍ကပ်စေဟု မိန့်တော်မူချက် အရ ''မြှောင်''ဟုခေါ်တွင်ရာမှ ''မြောင်''ဟုခေါ်တွင် နေခြင်း ဖြစ်သည်ဟု အဆိုရှိခဲ့ပါသည်။

(ခ) ယခင်ကမြောင်သည် ကျေးရွာကြီးတစ်ရွာသာဖြစ်ပြီး သူကြီး အုပ်ချုပ် သောကျေးရွာဖြစ်ပါသည်။ (၁၂၅၃)ခုနှစ်တွင် မြောင်မြို့နယ်၊ ကျောက်ရစ်တိုက်နယ်ခွဲရှိ မြို့ပိုင်ရုံးကို မြောင်သို့ပြောင်း ရွှေ့လာသည့်အတွက် မြောင်မြို့ဟု ခေါ်တွင်လာခဲ့ပါသည်။ မြောင်မြို့၏ မြို့တည် သက္ကရာဇ်ကို ''သောသောကျော်အီ ၊ မြောင်မြို့တည်'' ဟုအဆိုရှိ ခဲ့ပါသည်။ ရှေးအခါက မြောင်ရွာ ကြီးတွင် တောင်ရွာ၊ မြောက်ရွာဟူ၍ ရပ်ကွက်ကြီး(၂)ခုရှိခဲ့ ရာမှ ယခုအခါ မြောက်ရပ်၊ အလယ်ရပ်၊ တောင်ရပ်၊ မြို့သစ် ရပ်ဟူ၍ ရပ်ကွက်(၄)ရပ်ကွက်ဖြင့် ဖွဲ့စည်း တည်ရှိပါသည်။

ပထဝီဝင် အနေအထား

တည်နေရာနှင့်အကျယ်အဝန်း

မြောင်မြို့နယ်သည် ‌မြောက်လတ္တီတွဒ် (၂၂)ဒီဂရီ (၅)မိနစ်၊ အရှေ့လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၂၅)မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့(၂၂)မိုင်နှင့် တောင်မှမြောက်သို့(၁၅)မိုင်ရှည်လျားပါသည်။ မြောင်မြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ (၁၇၄.၁၇)ဖြစ်ပြီး မြောင်မြို့၏ စတုရန်းမိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

မြောင်

၀.၆၆

၁၇၃.၅၁

၁၇၄.၁၇

မြို့နယ်ချုပ်

 

၀.၆၆

၁၇၃.၅၁

၁၇၄.၁၇

နယ်နမိတ်

မြောင်မြို့နယ်သည် အများအားဖြင့် မြေပြန့်လွင်ပြင်များဖြစ်ပြီး အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အနောက်ဘက်တွင် မကွေး တိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ တောင်ဘက်တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တို့ တည်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

မြောင်မြို့နယ်သည် မြေပြန့်ချိုင့်ဝှမ်း/ မြေပြန့်လွင်ပြင်နှင့် မြစ်ချောင်းများ ရှိပါသည်။

ရေဆင်း

မြောင်မြို့နယ်သည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ပေါင်းစုံရာ ဒေသ၏ မြောက်ဘက်အရပ်တွင် တည်ရှိပါသည်။ မိုးရာသီ ရေတက်ချိန်တွင် မြို့နယ်၏ (၃)ပုံ (၁)ပုံမှာ ရေဝင်ဒေသဖြစ်ပြီး မြစ်ရေများ ဝင်ရောက်ပါသည်။ ရေအရင်းအမြစ်အများစုမှာ ရေချိုများ ဖြစ်၍ စိုက်ပျိုးရေနှင့် သောက်သုံး ရေအဖြစ်အသုံးပြုနိုင်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

မြောင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၂၀၀)ပေ အထက်တွင် တည်ရှိပါသည်။ မြို့နယ်တွင်း အမြင့်ဆုံးတောင်ထိပ်မှာ ဆင်ဂေါင်းတောင်ဖြစ်ပြီး အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ (၁၅၀)ပေရှိပါသည်။ မြောင်မြို့နယ်၏ အနိမ့်ဆုံး အရပ်ဒေသမှာ ပန်းညိုကျေးရွာနှင့် မြစ်ဆုံကျေ:ရွာတို့ဖြစ်တို့ဖြစ်ပါသည်။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

မြောင်မြို့နယ်သည် အပူပိုင်းဒေသရာသီဥတုဖြစ်ပြီး အမြင့်ဆုံး အပူချိန် (၄၂C)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၂၈C)ဖြစ်ပါသည်။ နှစ်အလိုက် ဖြစ်ပေါ်ခဲ့သော မိုးရေချိန် နှင့် အပူချိန်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း မိုးရေချိန်

နွေရာသီ

( .c)

ဆောင်းရာသီ

( .c)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၃၅

၂၃.၉၆

၄၂' C

၂၈' C

၂၀၁၅

၄၁

၂၇.၈၀

၄၂' C

၂၈' C

၂၀၁၆

၄၇

၃၄.၄၈

၄၂' C

၂၈' C

၂၀၁၇

-

-

၄၂' C

၂၈' C

 

More Information

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon