ဘုတလင်မြို့နယ်

ဘုတလင်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း

ဒေသသမိုင်းအကျဉ်း

ဘုတလင်မြို့ ဖြစ်တည်လာပုံ သမိုင်းအထောက်အထား မရှိသော်လည်း ပါးစပ်ရာဇဝင်းအရ မူလက လယ်ယာလုပ်ကိုင်သူ မယ်ပုတလင်းတွင် လူအများစုဝေး နေထိုင်ရာမှ အစွဲပြု၍ " မယ်ပုတလင် "ဟု ခေါ်ဆိုခဲ့ပေသည်။ ထိုမှ ပုတလင် ကာလကြာသော် ဘုတလင်ဟု ပြောင်းလဲခေါ်ခဲ့ကြောင်း သိရသည်။ အလားတူ ဘုတလင်မြို့ မတည်မီ မြို့ဦးနေရာ၌ ဗုဒ္ဓစံပယ်ရာပလ္လင်သည် ညောင်ပင်အောက်၌ ရှိခဲ့သည်။ ထိုပလ္လင်ကို အစွဲပြု၍ ရွာတည်ကြသောအခါ ဗုဒ္ဓပလ္လင်ရွာဟု ခေါ်ဆိုခဲ့ကြသည်။ ကာလကြာသောအခါ "ဗုပလင်" ထိုမှ ဗုဓလင် ခေါ်စမှတ် ပြုကြပါသည်။ ဘုတလင်မြို့အား ၁၂.၁၂.၁၉၇၂ နေ့စွဲပါစာအမှတ်၊ ၁၀၃/၁၄/ စိတ် (၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ ကျေးရွာအုပ်စုများအား (၃၁.၁.၁၉၇၃) နေ့စွဲပါ စာ အမှတ် ၊ ၃ / ၉၁ / အထ (၂) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

 

ပထဝီဝင် အနေအထား

တည်နေရာနှင့် အကျယ်အဝန်း

ဘုတလင်မြို့နယ်သည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်း၌ ပါဝင်ပါသည်။ မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၁၅ မိနစ်နှင့် ၂၂ ဒီဂရီ ၄၅ မိနစ် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅၅ မိနစ်၊နှင့် ၉၅ ဒီဂရီ ၁၈ မိနစ် အကြားတွင် တည်ရှိပါသည်။ မြို့နယ်နှင့် မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့အမည်

မြို့ဧရိယာ

စတုရန်းမိုင်

​ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ် စတုရန်းမိုင်

ဘုတလင်

၀.၅၉၄

၄၁၄.၂၀၆

၄၁၄.၈၀

နယ်နိမိတ်

ဘုတလင်မြို့နယ်၏ အရှေ့ဘက်တွင် အရာတော်မြို့နယ်၊ တောင်ဘက်တွင် မုံရွာမြို့နယ်၊ အနောက်ဘက်တွင် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်၊ မြောက်ဘက်တွင် ဒီပဲယင်းမြို့နယ်များ နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိပါသည်။

 

မြေမျက်နှာသွင်ပြင်

ဘုတလင်မြို့နယ်၏ အရှေ့နှင့်အနောက်ဘက်တွင် တောင်ပူစာများရှိ၍ ကျန်နေရာများမှာ ချိုင့်ဝှမ်းလွင်ပြင်များ ဖြစ်ပါသည်။ မြို့နယ်၏ အနောက်ဘက်နှင့် အနောက်တောင်ဘက်တွင် ချင်းတွင်းမြစ်ကြောင်း စီးဆင်းလျှက်ရှိပါသည်။

 

ရေဆင်း

ချင်းတွင်းမြစ်သည် ဘုတလင်မြို့နယ်၏ အနောက်ဘက်မှစီးဆင်း လျက်ရှိပါသည်။ ချင်းတွင်းမြစ်သည် နွေရာသီတွင် အချို့နေရာများ၌ ရေအနက် (၃)ပေခန့်သာရှိ၍ ရေယာဉ်ကြီးများ သွားလာမှု အခက်အခဲကြုံတွေ့ရပါသည်။  ဘုတလင်မြို့နယ်အတွင်း မိုးရာသီတွင် စတဲချောင်းမှသာ ရေစီးဆင်းမှုရှိပါသည်။

 

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ဘုတလင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်(၁၄၄၉)ပေရှိပြီး အနိမ့်ဆုံးနေရာမှာ ပေ(၃၀၀)နှင့် (၄၀၀)အကြား တည်ရှိပါသည်။ အရှေ့ဘက်နှင့် အနောက်ဘက်တွင် တောင်ပူစာများရှိ၍ ကျန်နေရာများမှာ ချိုင့်ဝှမ်းလွင်ပြင်များ ရှိပါသည်။


ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

 

 

 

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon