နိဒါန်းနှင့်ဒေသမိုင်း
နိဒါန်း
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိဌာနတစ်ခုဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် အဆင့် ဆင့်သော အရာထမ်း၊ အမှုထမ်းများသည် ရုံးချုပ်အဆင့်မှ အောက်ခြေရပ်ကွက်/ကျေးရွာအုပ်စုအဆင့်အထိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ကြရပြီး နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ချောမွေ့စွာလည်ပတ် ရေးတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာန၏ရည်မှန်းချက်တာဝန်များ၊ အခြားဝန်ကြီးဌာနမှ ပေးအပ်သောတာဝန်များ နှင့် ဒေသဆိုင်ရာအစိုးရ အဖွဲ့များမှပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြရသည်ဖြစ်ရာ ဒေသဆိုင်ရာအချက်အလက်များ ပြုစုထားရှိခြင်းသည် များစွာအရေးပါလာပါသည်။ ဒေသဆိုင်ရာအချက်အလက်များ ပြုစုခြင်းဖြင့်မိမိတို့၏လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူပြုသကဲ့သို့ အကြီးအကဲများနယ်မြေသို့ ကွင်းဆင်းရာ တွင် နယ်မြေ၏အချက်အလက်များကို လွယ်ကူစွာသိရှိနိုင်မည်ဖြစ်ပါသည်။
ဤစာအုပ်သည် မြောင်းမြမြို့၏ဒေသဆိုင်ရာအချက်အလက်များ (၂၀၁၇ခုနှစ်၊ မတ်လကုန်ထိအခြေအနေ)ကို သက်ဆိုင်ရာဌာနအသီးသီးမှ ပေးပို့သော ကိန်းဂဏန်းများနှင့်အညီ ပြုစုတင်ပြထားခြင်းဖြစ်ပါသည်။
ဒေသသမိုင်းအကျဉ်း
ချောင်းဦးမြို့သည် ရှေးနှစ်ပေါင်းတစ်သန်းကျော်ကပင် လူနေထိုင်ခဲ့သော အထောက်အထားများရှိပါသည်။ ၁၉၈၁ခုနှစ်၊ ဧပြီလတွင် မန္တလေးတက္ကသိုလ် ဘူမိဗေဒကထိကဦးဘမော်နှင့် ကျောင်းသားများကွင်းဆင်းလေ့လာစဉ် ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာ၌ အနောက်မြောက်ဘက်တစ်မိုင်ခန့်အကွာ ရွှေမြင်တင်တောင်တန်းဒေသဒင်္ဂါးကုန်း အနီးရှိကြွယ်သာကုန်းတွင် တွေ့ရှိခဲ့သောကျောက်ဖြစ်ရုပ်ကြွင်း လူအံသွားဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။ ချောင်းများ၏ဦးတိုက်ရာအရပ်ချောင်းများ၏အစဖြစ်၍ ချောင်းဦးဟုခေါ်ဝေါ်ခဲ့ကြောင်းနှင့်သက္ကရာဇ်(၂၇၉)တွင်နန်းတက် သော ညောင်ဦးစောရဟန်းခေါ်တောင်သူကြီးမင်းသည်(၂၈၇)ခု၊ တန်ဆောင်မုန်းလပြည့်ကျော်(၄)ရက်၊ တနင်္ဂနွေနေ့တွင် ချောင်းဦးရွာကိုရွာမပြု၍ အရန်ရွာငယ်(၉)ရွာနှင့် ချောင်းဦး(၁၀)ရွာကို စုပေါင်းမြို့တည်ခဲ့ရာ မြို့ရွာစည်ပင်တိုးတက်၍ အန္တရာယ်ကင်းစေရေးအတွက် ဒေါင့်(၄)ဒေါင့်တွင် ဓါတ်အင်း(၄)ချပ်ကို မြေတူးမြှုပ်နှံစဉ် သံတူရွင်းမှမီးတောက်၍ "သံတောက်'' ဟူ၍လည်း ခေါ်ဝေါ်ခဲ့ကြောင်းသိရပါသည်။
ထို့အပြင်သက္ကရာဇ်(၅၅၆)တွင် ရေထိုးခဲ့သော သမံတဇာကျောက်စာအရ သက္ကရာဇ်(၅၃၆)တွင် နန်းတက်သော နရပတိစည်သူမင်းကြီးလက်ထက်၌ '' လေးသောင်းအရပ် '' ဟူ၍လည်းကောင်း၊ ချောင်းဦးအရပ်ဟူ၍ လည်းကောင်း၊ ခေါ်ဝေါ်ခဲ့ကြောင်း သက္ကရာဇ်(၇၁၈)ခုနှစ်တွင် ရေးထိုးခဲ့သော ခင်မွန်ရွာ ရွှေစည်းခုံဘုရားကျောက်စာအရ '' ချောင်းဦးမြေ'' ဟု ဖော်ပြထားသည်ကိုလည်း အထင်အရှားတွေ့ရှိရပါသည်။
ပထဝီဝင် အနေအထား
တည်နေရာအကျယ်အဝန်း
ချောင်းဦးမြို့သည် မြောက်လတ္တီတွဒ် (၂၂)ဒီဂရီ (၇)မိနစ်အကြား အရှေ့လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၁၀)မိနစ်၊ အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့(၁၄)မိုင်(၄)ဖာလုံနှင့် တောင်မှ မြောက်သို့(၁၃)မိုင်(၇)ဖာလုံ ရှည်လျား ပါသည်။ချောင်းဦးမြို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
စဉ် |
မြို့အမည် |
မြို့ဧရိယာ စတုရန်းမိုင် |
ကျေးရွာအုပ်စုဧရိယာ စတုရန်းမိုင် |
မြို့နယ်ဧရိယာ စတုရန်းမိုင် |
၁ |
ချောင်းဦး |
၀.၈၅၈ |
၁၈၇.၇၁၂ |
၁၈၈.၅၇ |
မြို့နယ်ချုပ် |
၀.၈၅၈ |
၁၈၇.၇၁၂ |
၁၈၈.၅၇ |
နယ်နိမိတ်
ချောင်းဦးမြို့၏ အရှေ့ဘက်တွင်မြင်းမူမြို့နယ်၊ တောင်ဘက်တွင် မြောင်မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ဆားလင်းကြီးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မုံရွာမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။
မြေမျက်နှာသွင်ပြင်
ချောင်းဦးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်(၂၅၆)ပေတွင် တည်ရှိပြီး မြို့နယ်၏မြေမျက်နှာပြင်ကို (၃)ပိုင်း ခွဲခြားထားပါသည်။ (၁) မြို့နယ်၏ အနောက်တောင်ကုန်းပိုင်း (၂) မြစ်ရေမဝင်သော အလယ်ပိုင်းဒေသမြေမြင့်ပိုင်း၊ (၃) မြို့နယ်၏တောင်ဘက်နှင့် အနောက်ဘက် တောင်ဘက်ခြမ်းမြစ်ရေဝင်သော မြေနိမ့်ပိုင်းတို့ဖြစ်ပါသည်။
ရေဆင်း
ချောင်းဦးမြို့နယ်တွင် မြစ်ချောင်းများနည်းပါးသည့်ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် မြောက်မှ တောင်သို့ စီးဆင်းလျှက်ရှိပါသည်။ ထင်ရှားသောမြစ်မှာ ချင်းတွင်းမြစ်ဖြစ်ပြီး မြို့၏အနောက်ဘက်မှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းပါသည်။
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်
ချောင်းဦးမြို့၏ ပင်လယ်ရေမျက်နှာပြင်အမြင့်မှာ (၂၅၆)ပေ ဖြစ်ပါသည်။
ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်
ရာသီဥတု
ချောင်းဦးမြို့သည် ပူပြင်းသောရာသီဥတုရှိပြီး ၊ အမြင့်ဆုံး အပူချိန် (၄၁.c)နှင့်အနိမ့်ဆုံးအပူချိန်မှာ (၃၂.c) ဖြစ်ပါသည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့်အပူချိန်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-
စဉ် |
ခုနှစ် |
မိုးရေချိန် |
အပူချိန် |
||
မိုးရွာရက် |
စုစုပေါင်း မိုးရေချိန် |
နွေရာသီ ( .c) |
ဆောင်းရာသီ ( .c) |
||
အမြင့်ဆုံး |
အနိမ့်ဆုံး |
||||
၁ |
၂၀၁၄ |
၄၄ |
၂၈.၆၀ |
၄၁ |
၁၀ |
၂ |
၂၀၁၅ |
၄၄ |
၃၁.၄၃ |
၄၁ |
၁၀ |
၃ |
၂၀၁၆ |
၄၇ |
၂၈.၉၀ |
၄၃ |
၁၆ |
၄ |
၂၀၁၇ |
- |
- |
၄၁ |
၂၂ |