အရာတော်မြို့နယ်

အရာတော်မြို့၏ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်းချုပ်

ဒေသသမိုင်းအကျဉ်း

အရာတော်မြို့နယ်တွင် ​‌ခြေတော်ရာ၊ သိမ်တော်၊ ကန်တော်၊ တဲတော်ဟူ၍ တော်(၄)တော်ရှိကြောင်း မှတ်သား ရပါသည်။ အရာတော်မြို့နယ်တည်ရှိသည့်နေရာတွင် ရဟန်းတော်ခြေရာဟုယူဆရသည့် ကျောက်ပြားကြီးတွေ့ရှိရပြီး လူအများက​ခြေရာတော်အဖြစ် ကိုးကွယ်၍ ''အရတော်'' လေခြင်းဟု ပြောစမှတ်ပြုရာမှ ''အရာတော်'' ဟူ၍ ခေါ်တွင်ခဲ့ ကြောင်း လေ့လာသိရှိရပါသည်။

အရာတော်မြို့သည်၊ ၁၈၈၅ခုနှစ်မတိုင်မီက အလုံစီရင်စုအလုံမြို့၀န်လက်အောက်၌ရှိခဲ့ရာ ၁၈၈၅ခုနှစ်၊ နောက်ပိုင်း တွင် အရာတော်မြို့နယ် မြောက်ဘက်ခြမ်းအား ဘုတလင်မြို့နယ် လက်အောက်မှ ကျန်အစိတ်အပိုင်းအား မုံရွာမြို့နယ် လက်အောက်တွင်ထားရှိကာ ၁၉၂၂ခုနှစ် ၊ ရောက်သောအခါမှ သီးခြားမြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ကြောင်း လေ့လာတွေ့ရှိ ရပါသည်။

ပထဝီဝင် အနေအထား

တည်နေရာအကျယ်အဝန်း

အရာတော်မြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၁၅ မိနစ် မှ ၂၂ဒီဂရီ ၃၀ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ၁၇မိနစ်မှ၉၅ဒီဂရီ ၄၂ မိနစ်အကြားတွင်တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၁၉.၄)မိုင်ရှိပြီး တောင်မှမြောက်သို့ (၂၄.၄) မိုင် ရှည်လျားပါသည်။ အရာတော်မြို့၏ ဧရိယာစတုရန်း မိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့နယ်အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု

စတုရန်း မိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

အရာတော်မြို့နယ်

၀.၇၂၆

၄၇၁.၇၇၄

၄၇၂.၅၀

 

မြို့ချုပ်

၀.၇၂၆

၄၇၁.၇၇၄

၄၇၂.၅၀

နယ်နိမိတ်

အရာတော်မြို့၏ အရှေ့ဘက်တွင် ဝက်လက်မြို့နယ်၊ တောင်ဘက်တွင်မြင်းမူမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မုံရွာမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ဘုတလင်မြို့နယ် ဒီပဲယင်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။


မြေမျက်နှာသွင်ပြင်

အရာတော်မြို့နယ်၏မျက်နှာပြင်အနေအထားမှာ အရှေ့မြောက်ဘက်တွင် မြေပြင်သည် အနည်းငယ်ညီညာပြန့်ပြူး ပြီး အနောက်တောင်ဘက်တွင် လျှိုမြောင်းချိုင့်ဝှမ်းထူထပ်ပေါများပါသည်။ မူးမြစ်သည် အရာတော်မြို့နယ်၏အရှေ့ဘက် ခြမ်းတွင် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိပါသည်။


ရေဆင်း

အရာတော်မြို့နယ်အတွင်း မူးမြစ်သည်၊ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ ၎င်းမူးမြစ်မှာ ရေချိုများဖြစ် ၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည်။ မူးမြစ်သည် စက်လှေများဖြင့်သွားလာနိုင်သော မြစ်ဖြစ် ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

အရာတော်မြို့နယ်၏ ပင်လယ်ရေမျက်နှာပြင်ပျမ်းမျှအမြင့်ပေမှာ (၄၂၅)ပေ တည်ရှိပါသည်။


ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်

ရာသီဥတု

အရာတော်မြို့နယ်သည်ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန် (၄၀.c)နှင့် အနိမ့်ဆုံး အပူချိန်မှာ (၂၀.c) ဖြစ်ပါသည်။ နှစ်အလိုက် ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့်အပူချိန်မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း မိုးရေချိန် လက်မ

နွေရာသီ

( .c)

ဆောင်းရာသီ

( .c)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၅၄

၃၃.၈၆

၃၂.၀

၂၃.၂

၂၀၁၅

၆၂

၃၃.၀၉

၃၀.၄

၂၃.၇

၂၀၁၆

၆၄

၄၃.၄၆

၃၁.၁

၂၃.၅

၂၀၁၇

၀.၈၃

၂၉.၄

၂၄.၁ဝ

More Information

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon