ယင်းမာပင်မြို့နယ်

ယင်းမာပင်မြို့နယ်ဒေသဆိုင်ရာအချက်အလက်

ဒေသသမိုင်းအကျဉ်းချုပ်

ဒေသသမိုင်းအကျဉ်း

ဗြိတိသျှ အစိုးရခေတ်တွင် မြို့အဖြစ် သတ်မှတ်ဖြစ်ပေါ်ခဲ့ပါသည်။ (၁၉ဝ၁)ခုနှစ်တွင် မြို့နယ်အဆင့်သာရှိခဲ့ပြီး၊ ပုလဲ၊ ဆားလင်းကြီး၊ ကနီ တို့ကိုပါ ခရိုင်ခွဲအဖြစ် သတ်မှတ်၍ နယ်ပိုင် ဝန်ထောက်ရုံးထိုင်ခဲ့ပါသည်။ (၁၉၇၂)ခုနှစ်တွင် မြို့၊မြို့နယ်ပါဝင် သည့်ရပ်ကွက်/ကျေးရွာအုပ်စုများကို အမိန့်စာဖြင့် ထုတ်ပြန်သတ် မှတ်ခဲ့ပါသည်။ (၁၀.၄.၁၉၉၄)တွင် မြို့နယ်စည်ပင် သာယာနယ် နိမိတ်အဖြစ် သတ်မှတ်ခဲ့ပါသည်။

မြန်မာဘုရင်များလက်ထက်ကမူ ယင်းမာပင်မြို့နယ် အပါအဝင် ပုလဲ၊ ဆားလင်းကြီးမြို့နယ်တို့ပါဝင်သော ဒေသအား ဗန့်ဂျီနယ်ဟုခေါ်ခဲ့ ပါသည်။ အဆိုပါဒေသ၏ အနောက်ဘက်တွင် ပင်တောင် (ငပြုံးတောင်)၊ ဗန့်ဂျီတောင်ဟု၍ရှိရာ တောင်ယမားချောင်းနှင့် မြောက်ယမားချောင်း အကြားတွင် တည်ရှိသောကြောင့် ဗန့်ဂျီနယ်ဟုခေါ်ခဲ့ကြောင်း သိရှိရ ပါသည်။ ယင်းမာပင်ရွာကိုအသုံးပြု၍ ယင်းမာပင်မြို့ဟု ပြောင်းလဲခေါ်ခဲ့ ပါသည်။


ပထဝီဝင် အနေအထား

တည်နေရာ နှင့်အကျယ်အဝန်း

            ယင်းမာပင်မြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၅၉ မိနစ် မှ ၂၂ ဒီဂရီ ၁၉ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၆ မိနစ် မှ ၉၅ ဒီဂရီ ၁၅ မိနစ်အကြားတွင် တည်ရှိပါသည်။အရှေ့မှအနောက်သို့ (၂၆) မိုင်နှင့် တောင်မှမြောက်သို့ (၁၅.၅)မိုင် ရှည်လျားပါသည်။ ယင်းမာပင် မြို့နယ်နှင့် မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-



စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

ယင်းမာပင်

၁.၅

၃၆၁.၂၀၅

၃၆၂.၇၀၅

မြို့နယ်ချုပ်

၁.၅

၃၆၁.၂၀၅

၃၆၂.၇၀၅

နယ်နိမိတ်

ယင်းမာပင်မြို့နယ်၏ အရှေ့ဘက်တွင် ဆားလင်းကြီးမြို့နယ်၊တောင်ဘက်တွင် ပုလဲမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ပုလဲမြို့နယ်၊ ကနီမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ကနီမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

ယေဘုယျအားဖြင့် မြေညီညာပြန့်ပြူးပါသည်။ မြေပြန့်လွင်ပြင် စတုရန်းမိုင် (၁၇၄.၅၉)၊ တောင်ကုန်းမြေမှာ (၁၀၂.၂၉) စတုရန်းမိုင်၊ တောင်ကုန်းနှင့်ဆင်ခြေလျော ဒေသမှာမြေပြန့်လွင်ပြင်ဧရိယာထက် ပိုမို ကျယ်ဝန်းပါသည်။ အလွန်မြင့်မားသော တောင်ကုန်းကြီးများ မရှိပါ။ တောင်ကျယမားချောင်းမှာ အနောက်မှအရှေ့သို့စီးဆင်းပြီး၊ တင်ဆုံချောင်းမှာ အနောက်မြောက်မှ အရှေ့တောင်သို့စီးဆင်းပြီး မိုးတွင်းတွင် ရေစီး အလွန်မြန်ပြီး ရံဖန်ရံခါ ရေတိုက်စားခြင်းများ ကြုံရပါသည်။

ရေဆင်း

ချင်းတွင်းမြစ်သည် ယင်းမာပင်မြို့၏ မြောက်ဘက် နယ်နိမိတ် အဖြစ် မြောက်မှတောင်သို့ ကျောက်မှော်အုပ်စု၊ ကန်ချောင်အုပ်စု၊ စုန်းကျင်းအုပ်စုများကို ဖြတ်သန်းစီးဆင်းလျှက်ရှိပါသည်။ ချင်းတွင်း မြစ်ရေသည် မိုးအခါတွင် ရေစီးမြန်၍ သဲပါဝင်မှုများသဖြင့် မြေနုကျွန်းများ ဖြစ်ပေါ်မှုရာခိုင်နှုန်း နည်းပါးပါသည်။ မြို့နယ်အတွင်း အနောက်မှ အရှေ့သို့ ဖြတ်သန်းစီးဆင်းသော မြောက်ယမားသည် တာဝ၊ ဝါးရုံ၊ စိုင်လျား၊ ကျေးရွာများကို ဖြတ်သန်းကာ နထ္တောင့်ကျေးရွာအနီး တင်ဆုံ ချောင်းနှင့်ပေါင်းဆုံပြီး၊ မြို့ကြီး၊ ပြန်လှည့်၊ ပ-သီးကုန်း၊ မောက်သရက်၊ ရွှေပန်းခိုင်၊ ဆည်ကြီးကျေးရွာများသို့ဖြတ်သန်းပြီး ဘိန်းနွယ်ချောင် ကျေးရွာအနီးတွင်ချင်းတွင်း မြစ်အတွင်းသို့ စီးဝင်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ယင်းမာပင်မြိုနယ်သည် ပင်လယ်ရေမျက်နှာပြင် အထက်ပျှမ်းမျှ အမြင့် (၄၀၀)ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ဝါးစိမ်းတောင်ဖြစ်ပြီ၊ အမြင့်​ပေ(၂၉၈၂ ) ​ပေ ဖြစ်ပါသည်။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

ယင်းမာပင်မြို့နယ်သည်ပူပြင်းသောသောရာသီဥတုရှိပြီး၊ အမြင့် ဆုံး အပူချိန် (၄၃.c)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၁၁.c) ဖြစ်ပါသည်။ နှစ်အလိုက် ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့် အပူချိန်မှာ အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါသည်-

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာ

ရက်

စုစုပေါင်း

မိုးရေချိန် (လက်မ)

နွေရာသီ(.C)

ဆောင်းရာသီ(.C)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၄၅

၂၆.၄၇

၄၉

၁၂

၂၀၁၅

၅၃

၃၄.၅၈

၄၉

၁၂

၂၀၁၆

၆၀

၃၃.၉၀

၃၆

၁၅

၂၀၁၇

-

-

-

-

 

 More Information

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon