ကနီမြို့နယ်

ကနီမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း

ဒေသသမိုင်းအကျဉ်း

ပျူစောထီးမင်းသည် သောင်းကျန်းသည့်တောဝက်အား လိုက်လံနှိမ်နင်း ရာတွင်၀က်ကြီးမှာ မောပန်းသဖြင့် တစ်ခုသောကမ်းပါးအရပ်၌ မှီပြီးခိုနားခဲ့သောကြောင့် ကမ်းမှီအရပ်ဟု ခေါ်ခဲ့ပြီးယင်းမှ ''ကန္နီ'' ''ကနီ'' အဖြစ် ခေါ်ခဲ့ခြင်း ဖြစ်သည်။

ကနီမြို့နယ်ကို ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏(၂၈.၇.၁၉၇၂)ရက်စွဲပါစာအမှတ်၊ ၁၀၃/၁၄/စိတ်(၁)ဖြင့် ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာအရ ရပ်ကွက်(၃)ခု၊ ကျေးရွာ အုပ်စု(၄၅)အုပ်စုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ပထဝီဝင် အနေအထား

တည်နေရာနှင့်အကျယ်အဝန်း

ကနီမြို့နယ်သည် မြောက်လတ္တီတွဒ်(၂၂)ဒီဂရီ(၄၉)မိနစ်(၃၆)စက္ကန့်မှ (၂၂)ဒီဂရီ(၁၅)မိနစ်အကြား အရှေ့လောင်ဂျီ တွဒ်(၉၄)ဒီဂရီ(၁၅)မိနစ်မှ (၉၄)ဒီဂရီ(၄၅)မိနစ်အကြားတည်ရှိပါသည်။ အကျယ်အ၀န်းအားဖြင့် အရှေ့မှအနောက်သို့(၅၀) မိုင်နှင့် တောင်မှမြောက်သို့ (၄၁)မိုင်ရှိပါသည်။ ကနီမြို့နယ်နှင့်မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

စဉ်

မြို့အမည်

မြို့ဧရိယာ

စတုရန်းမိုင်

ကျေးရွာအုပ်စု

ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ

စတုရန်းမိုင်

ကနီ

၂.၄၅

၁၂၉၄.၅၅

၁၂၉၇

 

မြို့နယ်ချုပ်

၂.၄၅

၁၂၉၄.၅၅

၁၂၉၇

နယ်နမိတ်

ကနီမြို့နယ်၏မြောက်ဘက်တွင် မင်းကင်းမြို့နယ်နှင့် ရေဦးမြို့နယ်၊ အနောက်ဘက်တွင် မင်းကင်းမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် အရှေ့ဘက်တွင် ဘုတလင်မြို့နယ်၊ ဒီပဲယင်းမြို့နယ် များနှင့် နယ်နိမိတ်ထိစပ်လျှက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

ချင်းတွင်းမြစ်၏အနောက်ဘက်ခြမ်းတွင်တောင်တန်းများနှင့်တောင်များပေါများပြီး အရှေ့ဘက်ခြမ်းသည်လွင်ပြင် ဒေသဖြစ်ပါသည်။ ကနီမြို့နယ်အတွင်းတည်ရှိသော မဟူတောင်တန်း၊ ပုံတောင်၊ လက်ပံတောင်တို့သည် တောင်မှမြောက် သို့ သွယ်တန်းလျှက်ရှိပါသည်။

ရေဆင်း

ချင်းတွင်းမြစ်သည် ကနီမြို့နယ်အတွင်း မြောက်မှတောင်သို့ ရေမိုင် (၅၇)မိုင် ဖြတ်သန်းစီးဆင်းသွားပါသည်။ ကနီမြို့နယ်တွင် ချောင်းများပေါများပြီး ထင်ရှားသောချောင်းများမှာ ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းတွင် ပုထိုးလုံး ချောင်း၊ ရေဝါချောင်း၊ သင်္ဂဒုံချောင်း၊ မျှိုင်းချောင်းတို့ဖြစ်ပြီး ချင်းတွင်းမြစ်၏အရှေ့ဘက်ကမ်းတွင် ဖိုးမဲချောင်းတို့ဖြစ်ပါ သည်။ ၎င်းချောင်းများအားလုံးသည် ချင်းတွင်းမြစ်အတွင်းသို့ စီး၀င်ကြပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်     

ကနီမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၂၆၅)ပေအမြင့်တွင် ရှိပါသည်။

ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်

ရာသီဥတု

ကနီမြို့နယ်သည် ပူပြင်းခြောက်သွေ့သောရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် (၁ဝဝံf)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၆ဝံf) ဖြစ်ပါသည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့် အပူချိန်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်းမိုးရေချိန် (လက်မ)

နွေရာသီ  

(.C)

ဆောင်းရာသီ(.C)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၅၇

၃၉.၁၅

၃၈

၁၇

၂၀၁၅

၆၃

၅၄.၅၅

၃၈

၁၄

၂၀၁၆

၆၂

၄၈.၁၆

၃၉

၁၅

၂၀၁၇

၀.၄၈

၃၀

၁၅

More Information

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon