ဒေသသမိုင်းအကျဉ်းချုပ်
ဒေသသမိုင်း
ပုလဲမြို့နယ်သည် ဗန့်ကျီတိုက်နယ်အတွင်း ပါဝင်ပြီး မြန်မာဘုရင်များ လက်ထက်က သာမန်ရွာကလေးမျှသာ တည်ရှိခဲ့ပါသည်။ ၁၈၈၅ ခုနှစ် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့ပြီးနောက် ဗန့်ကျီ တိုက်နယ်လည်း ပါဝင်ခဲ့ပါသည်။ (၉) နှစ်အကြာတွင် ၁၈၉၄ ခုနှစ်၊ အောက်ချင်းတွင်းခရိုင် ဖွဲ့စည်းဆောင်ရွက်ရာ ပုလဲမြို့နယ်အဖြစ် စတင် ဖြစ်ပေါ်လာသည်။ အရှေ့ဘက်တွင် ဆားလင်းကြီးမြို့နယ် ၊ မြောက်ဘက်တွင် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ် ၊ အနောက်ဘက်ကို အောက်ချင်းတွင်းခရိုင်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ထိုစဉ်က ဧရိယာအကျယ်အဝန်းမှာ စတုရန်းမိုင် (၄၅၈) သာရှိပါသည်။ လွတ်လပ်ရေးရပြီး မြို့ပိုင်ရုံးဖွင့်လှစ်၍ အုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ၏ (၂၈-၇-၇၂) နေ့စွဲပါအမိန့်ကြော်ငြာစာအမှတ် ၊ ၀၀၃ / ၁၄ / စိတ် - ၁ အရ ၁၉၀၇ ခုနှစ် မြို့ပြ အက်ဥပဒေ ပုဒ်မ (၄) အရ မြို့နယ်အဖြစ် သတ်မှတ်ခဲ့ပါသည်။
ပထဝီဝင် အနေအထား
တည်နေရာ ၊ အကျယ်အဝန်း
ပုလဲမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၄၈ မိနစ်နှင့် ၂၂ ဒီဂရီ ၁၀ မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၅ မိနစ်နှင့် ၉၄ ဒီဂရီ ၅၅ မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၃၁) မိုင်နှင့် တောင်မှမြောက် သို့(၁၉)မိုင်ရှည်းလျားပါသည်။ ပုလဲ မြို့နယ်နှင့်မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် |
မြို့ အမည် |
မြို့ဧရိယာ စတုရန်းမိုင် |
ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင် |
မြို့နယ်ဧရိယာ စတုရန်းမိုင် |
မြို့နယ်ချုပ် |
ပုလဲ |
၁၃၉.၀၀ |
၄၇၃.၇၉ |
၆၁၂.၇၉ |
နယ်နိမိတ်
ပုလဲမြို့နယ်သည် မြောက်ဘက်တွင် ကနီမြို့နယ်နှင့် ယင်းမာပင် မြို့နယ် ၊ အရှေ့ဘက်တွင် ဆားလင်းကြီးမြို့နယ် ၊ တောင်ဘက်တွင် မြိုင်မြို့နယ် ၊ အနောက်ဘက်တွင် ဂန့်ဂေါမြို့ နယ်တို့နှင့် နယ်နိမိတ်များ ဆက်စပ်လျှက်ရှိပါသည်။
မြေပြင်အခြေအနေ
ပုလဲမြို့နယ်တွင်မြေပြန့်ပိုင်းနှင့်တောင်တန်းဒေသပိုင်းတို့ပိုင်းခြားဖြစ်ပေါ်နေပြီးမြေပြန့်ပိုင်းမှာမြို့နယ်၏အရှေ့ပိုင်း တွင်တည်ရှိပြီး အနောက်ပိုင်းတွင် တောင်တန်းဒေသပိုင်းတို့ တည်ရှိပါသည်။
ရေဆင်း
ပုလဲမြို့နယ်တွင် မြစ်ချောင်းများ နည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး ချောင်းများသည် အနောက်မှ အရှေ့သို့ စီးဆင်း လျက်ရှိပါသည်။ ထင်ရှားသောချောင်းမှာ ရွှေဥဒေါင်းချောင်းနှင့် တာမခံချောင်းတို့ဖြစ်ပြီး ပုလဲမြို့အနီးမှဖြတ်၍ အနောက် မှ အရှေ့သို့ စီးဆင်းပါသည်။
ပင်လယ်ရေမျက်နှာပြင်အမြင့်
ပုလဲမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်(၄၅၄)ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင် မှာ ပုံတောင်ဖြစ်၍ အမြင့်ပေ (၄၃၇၈) ပေ ဖြစ်ပါသည်။
ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်
ရာသီဥတု
ပုလဲမြို့နယ်သည် အပူပိုင်းရာသီဥတုရှိပြီး ၊ အမြင့်ဆုံး အပူချိန် (၁၀၇) ဒီဂရီ ဖာရင်ဟိုက်နှင့် အနိမ့်ဆုံးအပူချိန်မှာ (၈၇.၈) ဒီဂရီဖာရင်ဟိုက် ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် လအလိုက် ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့် အပူချိန်မှာ အောက်ဖော်ပြပါ အတိုင်း ဖော်ပြအပ်ပါသည်-
စဉ် |
ခုနှစ် |
မိုးရေချိန် |
အပူချိန် |
||
မိုးရွာရက် |
စုစုပေါင်း မိုးရေချိန် (လက်မ) |
နွေရာသီ (.C) |
ဆောင်းရာသီ (.C) |
||
အမြင့်ဆုံး |
အနိမ့်ဆုံး |
||||
၁ |
၂၀၁၄ |
၄၆ |
၃၄.၇၄ |
၄၂ |
၁၁ |
၂ |
၂၀၁၅ |
၅၂ |
၃၁.၈၃ |
၄၃ |
၁၂ |
၃ |
၂၀၁၆ |
၆၂ |
၄၃.၂၃ |
၄၁ |
၁၀ |
၄ |
၂၀၁၇ |
၄ |
၂.၈၇ |
၄၂ |
၁၂ |