ဆားလင်းကြီးမြို့နယ်

ဆားလင်းကြီးမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

ဆားလင်းကြီးမြို့ကို အင်းဝခေတ်ကပင် စတင် တည်ထောင်ခဲ့ပါသည်။ မြို့တည်သက္ကရာဇ်ကို “တုတ်ခွန်တင်း - ဆားလင်းတည်” ဟူ၍လည်းကောင်း “တုတ်ခွန်သွင်း-ဆားလင်းတည်”ဟူ၍ လည်းကောင်း အဆိုရှိခဲ့သည်။ ခိုင်မာသော အထောက်အထားများ မရှိပါ။ တောင်စဉ်သူကြီး တည်ခဲ့သော တောင်စဉ်ဘုရား ကျောက်စာအရ သက္ကရာဇ် (၇၁၁) သည် မြို့တည်သက္ကရာဇ်ဖြစ်ကြောင်း တွေ့ရှိရသည်။ ဆားလင်းကြီးမြို့နယ်၊ ပိုင်းတောင်ကြီးရွာအနီး ထောက်မကုန်းမှ တွေ့ရှိရသော အထောက်အထားများအရ ကျောက်ခေတ်သစ် လူသားများ နေထိုင်ခဲ့ကြောင်း သမိုင်းပညာရှင်များ၏ လေ့လာမှုအရ သိရပါသည်။ ယဉ်ကျေးမှု အဆင့်အတန်းသည် သံခေတ်သို့ ကူးပြောင်းလုနီး ကျောက်ခေတ်သစ် ယဉ်ကျေးမှုအဆင့်အတန်း ဖြစ်ပါသည်။ ဆားလင်းကြီးမြို့နယ်သည် ကျောက်ခေတ်ကပင် လူသားများနေထိုင်ခဲ့သော မြို့နယ်တစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။ ရှေးခေတ်က‘ဗန့်ကျီတိုက်”ဟူသောအမည်က ပို၍ထင်ရှားသည်။ ဆားလင်းကြီးမြို့သည် မြို့ရွာ မတည်မီက တောကြီးမျက်မဲဒေသဖြစ်ပြီး သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်၊ စသောသတ္တဝါများ ကျက်စားရာ ဌာနဖြစ်သည်။ ရေအိုင်များမှ ရေကိုဆားချက်ခဲ့ကြောင်း ဆားချက်ရာတွင် နေ့ရောညဉ့်ပါ ဆားချက်နိုင်ရေးအတွက် သားရဲ တိရိစ္ဆာန်ဘေးမှကင်းလွတ်နိုင်ရန် လင့်စင်ထိုး၍ ဆားချက်ရာဌာန၌ ရွာတည်သောကြောင့် မူလက ‘‘ဆားလင့်”ဟု ခေါ်ခဲ့ကြောင်း၊ လူနေအိမ်ခြေ စည်ကားတိုးတက် လာသဖြင့်‘‘ကြီး” တစ်လုံးတိုးကာ‘ ‘ဆားလင့်ကြီး”ဟုခေါ်ခဲ့ကြောင်း၊ ကာလကြာသည့်အခါ ‘ ‘ဆားလင်းကြီး”ဟု ခေါ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။


ပထဝီဝင် အနေအထား

တည်နေရာအကျယ်အဝန်း

ဆားလင်းကြီးမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင်ရှိ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်တွင် တည်ရှိပါသည်။ ဆားလင်းကြီးမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီမှ ၄၉ မိနစ်နှင့် ၂၂ ဒီဂရီမှ ၉ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီမှ ၅၄ မိနစ်နှင့် ၉၅ ဒီဂရီမှ ၈ မိနစ် အကြားတွင် တည်ရှိပြီး မြို့နယ်၏ အကျယ်အဝန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့အမည်

မြို့ဧရိယာ

စတုရန်းမိုင်

ကျေးရွာအုပ်စု စတုရန်းမိုင်

မြို့နယ်ဧရိယာ

စတုရန်းမိုင်

ဆားလင်းကြီး

၀.၂၂၆၅၆၂၅

၂၆၂.၇၉၀၄၃၇၅

၂၆၃.၀၁၇

 

မြို့နယ်ချုပ်

၀.၂၂၆၅၆၂၅

၂၆၂.၇၉၀၄၃၇၅

၂၆၃.၀၁၇

နယ်နမိတ်

ဆားလင်းကြီးမြို့နယ်သည် မြောက်ဘက်တွင် ယင်းမာပင်မြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပါသည်။ အရှေ့ဘက်တွင် ချင်းတွင်းမြစ်ခြားလျက် မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ တောင်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်၊ အနောက်ဘက်တွင် ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပါသည်။

မြေမျက်နှာသွင်ပြင်

မြို့နယ်၏ထက်ဝက်ခန့်မှာ တောင်ကုန်းများရှိပြီး ချင်းတွင်းမြစ်ရိုးတစ်လျှောက် မြို့အနောက်ဘက်နှင့် ောင်ဘက်တို့တွင် မြေပြန့်များရှိပါသည်။

ရေဆင်း

မြို့နယ်၏အရှေ့ဘက်တွင် ချင်းတွင်းမြစ်သည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပြီး မြို့နယ်၏ မြောက်ဘက်မှ မြောက်ယမားချောင်းသည်လည်းကောင်း တောင်ဘက်မှ တောင်ယမားချောင်းသည်လည်းကောင်း ချင်းတွင်းမြစ်အတွင်းသို့ စီးဆင်းပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ဆားလင်းကြီးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပျှမ်းမျှအမြင့်(၃၃၂)ပေ အထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ လက်ပံတောင်းတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက် (၁၀၅၇)ပေဖြစ်ပါသည်။

 

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon