ရွှေဘိုမြို့နယ်

ရွှေဘိုမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

            ရွှေဘိုမြို့သည် ပုဂံခေတ်က မုဆိုးဖိုရွာ ဖြစ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ရတနာသိင်္ဃမြို့တော်အဖြစ် တည်ထောင်ခဲ့သည်။ မြို့နှင့်အတူ (၁)မြို့တော် (၂)နန်းတော် (၃) ဗဟိုရ်စည် (၄)နတ်ကွန်း (၅)ရွှေချက်သိုစေတီတော် (၆)ကျုံးများ (၇)မဟာနန္ဒာကန်တော်တို့ကို တပြိုင်နက် တည်ဆောက်ခဲ့သည်။ ရတနာသိင်္ဃမြို့တွင် အလောင်းမင်းတရားနောင်တော်ကြီးနှင့် ဆင်ဖြူရှင်မင်းတို့ နန်းစံခဲ့သည်။ ရွှေဘိုကို (၁) မုဆိုးဖို (၂) ကုန်းဘောင် (၃) ရန်ကြီးအောင် (၄)ရတနာသိင်္ဃ (၅)ရွှေဘို ဟူ၍ ငါးမည်ရမြို့တော်အဖြစ် ထင်ရှားပါသည်။

           

ပထဝီ၀င်အနေအထား

 

တည်နေရာ

            ရွှေဘိုမြို့နယ်သည် အရှေ့လောင်ဂျီတွဒ် ( ၉၅ ဒီဂရီ ၂၉ မိနစ် ) နှင့် (၉၅ဒီဂရီ ၅၈ မိနစ် ) အကြား မြောက်လတ္တီတွဒ် ( ၂၂ ဒီဂရီ ၂၉ မိနစ်) နှင့် ( ၂၂ ဒီဂရီ ၄၀ မိနစ်) အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၃၃)မိုင်နှင့် တောင်မှ မြောက်သို့(၁၂)မိုင် ရှည်လျားပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၃၆.၈) ပေတွင် တည်ရှိပါသည်။ အကျယ်အ၀န်းမှာ (၂၆၃၈၀၃)ဧက ၊ (၄၁၂.၁၉) စတုရန်းမိုင် ကျယ်၀န်းပါသည်။

 

စဉ်

မြို့အမည်

မြို့

ဧရိယာ

ကျေးရွာအုပ်စု

ဧရိယာ

စတုရန်းမိုင်

မြို့နယ်

ဧရိယာ

စတုရန်းမိုင်

ရွှေဘို

၂.၆၅၃

၄၀၉.၃၆၃

၄၁၂.၀၁၆

ကျောက်မြောင်း

၀.၁၇၅

-

၀.၁၇၅

မြို့နယ်ချုပ်

 

၂.၈၂၈

၄၀၉.၃၆၃

၄၁၂.၁၉၁

 

နယ်နိမိတ်

ရွှေဘိုမြို့နယ်၏ အရှေ့ဘက်တွင် ဧရာ၀တီမြစ်၊ အနောက်ဘက်တွင် မူးမြစ်နှင့် ဒီပဲယင်းမြို့နယ် ၊ တောင်ဘက်တွင် ၀က်လက်မြို့နယ်၊ မြောက်ဘက်တွင် ခင်ဦးမြို့နယ်တို့နှင့် နယ်နိမိတ်ခြင်း ဆက်စပ်လျက်ရှိပါသည်။

 

မြေပြင်အခြေအနေ

            ရွှေဘိုမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်သည် တောင်ဘက်တွင် (၃၃၆.၈၁)' အမြင့်တွင် လည်းကောင်း၊ မြောက်ဘက်တွင် (၃၈၄.၉၄)' အမြင့်တွင်လည်းကောင်း ၊ အနောက်ဘက်တွင် (၃၄၀.၇၆)' အမြင့်တွင်လည်းကောင်း အသီးသီး တည်ရှိပါသည်။ မြေပြင်အနေအထားသည် မြေနိမ့်ပိုင်း ချိုင့်ဝှမ်းလွင်ပြင်နှင့် ကုန်းမြင့်အနည်းငယ်ရှိပြီး မြို့၏ သုံးပုံနှစ်ပုံသည် လွင်ပြင်ဖြစ်၍ ကျန်သုံးပုံ တစ်ပုံမှာ ကုန်းမြင့်ဖြစ်သည်။

 

ရေဆင်း

            ရွှေဘိုမြို့သည် မြစ်ချောင်းနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်း လျက်ရှိပါသည်။ ထင်ရှားသောမြစ်မှာ ဧရာ၀တီမြစ် နှင့် မူးမြစ်တို့ဖြစ်ပါသည်။

 

ပင်လယ်ရေမျက်နှာပြင်အမြင့်

            ရွှေဘိုမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ (၃၃၆.၈၁') အထက်တွင် တည်ရှိပါသည်။

 

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon