ရေဦးမြို့နယ်

ရေဦးမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

ရေဦးမြို့နယ်သည် ပျူခေတ်မှ စတင်ခဲ့ပါသည်။ ပုဂံခေတ် ၊ ကုန်းဘောင် ခေတ် ၊ အင်း၀ခေတ်အထိ အဆက်ဆက် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး နယ်ချဲ့တို့ သိမ်းပိုက်ခံခဲ့ရပြီးနောက်ပိုင်း ၁၈၈၆ ခုနှစ်အတွင်းမှစ၍ ရေဦးခရိုင်ဟု သတ်မှတ်ကာ ရေဦး၊ တန့်ဆည် ၊ ဒီပဲယင်း (၃)မြို့နယ်အား ရေဦးမှ ရုံးထိုင်ပြီး အုပ်ချုပ်ခဲ့ပါသည်။ ၁၉၂၀ ခုနှစ်တွင် ရေဦးကို မြူနီစီပါယ် အက်ဥပဒေအရ မြို့ပြအဖြစ် ကြေငြာသတ်မှတ်ခဲ့ပြီး ရေဦးမြို့နယ်ဟု သီးခြားဖြစ်ပေါ်ခဲ့ပါ သည်။

           

ပထဝီဝင် အနေအထား

တည်နေရာနှင့်အကျယ်အဝန်း

            ရေဦးမြို့နယ်သည် ‌မြောက်လတ္တီတွဒ်   ၂၂ ဒီဂရီ ၄၂ မိနစ် ၅၆စက္ကန့် နှင့်၂၂ ဒီဂရီ ၂ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅၆ မိနစ် စက္ကန့် နှင့် ၉၅ ဒီဂရီ ၂၈ မိနစ် ၄၀ စက္ကန့်အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၃၀) မိုင်နှင့် တောင်မှမြောက်သို့ (၂၂) မိုင် ရှည်လျားပါသည်။ ရေဦးမြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့နယ်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

ရေဦး

၀.၈၈

၅၅၆.၉၇

၅၅၇.၈၅

နယ်နမိတ်

           ရေဦးမြို့နယ်၏ အရှေ့ဘက်တွင် ခင်ဦးမြို့နယ်(မူးမြစ်)၊ တောင်ဘက်တွင် ဒီပဲယင်းမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ကနီမြို့နယ် ၊ မင်းကင်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် တန့်ဆည်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

 

မြေမျက်နှာသွင်ပြင်

         ရေဦးမြို့နယ်သည် ရေမျက်ကျေးရွာမှ တာတိုင်ကျေးရွာအထိ အဖြောင့်မျဉ်း ဆွဲသားလျှင် အရှေ့ပိုင်းသည် လွင်ပြင်ပိုင်းဖြစ်၍ အနောက်ပိုင်းသည် လှိုင်းထဆင်ခြေလျှော၊ တောင်တန်း၊ တောင်ကုန်း၊ တောင်စွယ်၊ ရေဝေကုန်းတန်း၊ လျှိုမြှောင် ချောက်ကမ်းပါးများ ရှိပါသည်။

 

ရေဆင်း

            ရေဦးမြို့နယ်တွင် မြစ်ချောင်းများ နည်းပါးသည့် ဒေသတစ်ခု ဖြစ်ပြီး ထင်ရှားသည့် မြစ်ချောင်းမှာ မူးမြစ် ဖြစ်ပါသည်။ မြစ်ချောင်းအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည်။ မူးမြစ်သည် သင်္ဘော/ စက်လှေများလည်း သွားလာနိုင်သော မြစ်ဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

          ရေဦးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် (၃၃၈) ပေ အထက်တွင် တည်ရှိပါသည်။

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon