ခင်ဦးမြို့နယ်

ခင်ဦးမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း

ဒေသသမိုင်းအကျဉ်း

အင်းဝခေတ်တွင် မြောက်ဘက်ဝန်းသိုစော်ဘွားအပိုင်း၊ အရှေ့ဘက်နယ်မြေ မိုးမိတ်စော်ဘွားအပိုင်းဟု ခေါ်ဆိုသော ရှမ်းပြည်နယ်နှင့် မြန်မာပြည်အကြားတွင်လည်းကောင်း၊ မြောက်ဘက်မှ ကသည်းရန်ကို ကာကွယ်ရန် ဦးတည်ချက်ထား ရန် "ကင်းဦးမြို့" ဟု ခေါ်စမှတ်ပြုရာမှ နောင်တွင် ခင်ဦးဟု ခေါ်တွင်လာခဲ့ပါသည်။

ပထဝီဝင် အနေအထား

တည်နေရာနှင့်အကျယ်အဝန်း

ခင်ဦးမြို့နယ်သည် မြောက်လတ္တီတွဒ် (၂၂)ဒီဂရီ (၃) မိနစ်အတွင်း လည်းကောင်း၊ အရှေ့လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၁၅)မိနစ် မှ (၉၆) ဒီဂရီ (၁) မိနစ်အတွင်းတွင်လည်းကောင်း တည်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် (၄၀၃)ပေ အမြင့်တွင်တည်ရှိပြီး၊ အရှေ့မှ အနောက်သို့ သွယ်တန်းလျှက်ရှိပါသည်။

စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

ခင်ဦး

၀.၇၁

၄၀၀.၁၁

၄၀၀.၈၂

 

မြို့နယ်ချုပ်

၀.၇၁

၄၀၀.၁၁

၄၀၀.၈၂

နယ်နမိတ်

ခင်ဦးမြို့နယ်သည် အရှေ့ဘက်တွင် ဧရာဝတီမြစ်နှင့် သပိတ်ကျဉ်းမြို့နယ်၊ တောင်ဘက်တွင် ရွှေဘိုမြို့နယ်၊ အနောက်ဘက်တွင် မူးမြစ်နှင့် ရေဦးမြို့နယ် ၊ မြောက်ဘက်တွင် ကန့်ဘလူမြို့နယ်နှင့်အကြား တည်ရှိပြီး၊ အကျယ်အဝန်း စတုရန်းမိုင်ပေါင်း (၄၀၀.၈၂၂) စတုရန်းမိုင် ကျယ်ဝန်းပါသည်။

မြေမျက်နှာသွင်ပြင်

ခင်ဦးမြို့နယ်၏အရှေ့ဘက်(၁၄)မိုင် အကွာတွင် မင်းဝံတောင်ရိုးရှိပါသည်။ တောင်အသွင်ကွယ်ပျောက်၍ ကျောရိုး သဖွယ်တောင်ကုန်းများတည်ရှိနေပါသည်။ မြို့နယ်အရှေ့ဘက်အခြမ်းသည် လွင်ပြင်နည်းပါး၍ အနိမ့်အမြင့် ပေါများ သည်။ အနောက်ဘက်ခြမ်းသည် မျက်နှာပြင်ညီညာပြီး ဧရာဝတီမြစ်နှင့် မူးမြစ်တို့ အကြားတွင် တည်ရှိပါသည်။

 

ရေဆင်း

ခင်ဦးမြို့အတွင်း မူးမြစ်/ချောင်းဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။ ၎င်းအမြစ်ချောင်းမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေစသည်ဖြင့် အသုံးပြုနိုင်သည်။ ဧရာ၀တီမြစ်သည် သင်္ဘော/စက်လှေများလည်း သွားလာနိုင်သောမြစ်ဖြစ်ပါ သည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ခင်ဦးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် (၄၀၃)ပေ အမြင့်တွင် တည်ရှိပါသည်။

 

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

ခင်ဦးမြို့နယ်သည် ပူပြင်းခြောက်သွေ့သောရာသီဥတုရှိပြီး ၊ အမြင့် ဆုံး အပူချိန် (36.c)နှင့်အနိမ့်ဆုံးအပူချိန်မှာ (19.c) ဖြစ်ပါသည်။ နှစ်အလိုက်ဖြစ် ပေါ်ခဲ့သောမိုးရေချိန်နှင့် အပူချိန်မှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါ သည်-

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း မိုးရေချိန် (လက်မ)

နွေရာသီ  

(.C)

ဆောင်းရာသီ (.C)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၄၆

၂၆.၀၉

၃၆

၁၉

၂၀၁၅

၅၉

၃၇.၈၇

၃၆

၁၉

၂၀၁၆

၅၃

၃၃.၃၇

၃၆

၁၉

More Information



သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon