တန့်ဆည်မြို့နယ်

တန့်ဆည်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း

ဒေသသမိုင်းအကျဉ်း

တန့်ဆည်မြို့နယ်၏ နောက်ခံမြို့နယ်သမိုင်းမှာ ၁၁၁၂ခုနှစ်ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး ဖောင်စင်္ကြာဖြင့် လှည့်လည်စဉ် ဖောင်စင်္ကြာရပ်တန့်သွားသဖြင့် ထိုနေရာကိုအစွဲပြု၍ တန့်ဆည်ဟုခေါ်တွင်ခဲ့ပါသည်။ ရှေးကလုံခြုံရေး အရ ကျောင်းကန်ကုန်းရွာ၊ ငွေပန်းကုန်းရွာ၊ လေးရွာကုန်းရွာ၊ ၀င်ကဘာရွာ၊ မရကန်ရွာ၊ တဲကြီးရွာတို့ အပါအဝင် ရွာပေါင်း(၆)ရွာစုစည်း၍ တန့်ဆည်ရွာကြီးအဖြစ် တည်ခဲ့ပါသည်။ မှတ်တမ်းတွင် ၁၇၄၉ခုနှစ် ဦးပေါ်ဦးကို တန့်ဆည်တွင် မွေးဖွားသည်ဟုတွေ့ရှိရသဖြင့် ပညာရှိအမတ်ကြီးဦးပေါ်ဦး၏မွေးရပ်ဇာတိဖြစ်သည်။ တန့်ဆည်ရွာကြီးကို၁၈၃၆ခုနှစ်တွင် သူကြီးအုပ်ချုပ်ခဲ့ပြီးမြန်မာမင်းများလက်ထက်၌မြေဒူးခရိုင်တွင်ပါ၀င်ခဲ့သည်။၁၈၈၉ခုနှစ်တွင်ရေဦးခရိုင်အတွင်းတန့်ဆည် ခရိုင်ရုံးခွဲစိုက်ခဲ့သည်။ ပါလီမန်ခေတ်တွင် ရေဦးခရိုင်ခွဲလက်အောက်တွင်ရှိခဲ့သည်။ ပြည်ထဲရေးနှင့်သာသနာရေး၀န်ကြီး ဌာန၏(၁၂-၁၂-၇၂)ရက်စွဲပါအမိန်ကြော်ငြာစာအမှတ်၊၁၁၁၇ဖြင့်၁၉၀၇ခုနှစ်၊မြို့ပြအက်ဥပဒေပုဒ်မ(၄)အရတန့်ဆည်မြို့ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ ၁၉၇၂ခုနှစ် ၊ စနစ်သစ်အုပ်ချုပ်ရေးအရ စစ်ကိုင်းတိုင်း၏မြို့နယ်တစ်ခုအဖြစ် တည်ရှိခဲ့ပါသည်။

ပထဝီဝင် အနေအထား

တည်နေရာနှင့်အကျယ်အဝန်း

တန့်ဆည်မြို့နယ်သည် ‌မြောက်လတ္တီတွဒ်   ၉၅ဒီဂရီ ၂၄ မိနစ် ၄၀ စက္ကန့် နှင့်အရှေ့လောင်ဂျီတွဒ် ၂၂ဒီဂရီ ၅၆မိနစ်၊ ၅၂စက္ကန့်အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့(၃၆) မိုင်နှင့် တောင်မှမြောက်သို့(၃၁/၅)မိုင် ရှည်လျားပါသည်။ တန့်ဆည်မြို့နယ်နှင့်မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

စဉ်

မြို့နယ်အမည်

မြို့ဧရိယာ

စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာ စတုရန်မိုင်

မြို့နယ် ဧရိယာ စတုရန်းမိုင်

တန့်ဆည်

၁.၀၉

၇၁၅.၂၅

၇၁၆.၃၄

နယ်နမိတ်

တန့်ဆည်မြို့နယ်၏အရှေ့ဘက်တွင်ကန့်ဘလူမြို့နယ်၊ တောင်ဘက်တွင် ရေဦးမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မင်းကင်းမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ကျွန်းလှမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ် လျှက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

တန့်ဆည်မြို့နယ်တွင်သစ်တောကြိုးဝိုင်း/ကြိုးပြင်ဧရိယာ  (၁၃၄၇၂၀)ဧကနှင့်တောရိုင်း‌မြေဧရိယာ(၅၁၁၄၂)ဧကမှ လွဲ၍ ကျန်ဒေသအားလုံး ‌မြေပြန့်လွင်ပြင်ဖြစ်ပါသည်။


ရေဆင်း

တန့်ဆည်မြို့နယ်နှင့်ကန့်ဘလူမြို့နယ်အကြား မူးမြစ်သည် ‌မြောက်မှတောင်သို့ နယ်နိမိတ်အဖြစ် ဖြတ်သန်း သွားပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

တန့်ဆည်မြို့နယ်သည်ပင်လယ်ရေမျက်နှာပြင်အထက်ပျမ်းမျှ အမြင့် (၃၈၄)ပေတွင် တည်ရှိပါသည်။

 

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

တန့်ဆည်မြို့နယ်သည် ပူအိုက်ခြောက်သွေ့သော ရာသီဥတုရှိပြီး ၊ အမြင့်ဆုံး အပူချိန် (၄၂ ံc)နှင့် အနိမ့်ဆုံးအပူချိန်မှာ ( ၂၆ံc ) ဖြစ်ပါသည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သောမိုးရေချိန်နှင့်အပူချိန်မှာ အောက်ဖော်ပြပါအတိုင်း ဖော်ပြ ပါသည်-

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း မိုးရေချိန် (လက်မ)

နွေရာသီ  

(.C)

ဆောင်းရာသီ (.C)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၃၀

၂၆.၀၃

၄၀

၂၆

၂၀၁၅

၅၅

၄၀.၇၄

၄၀

၂၆

၂၀၁၆

၄၆

၃၀.၁၆

၄၂

၂၆

၂၀၁၇

-

-

၄၂

၂၆

More Information

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon