ဒီပဲယင်းမြို့နယ်

ဒီပဲယင်းမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသ သမိုင်း

ဒေသသမိုင်းအကျဉ်း

လွန်ခဲ့သောနှစ်ပေါင်း (၈ဝဝ)ခန့်က ရှေးမင်းများတည်ထောင်ခဲ့သော နယ်ခြားစောင့်ခံတပ်မြို့ဖြစ်ပြီး မြို့ရိုး၊ ကျုံး အမှတ်အသားလက္ခဏာများ ယနေ့တိုင်တွေ့မြင်နိုင်၍ မြို့မှာ ခံတပ်မြို့အဖြစ် တည်ထောင်ခဲ့သဖြင့် ကျဉ်းပါသည်။ မြို့အကျယ်စတုရန်းမိုင်(၀.၃၈)မိုင်ဖြစ်ပြီး(၁၆၅၅၂)ဧက ကျယ်ဝန်းပါသည်။ ပုဂံမင်းဇေယျသူရ(ခေါ်) နရပတေ့စည်သူမင်း (၅၃၆-၅၇၃)လက်ထက်   ကဒူးတော်လှန်ပုန်ကန်သူတို့ကို     နှိမ်နင်းအောင်မြင်၍ ဆင်စီးထွက်တော်မူရာထိပေ့သျှင် အရပ် သို့ရောက်စဉ် မြန်မာဆိတ်များ“ပဲ..ပဲ”ဟူသောအသံမည်လျှက်တောစပ်သို့ ရေသောက်ဆင်းသည်ကိုမြင်သောနိမိတ်ကို ယူလျှက် မြို့တည်ရန်အကြံဖြစ်ပြီး ကဒူးဘာသာစကားအရ “ရေကို - ဒီ၊ ဆိတ်ကို - ပဲ ၊   တောကို - ယင်း”ဟု ခေါ် ကြောင်း ကဒူးလူမျိုးတို့၏ လျှောက်တင်ချက်ကိုယူ၍ အောင်စွာအမတ်ကို ဦးဆောင်စေ၍ မြို့ကိုတည်စေပြီး “ဒီပဲယင်းမြို့” ဟု ခေါ်တွင်စေခဲ့ပါသည်။ ဒီပဲယင်းတည်စ “ဘုံဘေးမ” ဟု ဆိုရိုးစကားရှိခဲ့ပါသည်။

ပထဝီဝင် အနေအထား

တည်နေရာအကျယ်အဝန်း

ဒီပဲယင်းမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် တည်ရှိပါသည်။ မြို့နယ်သည် မြောက်လတ္တီ တွဒ် ၉၄ ဒီဂရီ ၅၅ မိနစ်နှင့် ၉၅ ဒီဂရီ ၃၂ မိနစ်အကြား၊ အရှေ့ လောင်ဂျီတွဒ် ၂၂ ဒီဂရီ ၂၂ မိနစ်နှင့် ၂၂ ဒီဂရီ ၄၃ မိနစ် အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၅၁၁.၈၅)စတုရန်းမိုင် ကျယ်၀န်းပါသည်။ အရှေ့မှ အနောက်သို့ (၄၈)မိုင် ရှည်လျားပြီး၊ တောင်မှမြောက်သို့ (၁၃)မိုင်ခန့် ရှည်လျားပါသည်။ မြို့နယ်နှင့်မြို့တို့၏ ဧရိယာ စတုရန်း မိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့အမည်

မြို့ဧရိယာ

စတုရန်းမိုင်

ကျေးရွာအုပ်စု

ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

ဒီပဲယင်း

၀.၃၈

၅၁၁.၄၇

၅၁၁.၈၅

နယ်နိမိတ်

မြို့နယ်၏အရှေ့ဘက်တွင်မူးမြစ်၊ တောင်ဘက်တွင် ဘုတလင်မြို့နယ်နှင့်အရာတော်မြို့နယ်၊ အနောက်ဘက်တွင် ကနီမြို့နယ်၊ မြောက်ဘက်တွင် ရေဦးမြို့နယ်တို့နှင့် နယ်နမိတ်ထိစပ်လျှက်ရှိပါသည်။


မြေမျက်နှာသွင်ပြင်

မြို့နယ်၏မြောက်ဘက်ရှိ တောင်တန်းတောင်စွယ်တို့သည် တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ် အနောက် မြောက်ပိုင်းတို့ကိုဖြတ်သန်း၍ မြို့နယ်အတွင်း ထိုးဖေါက်ဝင်ရောက်လျှက် မြောက်ဘက်နှင့် အနောက်ဘက်ပိုင်း၌ တောင်ကုန်းများရှိ၍ ကျန်ဒေသများသည် မြေပြန့်လွင်ပြင်များသာဖြစ်ပါသည်။

 

ရေဆင်း

မြို့နယ်တွင် ထင်ရှားသောရေဆင်းအဖြစ် မြစ်ကြီးများ၊ ချောင်းကြီး များ ဖြတ်သန်းစီးဆင်းမှုမရှိပါ။ မြို့နယ်၏ အ‌ရှေ့ဘက် ရေဦးမြို့နယ်နှင့် ထိစပ်နယ်နိမိတ်အဖြစ် သတ်မှတ်ထားသောမူးမြစ်သည် မြောက်မှတောင်သို့ စီးဆင်းပါ သည်။မြို့နယ်အတွင်းအခြားထင်ရှားသောချောင်းမှာပရမ်းပကားချောင်းဖြစ်ပါသည်။ မြို့နယ်အတွင်းထင်ရှားသည့်အဓိက ရေအရင်းအမြစ်များမှာ ကာဘိုးဆည်မှသွယ်တန်းဖေါက်လုပ်ထားသော ရေဦးတူးမြောင်း၊ မရကန် မြောင်းခွဲနှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် သဖန်းဆိပ်ရေလှောင်တမံနှင့် ကင်းတပ်ဆည်တို့မှ သွယ်တန်း ဖေါက်လုပ်ထားသော လင်္ကျာတူးမြောင်းတို့ တည်ရှိပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ဒီပဲယင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် (၃ဝဝ)ပေ အထက်တွင်တည်ရှိပါသည်။

ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်

ရာသီဥတု

ဒီပဲယင်းမြို့နယ်သည် ပူပြင်းခြောက်သွေ့သောရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်(၄၂ ံC) နှင့် အနိမ့်ဆုံး အပူချိန်(၁၄ ံC)ဖြစ်ပါ သည်။ နှစ်အလိုက် ဖြစ်ပေါ်ခဲ့သောမိုးရေချိန်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း မိုးရေချိန်

နွေရာသီ

( ံC)

ဆောင်းရာသီ

( ံC)

အမြင့်ဆုံး

အနိမ့်ဆုံး

၂ဝ၁၃

၅၁

၃၈.၁၁

၄ဝ

၁၄

၂ဝ၁၄

၄၃

၃၅.၁၅

၄၀

၁၄

၂၀၁၅

၅၆

၄၁.၈၂

၄၀

၁၄

၂၀၁၆

၅၉

၄၀.၄၆

၄၀

၁၄

၂၀၁၇

၀.၆၈

၄၀

၁၄

More Information

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon