၀က်လက်မြို့နယ်

ဝက်လက်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း

ဒေသသမိုင်းအကျဉ်း

၁၈၈၅ခုနှစ်မတိုင်မီ ဝက်လက်မြို့နယ်အား ရွှေဘိုတောင်လက်ဟုခေါ်ပြီး ဗြိတိသျှအုပ်ချုပ်ရေးစနစ်တွင် ရှိမ်းမကား ကျေးရွာကို (Sub-Division) အဖြစ် သတ်မှတ်ရုံးစိုက်ပြီး ဝန်ထောက်အယ်လီကမ်းနား အုပ်ချုပ်ပြီးနောက် လှတော ရွာသား စစ်ကဲဦးထွန်း အုပ်ချုပ်ခဲ့ချိန်တွင်လည်း ဝက်လက်မြို့ မရှိသေးပါ။ ရှိမ္မကား၏ အုပ်ချုပ်မှုအောက်၌သာရှိခဲ့သည်။ စစ်ကိုင်း-မြစ်ကြီးနား မီးရထားလမ်းဖောက်လုပ်ရာမှ ဝက်လက်မြို့နယ်စတင်တိုးတက်လာပါသည်။ မြန်မာသက္ကရာဇ် အားဖြင့် ၁၂၅၃ခုနှစ်ဖြစ်၍ အင်ကြင်းဖူးစ နာသိင်္ဃရောက်ရာ မီးရထားဟူ၍ သတ်မှတ်ခဲ့ပါသည်။ ရေနွေးငွေ့စက်ခေါင်းသုံး မီးရထားဖြစ်၍ ဝက်လက်မြို့၏ တောင်ဘက်(၂)မိုင်ခန့်အကွာ၌ ပြွန်ကြီးကျေးရွာအနီးရပ်စခန်းဘူတာအား အရှေ့ဘက် အနီးစပ်ဆုံး၀က်လက်ရွဲရွာကိုအကြောင်းပြု၍ဝ က်လက်ဘူတာဟု ခေါ်တွင်ခဲ့ပါသည်။ ယခု၀က်လက်ဘူတာအနီးစိမ့်ရေ တွင်းရှိ၍ ဘူတာရွှေ့ခဲ့ပြီး တွင်းဖိုဟု ခေါ်၍ ဟန်လင်း မြို့ဟောင်း စိမ့်တွင်းအား တွင်းမဟု ခေါ်ကြသည်။ တွင်းဖိုအား ယခုတိုင် ရေတွင်းကြီးအဖြစ် လူအများသုံးစွဲလျက်ရှိပါသည်။ ၁၈၉၉ ၊ ၁၉၀၂ ခုနှစ်တွင် ကာဘိုးတူးမြောင်း ရေပေး​ဝေမှု ဆောင်ရွက်ခဲ့၍ စတင်ကာဖောက်လုပ်ခဲ့သည့် ၁၂၆၁ကို အောင်ကျော်သာဦး စ၍တူး ဟူ၍ လည်းကောင်း၊ ရေစတင် ရောက်သည့် ၁၂၆၄ ကို အံ့ကြူး သာယာရေဦးလာ ဟူ၍လည်းကောင်း အဆိုများဖြင့် လူနေစည်ကားလာခဲ့ပါသည်။ ၁၉၀၅ ခုနှစ်တွင် ရုံးများသည် ရှိမ်းမကားမှ ဝက်လက်သို့ ပြောင်းပြီး(ShweBo Sub-Division)အောက်သို့ လွှဲပြီးနောက် ဝက်လက်မြို့ဟု တည်ရှိခဲ့သည်။ ၁၉၇၂ခုနှစ်စနစ်သစ်အုပ်ချုပ်ရေးတွင်စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့ ဟု သီးခြား မြို့နယ်တစ်ခုအဖြစ် ရပ်တည် ပေါ်ပေါက်ခဲ့ပါသည်။

ပထဝီဝင် အနေအထား

တည်နေရာနှင့်အကျယ်အဝန်း

ဝက်လက်မြို့နယ်သည် ‌မြောက်လတ္တီတွဒ်   ၂၂ ဒီဂရီ ၁၀ မိနစ် ၁၅ စက္ကန့်နှင့်၂၂ ဒီဂရီ ၃၅ မိနစ်၂၀ စက္ကန့်အကြား အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၀၀မိနစ်၀၀စက္ကန့်နှင့်၉၆ဒီဂရီ ၃၀ မိနစ်၊၂၅စက္ကန့် အကြားတွင် တည်ရှိ ပါသည်။ အရှေ့မှ အနောက်သို့ (၂၇) မိုင်နှင့် တောင်မှမြောက်သို့(၁၉)မိုင် ရှည်းလျားပါသည်။ ဝက်လက်မြို့နယ်နှင့် မြို့တို့၏ဧရိယာစတုရန်း မိုင်မှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

ဝက်လက်

၀.၃၂

၅၁၄.၂၆

၅၁၄.၅၈

 

မြို့နယ်ချုပ်

၀.၃၂

၅၁၄.၂၆

၅၁၄.၅၈

နယ်နမိတ်

ဝက်လက်မြို့နယ်၏ အရှေ့ဘက်တွင် စဉ့်ကူးမြို့နယ်၊ တောင်ဘက်တွင် စစ်ကိုင်းမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် အရာတော်မြို့နယ်တို့နှင့်ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ရွှေဘိုမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ် လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

ဝက်လက်မြို့နယ်၏ မြေမျက်နှာပြင်သည် အများအားဖြင့် ညီညာ ပြန့်ပြူးသောလွင်ပြင်ဖြစ်၍ မြောက်မှတောင်သို့ ဆင်ခြေလျော တည်ရှိပါသည်

ရေဆင်း

ဝက်လက်မြို့နယ်တွင် မြစ်ချောင်းများနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိပါသည်။ ထင်ရှားသည့်မြစ်ချောင်းများမှာ ဧရာဝတီမြစ်နှင့်မူးမြစ်တို့ ဖြစ်ပါသည်။ ဧရာဝတီမြစ်သည် သစ်ဆိမ့်ရွာနှင့် ရှိမ်းမကားရွာ အနီးမှ ဖြတ်ပြီး မူးမြစ်သည် သမရိုးရွာအနီးမှဖြတ်ကာ မြောက်မှတောင်သို့စီးဆင်းပါသည်။ မြစ်ချောင်းအများစုမှာ ရေချို များဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေစသည်ဖြင့် အသုံးပြုနိုင်သည်။ ဧရာဝတီမြစ်သည် သင်္ဘော / စက်လှေများလည်း သွားလာနိုင်သော မြစ်ဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ဝက်လက်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်     (၅၄၄)ပေအထက်တွင် တည်ရှိပါသည်။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

           ဝက်လက်မြို့နယ်သည်အပူပိုင်းရာသီဥတုရှိပြီး၊ အမြင့်ဆုံး အပူချိန် (၃၈ ဒီဂရီစင်တီဂရိတ်)နှင့်အနိမ့်ဆုံးအပူချိန်မှာ (၂၆ ဒီဂရီစင်တီ ဂရိတ်) ဖြစ်ပါသည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့် အပူချိန်မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါ သည်-

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း မိုးရေချိန် (လက်မ)

နွေရာသီ   (.C)

ဆောင်းရာသီ (.C)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၄၄

၃၂.၃၁

၃၈

၂၆

၂၀၁၅

၅၂

၃၃.၂၉

၃၈

၂၆

၂၀၁၆

၁၇

၄.၀၄

၄၀

၂၆

၂၀၁၇

-

-

-

-

More Information

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon