ကျွန်းလှမြို့နယ်

ကျွန်းလှမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

ကျွန်းလှမြို့နယ်သည် ပထဝီအနေအထားအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော မြို့နယ်ဖြစ်ပါသည်။ ယနေ့အချိန်ထိ မြို့နယ်နှင့်ပတ်သက်သည့် သမိုင်းစာတမ်းများ တစ်စုံတစ်ရာ မတွေ့ရသေးဟု မှတ်တမ်းတင်ထားသော်လည်း မြို့နယ်အတွင်း ရှာဖွေတွေ့ရှိသမျှ ရှေးဟောင်းမှတ်တမ်းများကို မှီငြမ်း၍ သက်ဆိုင်ရာ ရာဇ၀င်များနှင့် ညှိနှိုင်း တင်ပြထားပါသည်။

ကျွန်းလှမြို့နယ်သည် ညောင်ရမ်းမင်းတရား (၉၅၉-၉၆၇)လက်ထက် မတိုင်မီက မိုးညှင်း မိုးကောင်း စော်ဘွားများ၏ လက်အောက်ခံသာဖြစ်ခဲ့ပြီး နယ်မြေမှထွက်ရှိသည့် ရွှေများကို စော်ဘွားများထံ ဆက်သကြရသည်။ တစ်ရံတစ်ခါ မြန်မာမင်းများသည် နယ်မြေသို့၀င်ရောက် တိုက်ခိုက်ပြီး ရှမ်းမြန်မာအာဏာလုရာ နယ်မြေဖြစ်ခဲ့သည်။

      သက္ကရာဇ်(၇၂၅)ခုနှစ်တွင် မင်းနေပြည်ဖြစ်ခဲ့သည့် မြေထူးမြို့ကို မော်တုံမော်ကယ်စားရှမ်းတို့ ထိပါးသဖြင့် ဘုရင်မင်းခေါင်၏ သားအိမ်ရှေ့စံ မင်းရဲကျော်စွာသည် မြေထူးမြို့သို့ ချီတက်သိမ်းပိုက်ခဲ့ကြောင်း မှန်နန်းရာဇ၀င်တွင် တွေ့ရှိရပါ သည်။ ညောင်ရမ်းမင်းတရား လက်ထက်တွင် ကျွန်းလှမြို့နယ်သည် မြန်မာမင်းမျာ၏ အုပ်ချုပ်မှုအောက်သို့  လုံး၀ရောက်ရှိခဲ့ပြီး ရွှေခွန်တော်ကိုလည်း မြန်မာမင်းများထံ ဆက်သခဲ့ရပါသည်။ ရွှေအစု၀င်ရွာ(၂၀)အနက် ကျွန်းလှဒေသမှ ရွှေအစု၀င် ရွာများဖြစ်သော အင်တိုင်း(၅)ရွာ ကျွန်းလှရွာနှင့်  မက်တောင်ရွာတို့မှာ မှတ်တမ်းများအရ ထင်ရှားသော ရွှေအစု၀င်များ ဖြစ်ပါသည်။ ဤဒေသမှ  ရွှေအလည်ကျောင်းသည် သမိုင်းတွင် ထင်ရှားခဲ့ပြီး ရွှေဆက်သရသည့် မြို့စားရွာစားများကို ရွှေမှူးဟုလည်းကောင်း အမည်ရှေ့တွင် ''သုဝဏ္ဏ"ဟူသော ဘွဲ့များချီးမြှင့်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

        မော်တုံမော်ကယ်သည် ကျွန်းလှမြို့၏ ရှေးအကျဆုံးမြို့နယ်ဖြစ်ပြီး မိုးကောင်း၊ မိုးညှင်းမှ ခွဲထွက်လာသည့် ရှမ်းရွာများဖြစ်ပါသည်။ မြန်မာသက္ကရာဇ်(၁၂၄၇)ခုနှစ် သီပေါမင်းနန်းကျချိန်အထိ မြို့စား ရွာစားများ အဆက်မပြတ် ကြီးမှူးခဲ့ပြီး နောက်ဆုံးမြို့စားမှာ ဦးကြွင်း၏သား ဦးလှိုင်ဖြစ်ပါသည်။

        နယ်ချဲ့အစိုးရ လက်ထက်တွင် ရှေးဦးစွာအင်တိုင်းရွာကို မြို့နယ်ရုံးစိုက်၍ အုပ်ချုပ်ခဲ့သည်။ အင်တိုင်းရွာ၏ ပထမဆုံးမြို့အုပ်မှာ အနော်ရထာသီရိကျော်စွာဘွဲ့ခံ ဦးဘိုးချုပ် ဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၂၆၉   ခုနှစ်တွင် ကျွန်းလှမြို့သို့ ပြောင်းရွှေ့ခဲ့ပါသည်။

ပထဝီဝင် အနေအထား

တည်နေရာ၊ အကျယ်အဝန်း

            ကျွန်းလှမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၁၅ မိနစ်နှင့် ၂၃ ဒီဂရီ ၅၂ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅၀ မိနစ်နှင့် ၉၅ ဒီဂရီ ၄၂ မိနစ်အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၁.၇၅)မိုင်နှင့် တောင်မှမြောက်သို့ (၂.၀၀)မိုင် ရှည်လျားပါသည်။ ကျွန်းလှမြို့နယ်နှင့် မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့

အမည်

မြို့ဧရိယာ

စတုရန်းမိုင်

ကျေးရွာအုပ်စု

ဧရိယာ

စတုရန်းမိုင်

မြို့နယ် ဧရိယာ

စတုရန်းမိုင်

ကျွန်းလှ

၂၂၃၅ ဧက

(၃.၄၉၂)

စတုရန်းမိုင်

၆၅၇၅၈၇ ဧက

(၁၀၂၇.၄၈၀)

စတုရန်းမိုင်

၆၅၉၈၂၂ ဧက

(၁၀၃၀.၉၇၂)

စတုရန်းမိုင်

နယ်နိမိတ်

ကျွန်းလှမြို့နယ်၏ အရှေ့ဘက်တွင် ကန့်ဘလူ၊ ကောလင်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် တန့်ဆည်မြို့နယ်၊ ကန့်ဘလူမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ဖောင်းပြင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ပင်လည်ဘူးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက် ရှိပါသည်။

မြေမျက်နှာသွင်ပြင်

ကျွန်းလှမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ(၅၀၀)နှင့် (၁၅၀၀)အကြားတွင် တည်ရှိပြီး ရေဘုယျအားဖြင့် တောတောင်ထူထပ်သော မြို့နယ်ဖြစ်ပါသည်။ မြို့၏အနောက်ဘက်တွင် တည်ရှိသော အလယ်ရိုးမ တောင်တန်းကြီး၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ဇီးဖြူတောင်တန်းသည် အမြင့်ဆုံးပေ (၂၃၉၄)နှင့် အနိမ့်ဆုံးပေ (၁၅၀၀) ရှိပြီးကျန်ဒေသများမှာ မြေပြန့်လွင်ပြင်များ ဖြစ်သည်။ မြို့၏အနောက်ဘက်တွင် ဧရိယာဧက (၁၀၀၆၄၀)ရှိသည့် သဖန်းဆိပ် ရေလှောင်တမံကြီး တည်ရှိပါသည်။

ရေဆင်း

            ကျွန်းလှမြို့နယ်သည် အနောက်မှအရှေ့သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး ချောင်းငယ်မြောင်းငယ်များသည် မူးမြစ် (သဖန်းဆိပ်ရေလှောင်တမံ) အတွင်းသို့ စီး၀င်ကြပါသည်။ ထိုချောင်းများမှာ -

(က)     နန့်ဘရန်းချောင်း

            ( ခ)      စရိတ်သာချောင်း

            ( ဂ)      မိုင်း၀န်းချောင်း

            (ဃ)     မော်ကယ်ချောင်း

( င)      ဖက်ဆွပ်ချောင်း
( စ)
      ရွာဘင်းချောင်း

            (ဆ)     ဖုံမွှာချောင်း

            ( ဇ)      ဓားထိုးချောင်း

            (စျ)      ဆားတွင်းချောင်း

            (ည)     ပြောင်သွယ်ချောင်း

            ( ဋ)      တိုင်ပျောက်ချောင်း

            ( ဌ)   ကဗျင်းချောင်း မြစ်ချောင်းများအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေစသည်ဖြင့် အသုံးပြုနိုင်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

            ကျွန်းလှမြိုနယ်သည်   ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့်(၅၀၀)နှင့် (၁၅၀၀) အကြားတွင် တည်ရှိပါသည်။

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon