ဒေသသမိုင်း
ဒေသသမိုင်းအကျဉ်း
အနော်ရထာမင်းကြီးသည် မော်မင်းတို့၏နိုင်ငံဖြစ်သော ကမ္ဘောဇတိုင်းနှင့်မြန်မာပြည် ကမ္မဒီတိုင်းနှစ်ဖက်ခြမ်း၌ ရှမ်းယွမ်းတို့ မရောစိမ့်သောငှါ ကင်းတပ် မြို့(၄၃)မြို့ကို တည်ထားခဲ့ပါသည်။ ယင်းခဲ၊ မိုးတား၊ ကသာတို့မှာ ကင်းတပ်မြို့ (၄၃)မြို့တွင် ပါ၀င်ခဲ့ပါသည်။ ရှမ်းလူမျိုးတို့ ဤနေရာ၌ ထိုစဉ်က စျေးမြို့အဖြစ် ဖောက်ကားရောင်းဝယ်ခဲ့သောကြောင့် မိန်း (င)ကာပ်ဆာရာဟုခေါ်တွင်ခဲ့ပြီး သာယာသောစျေးမြို့ဟုအဓိပ္ပာယ်ရပါသည်။ အနော်ရထာမင်းကြီးသည် သက်လူမျိုးတို့ ကြီးစိုးလျက်ရှိသော တကောင်းမြို့ကိုသိမ်းသွင်းပြီးနောက် ယူနန်ရှမ်းတို့ရှိရာ နန်းချောင်းကိုချီတက်ရာ၌ ကသာမြို့နယ်၊ ရွှေလီမြစ်ကြောင်းကို စစ်လမ်းအဖြစ် အသုံးပြုခဲ့ကြောင်းသိရှိရပါသည်။
ပထဝီဝင် အနေအထား
တည်နေရာနှင့်အကျယ်အဝန်း
ကသာမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်းတွင်တည်ရှိပြီး ကသာခရိုင်တွင်ပါဝင်ပါသည်။ ဧရာဝတီမြစ် ၏ အနောက်ဘက်ကမ်းတွင် တည်ရှိပါသည်။ ကသာမြို့နယ်သည် အရှေ့လောင်ဂျီတွဒ် (၉၆)ဒီဂရီ (၁၅)မိနစ်နှင့် (၉၆) ဒီဂရီ (၃၈)မိနစ်ကြား၊ မြောက်လတ္တီတွဒ်(၂၃)ဒီဂရီ (၅၃)မိနစ်နှင့် (၂၄)ဒီဂရီ (၂၃) မိနစ်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၈၆၅.၆၈) စတုရန်းမိုင်ကျယ်ဝန်း ပါသည်။
စဉ် |
မြို့နယ် |
မြို့ဧရိယာ စတုရန်းမိုင် |
ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင် |
မြို့နယ်ဧရိယာ စတုရန်းမိုင် |
၁ |
ကသာမြို့ |
၁.၆၁ |
၈၆၄.၀၈ |
၈၆၅.၆၈ |
မြို့နယ်ချုပ် |
၁.၆၁ |
၈၆၄.၀၈ |
၈၆၅.၆၈ |
နယ်နိမိတ်
ကသာမြို့နယ်၏အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ အနောက် ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ တောင်ဘက်တွင် ထီးချိုင့်မြို့နယ်၊ မြောက်ဘက်တွင်ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တို့နှင့်နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိပါသည်။
မြေမျက်နှာသွင်ပြင်
ကသာမြို့နယ်သည် ဧရာဝတီမြစ်နှင့် ရွှေလီမြစ်ဘေးတစ်လျှောက်တွင်တည်ရှိပြီး အရှေ့ပိုင်းနှင့်တောင်ပိုင်းတွင် ရေလွှမ်းလွင်ပြင်နှင့် သစ်တောများရှိကာ မြောက်ပိုင်းနှင့် အနောက်ပိုင်းတွင် တောင်တန်းနှင့် သစ်တောများရှိပါသည်။ ကသာမြို့နယ်သည်နွေးသမပိုင်းဇုံတွင်ကျရောက်ပြီးစွတ်စိုသောရာသီဥတုဖြစ်ပါသည်။
ရေဆင်း
ကသာမြို့နယ်သည် မြစ်ချောင်းများပေါများသည့်ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသည့်မြစ်ချောင်းများမှာ ဧရာဝတီမြစ် နှင့်ရွှေလီမြစ်တို့ဖြစ်ပါသည်။ မြစ်ချောင်း အများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေစသည်ဖြင့် အသုံးပြုနိုင် ပါသည်။ ဧရာဝတီမြစ်သည်သင်္ဘော / စက်လှေများလည်း သွားလာနိုင်သောမြစ်ဖြစ်ပါသည်။
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်
ကသာမြို့နယ်သည် ပင်လည်ရေမျက်နှာပြင်အထက် (၃၁၃)ပေတွင် တည်ရှိပြီး၊ အမြင့်ဆုံးတောင်မှာ ဘိုးမင်းတောင် (ရာဇာဂြိုလ်တောင်)အမြင့်ပေ(၂၈၃၂) ပေရှိပါသည်။
ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်
ရာသီဥတု
ကသာမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် (၄၅.၅.c)ရှိပြီး အနိမ့်ဆုံးအပူချိန်မှာ (၃.၀.c)ဖြစ်ပါသည်။ နှစ်အလိုက် ဖြစ်ပေါ် ခဲ့သော မိုးရေချိန်နှင့် အပူချိန်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-
စဉ် |
ခုနှစ် |
မိုးရေချိန် |
အပူချိန် |
||
မိုးရွာရက် |
စုစုပေါင်း မိုးရေချိန်(လက်မ) |
နွေရာသီ (.C) |
ဆောင်းရာသီ (.C) |
||
အမြင့်ဆုံး |
အနိမ့်ဆုံး |
||||
၁ |
၂၀၁၄ |
၇၇ |
၆၄.၃၃ |
၄၁.၅.c |
၁၀.၀.c |
၂ |
၂၀၁၅ |
၉၃ |
၈၀.၃၅ |
၃၇.၉.C |
၅.၈ .c |
၃ |
၂၀၁၆ |
၇၉ |
၅၀.၄၃ |
၃၇.၉.C |
၅.၈ .c |
၄ |
၂၀၁၇ |
၉ |
၂.၂၈ |
- |
- |