ပင်လည်ဘူးမြို့နယ်

ပင်လည်ဘူးမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်း       

ဒေသသမိုင်းအကျဉ်း

          သက္ကရာဇ် ၈၈၈ ခုနှစ်တွင် မိုးညှင်းဇလုံနယ်စား သိုဟန်ဘွားကို အင်းဝထီးနန်းတင်ခဲ့ပြီး အပြန်တွင် မူးမြစ်အတိုင်း ဆန်တက်ခဲ့ရာ ကြီးမားသောသရက်ဖြူပင်ကြီးများပေါက်ရောက်သည့် ကိုင်းကြီးကုန်းကျေးရွာသို့ ရောက်ရှိလာပြီး ထိုရွာ တွင်တပ်ချနားနေစဉ် ဓါတ်တော်များကို ဌာပနာ၍ စေတီငယ်တစ်ဆူကိုတည်ခဲ့သည်။ ထိုစေတီကို မိုးဆုတောင်းစေတီ ဟု ခေါ်တွင်ခဲ့သည်။ မိုးညှင်းဇလုံနယ်စားသည် စေတီတည်ပြီးနောက် မြို့ရွာတည်ရန်နေရာကို လိုက်လံကြည့်ရှုရာ ကိုင်းကွင်း တစ်ခုမှ ကြက်ဖတစ်ကောင်သည် ထန်းပင်တစ်ဖျားခန့် ကောင်းကင်ယံသို့ပျံတက်သည်ကို တွေ့မြင်ရသည်။ ထိုသို့ ကြက်ပျံ သည့်နေရာသည် အတိတ်ကောင်းပြီး နောင်ကာလ၌ ကြက်ပျံမကျစည်ကားနိုင်သည်ဟု ယူဆ၍ အဆိုပါနေရာ၌ ရွာတည ခဲ့ သည်။ ၎င်းရွာကို ပင်ကိုင်ဖလူး ဟု ခေါ်တွင်ခဲ့သည်။ အဓိပ္ပါယ်မှာ ပင်သည် − ကိုင်း၊ ကိုင်သည် − ကြက်၊ ဖလူးမှာ − ပျံ သန်းသည် ဟု အဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် ပင်ကိုင်ဖလူးသည် ကိုင်းတောမှ ကြက်ပျံသောနေရာဟု အဓိပ္ပါယ်ရပါသည်။ ကာလကြာမြင့်သောအခါ ပင်ကယ်ဖူး၊ ထိုမှ ပင်လည်ဘူး ဖြစ်လာခြင်း ဖြစ်ပါသည်။  

ပထဝီဝင် အနေအထား    

တည်နေရာအကျယ်အ၀န်း

ပင်လည်ဘူးမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် တည်ရှိ ပါသည်။ ‌မြောက်လတ္တီတွဒ်၂၃ ဒီဂရီ ၂၈ မိနစ်နှင့် ၂၄ ဒီဂရီ ၂၈ မိနစ်ကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁ မိနစ်နှင့် ၉၅ ဒီဂရီ ၄၆ မိနစ်အကြားတွင် တည်ရှိပါသည်။ အကျယ်အဝန်းမှာ (၁၂၆၈၇)စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့ (၄၉)မိုင်နှင့် တောင်မှ မြောက်သို့ (၆၅)မိုင်ရှည်းလျားပါသည်။ ပင်လည်ဘူးမြို့နယ် နှင့် မြို့တို့၏ ဧရိယာ စတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

ပင်လည်ဘူး

၀.၄၆

၁၂၆၇.၇၁

၁၂၆၈.၁၇

မြို့နယ်ချုပ်

၀.၄၆

၁၂၆၇.၇၁

၁၂၆၈.၁၇

တည်နေရာအကျယ်အ၀န်း

ပင်လည်ဘူးမြို့နယ်သည် အရှေ့ဘက်တွင် ဝန်းသိုမြို့နယ်၊ တောင်ဘက်တွင် ကောလင်းမြို့နယ်နှင့်ကျွန်းလှမြို့နယ်၊ အနောက်ဘက်တွင် ဖောင်းပြင်မြို့နယ်၊ မြောက်ဘက်တွင် ဗန်းမောက်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

ပင်လည်ဘူးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်(၉၀၁)ပေရှိပြီး မူးမြစ် ဝဲယာတွင် မြေပြန့်လွင်ပြင်များရှိ၍ တောင်စဉ်တောင်တန်းများ ထူထပ်လျှက်ရှိရာ ထင်ရှားသော တောင်တန်းများမှာ မိုင်းသုန်တောင်၊ ဇီးဖြူတောင်၊ သနွင်း တောင်နှင့် မှန်တောင် တို့ဖြစ်ပါသည်။

ရေဆင်း

နိမိတ်ကို အဆိုပြုလျှက် ပင်လည်ဘူးမြို့အနီး မြောက်မှ တောင်သို့ ဖြတ်သန်း စီးဆင်းလျှက်ရှိပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ပင်လည်ဘူးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် (၉၀၁)ပေ အထက်တွင် တည်ရှိပြီး မြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ မှန်တောင်ဖြစ်၍ အမြင့်(၂၂၁၀)ပေရှိပါသည်။

 

ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်

ရာသီဥတု

ပင်လယ်ဘူးမြို့နယ်သည် မုတ်သုံရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်(၄၁.C)နှင့်အနိမ့်ဆုံးအပူချိန်မှာ (၃၈.၅.C)ဖြစ်ပါ သည်။နှစ်အလိုက်ဖြစ်ပေါ်ခဲ့သောမိုးရေချိန်နှင့်အပူချိန်မှာအောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်

စဉ်

ခုနှစ်

မိုးရေချိန်

အပူချိန်

မိုးရွာရက်

စုစုပေါင်း မိုးရေချိန် (လက်မ)

နွေရာသီ  

(.C)

ဆောင်းရာသီ (.C)

အမြင့်ဆုံး

အနိမ့်ဆုံး

၂၀၁၄

၇၈

၄၆.၇၅

၄၁

၁၃.၇၇

၂၀၁၅

၉၀

၆၇.၄

၃၉.၅

၁၀.၄၈

၂၀၁၆

၁၈

၁၅.၄၆

၄၀.၅

၁၀.၃

၂၀၁၇

၁၁

၂.၂၈

၃၈.၅

၂၀.၀

 

 

More Information

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon