ကောလင်းမြို့နယ်

ကောလင်းမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

မြန်မာနိုင်ငံ အလယ်ပိုင်းခေတ် သာလွန်မင်းတရားကြီး လက်ထက် မြန်မာသက္ကရာဇ် (၉၀၁)ခန့်တွင် ဝန်းသိုစော်ဘွား  စောအင်ခန်းတည်ထောင်ခဲ့သော မြို့တစ်မြို့ဖြစ်ကြောင်း မှတ်သားရပါသည်။ ကောလင်းမြို့အမည်သည် ပါဠိ ဘာသာ “ ကုလင်ဂနဂရ ” မှဆင်းသက်လာပြီး ကုလ = အမျိုး၊ အင်္ဂ = အညွှန့် အရွက်များ၊ လင်္ဂ = အမျိုး၏ အညွှန့် အရွက်များဟု အဓိပ္ပါယ်ရပြီး အမျိုးအနွယ်အညွှန့်အရွက်များ တည်ရှိရာမြို့ဟု   အဓိပ္ပါယ်ရကြောင်း မှတ်သားရပါသည်။ ကောလင်းမြို့ဟောင်း နေရာမှာ ယခုမြို့တည်နေရာ၏ အနောက်ဖက် (၁)မိုင်ခန့် အကွာတွင်ရှိသော ရွာမရွာနေရာ ဖြစ်ပါသည်။ ကုန်းဘောင်ခေတ်နောင်းပိုင်း ရတနာပုံသီပေါဘုရင် လက်ထက်တွင် ကောလင်းမြို့စားမှာ နာမည်ကျော် ရွှေလှံဗိုလ်ဖြစ်ပါသည်။ မြို့စားရွှေလှံဗိုလ်ကို ဂုဏ်ပြုသောအားဖြင့် ရွာမရွာအနီးရှိ ချောင်းကို ရွှေလှံချောင်းဟု ခေါ်ဆိုကြသည်။ မြို့၀န်စံခဲ့သော နေရာကို စံတော်ရာကုန်းဟု  ခေါ်ဆိုကြရာမှ ယခုအခါ စန္ဒရာကုန်းဟု ခေါ်ဆိုကြသည်။ မြန်မာဘုရင်များ အုပ်ချုပ်စဉ်က ကောလင်းမြို့တွင် တောင်အင်းရွာ၊ မြောက်အင်းရွာ၊ ရှမ်းကုန်းရွာ၊ ခံသာကုန်းရွာ (အောင်သီရိ)ဟူ၍ ပိုင်းခြားအုပ်ချုပ်ခဲ့ကြောင်း သိရပါသည်။ သီပေါမင်း ပါတော်မူပြီးနောက် ၀န်းသိုစော်ဘွား ဦးအောင်မြတ်နှင့် ကောလင်း၀န်မင်း ဦးကာတေတို့ ကောလင်းမြို့စံတော်ရာတွင် ကျောက်ကြမ်းတောင်၊ ပုဂံတောင်တို့တွင် ခံတပ်ပြုလုပ်ပြီး တိုင်းရင်းသားရှမ်း၊ ကဒူး၊ ဂဏန်းတို့နှင့် ပူးပေါင်း၍ နယ်ချဲ့ကို တော်လှန်ခဲ့ကြသည်။ ကျောက်ကြမ်းတောင် တိုက်ပွဲတွင် အင်္ဂလိပ်စစ်တပ်မှ စစ်ဗိုလ်ကာနယ်ဟတ် ဂျွန်ဆန်ကျဆုံးခဲ့ရာ   ရွာမကျေးရွာအနီးတွင် ယင်းစစ်ဗိုလ်၏အုပ်ဂူသင်္ချိုင်း ယနေ့တိုင်တည်ရှိပါသည်။


ပထဝီဝင် အနေအထား

တည်နေရာ၊ အကျယ်အဝန်း

ကောလင်းမြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၃၈မိနစ် ၄၈စက္ကန့်နှင့် ၂၃ဒီဂရီ ၅၁မိနစ် ၅၃စက္ကန့်ကြား၊ အရှေ လောင်ဂျီတွဒ် ၉၅ဒီဂရီ ၅၇မိနစ် ၅၁စက္ကန့်နှင့် ၉၆ ဒီဂရီ ၀ မိနစ် ၃၆စက္ကန့်ကြား တည်ရှိပြီး အကျယ်အ၀န်းမှာ တောင်နှင့် မြောက် (၁၄)မိုင်၊ အရှေနှင့် အနောက် ၄၀.၅၆၆မိုင် ရှိပါသည်။ မြို့နယ်၏အကျယ်အ၀န်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

စဉ်

မြို့အမည်

မြို့ဧရိယာ

စတုရန်းမိုင်​​​

ကျေးရွာအုပ်စု

စတုရန်းမိုင်​​​

မြို့နယ် ဧရိယာ

စတုရန်း

မိုင်

ကောလင်း

၁.၀၆

၇၂၉.၁၃

၇၃၀.၁၉

နယ်နိမိတ်

ကောလင်းမြို့နယ်သည် အရှေ့ဘက်တွင် ထီးချိုင့်မြို့နယ်၊ အနောက်ဘက်တွင် ကျွန်းလှမြို့နယ်၊ တောင်ဘက်တွင် ကန့်ဘလူမြို့နယ်၊ မြောက်ဘက်တွင် ဝန်းသိုမြို့နယ်တို့ ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

ကောလင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် (၆၀၈) ပေတွင် တည်ရှိပြီး‌ မြေနိမ့်လွင်ပြင်ဖြစ်ကာ ပြန့်ပြူးသော မျက်နှာပြင်ရှိပါသည်။

ရေဆင်း

ကောလင်းမြို့နယ်တွင် ထင်ရှားသော ချောင်းမှာ ဒေါင်းမြူးချောင်းဖြစ်ပြီး မြို့အနီးမှ မြောက်မှတောင်သို့ ဖြတ်သန်း စီးဆင်းလျှက်ရှိပါသည်။

ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်

ကောလင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် (၆၀၈)ပေတွင် တည်ရှိပါသည်။

 

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon