ဒေသသမိုင်း
ဒေသသမိုင်းအကျဉ်း
ဗန်းမောက်မြို့နယ်သည် အစဉ်အဆက်အလွန်ရှေးကျသောခေတ်မှစ၍ လူတို့နေထိုင်ရာအရပ်ဖြစ်ခဲ့သည်။ ပုပ္ပါးစောရ ဟန်းမင်း မင်းပြုပြီး သက္ကရာဇ်(၄၉၂)တွင် ရှင်အာစရမထေရ်သည် ဗန်းမောက်မြို့နယ်၊ မံယူးကြီးအရပ်သို့ သာသနာပြုကြွ ရောက်လာပါသည်။ ၎င်းမထေရ်၏ကျင့်ကြံအားထုတ်မှုများကို မံယူးကြီးကျေးရွာသားများကကြည်ညိုကြ၍ ကျောင်း ဆောက်လုပ်လှူဒါန်းကြကုန်၏ဟူ၍ ဦးဣန္ဒာဝံသ (ရွာသစ်ကုန်းကျောင်း၊မံစီ) ရေးသားပြုစုသော ရွှေဇေယျာဘုရားသမိုင်း တွင်ဖော်ပြထားပါသည်။ မံယူးကြီးကျေးရွာသည် ဗန်းမောက်မြို့နယ်၏ ရှေးအကျဆုံးကျေးရွာများတွင် ပါဝင်ပါသည်။ ယင်းခေတ်တွင် ဗန်းမောက်ဟူ၍အမည်မတွေ့ရပေ၊ မြန်မာဘုရင်မင်းတုန်းမင်းလက်ထက် ဝန်းသိုစော်ဘွားပိုင်သော(၅)ခရိုင် တွင် ဗန်းမောက်ခရိုင်ဟူ၍ တွေ့ရပြီး၊ ရှမ်း အများဆုံးနေထိုင်ရာဖြစ်ခဲ့ပါသည်။ မားပုတ်ဟူသော ရှမ်းစကားမှ ဗန်းမောက် ဟူ၍ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ မားပုတ် ဟူသော ဝေါဟာရမှာ -
မား - လာ၍ ပုတ် - လှုပ်နှိုးသည် ဟူ၍ဖြစ်ပြီး အိပ်သော သူအား လှုပ်နှိုးသည်ဟု အဓိပ္ပယ်ရပါသည်။
ပထဝီဝင် အနေအထား
တည်နေရာနှင့်အကျယ်အဝန်း
ဗန်းမောက်နယ်သည် မြောက်လတ္တီတွဒ်၂၄ဒီဂရီ ၁၀ မိနစ် ၂၄ ဒီဂ ရီ ၅၉ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၇ မိနစ်၊ ၉၆ ဒီဂရီ ၁၂ မိနစ်အကြားတွင်တည်ရှိပါသည်။ အရှေ့မှအနောက်သို့(၄၈)မိုင်နှင့်တောင်မှမြောက်သို့(၆၀)မိုင်ရှည်လျား ပါသည်။ ဗန်းမောက်မြို့နယ်နှင့် မြို့တို့၏ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် |
မြို့အမည် |
မြို့ဧရိယာ စတုရန်းမိုင် |
ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင် |
မြို့နယ်ဧရိယာ စတုရန်းမိုင် |
၁ |
ဗန်းမောက် |
၀.၂၀ |
၁၃၁၉.၅၉၃ |
၁၃၁၉.၇၉၃ |
မြို့နယ်ချုပ် |
၀.၂၀ |
၁၃၁၉.၅၉၃ |
၁၃၁၉.၇၉၃ |
နယ်နမိတ်
ဗန်းမောက်မြို့နယ်၏အရှေ့ဘက်တွင် အင်းတော်မြို့နယ်၊ တောင်ဘက်တွင် ၀န်းသိုမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်၊ အနောက်ဘက်တွင် ဖောင်းပြင်မြို့နယ်နှင့်ဟုမ္မလင်းမြို့နယ်၊ မြောက်ဘက်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျှက်ရှိပါသည်။
မြေမျက်နှာသွင်ပြင်
ဗန်းမောက်မြို့နယ်သည် တောင်ကုန်းတောင်တန်းများပေါများပြီး မြေပြန့်လွင်ပြင်နည်းပါး၍ ချောင်းများရှိပါသည်။
ရေဆင်း
ဗန်းမောက်မြို့နယ်သည် မြစ်ချောင်းများပေါများသည့်ဒေသဖြစ်ပြီး ထင်ရှားသည့်မြစ်ချောင်းများမှာ ဗန်းမောက် ချောင်း၊ ခေါပုတ်ချောင်း၊ ချောင်းကြီးချောင်း၊ ကတောင်ချောင်း၊ ဆင်သေချောင်း၊ မံယူးကြီးချောင်း၊ မဲဇာချောင်း၊ မူးမြစ် ဖျား၊ နန့်ကျင်ချောင်း၊ နန့်မားချောင်း၊ နန့်ခမ်းချောင်း၊ မံကပ်ချောင်း၊ တောင်ချောင်း၊ ပင့်စင်တဲချောင်း တို့ဖြစ်ပါသည်။ မြစ်ချောင်းအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည်။ ချောင်းကြီးချောင်းနှင့် မူးမြစ်သည် မိုးတွင်းကာလများတွင် စက်လှေများသွားလာနိုင်သော မြစ်များဖြစ်ပါသည်။
ပင်လယ်ရေမျက်နှာပြင်ထက်အမြင့်
ဗန်းမောက်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်(၅၀၀)ပေမှ (၇၀၀)ပေအတွင်းတွင် တည်ရှိပါသည်။
ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်
ရာသီဥတု
ဗန်းမောက်မြို့နယ်သည် ပူအိုက်စိုစွတ်သောရာသီဥတုရှိပြီး၊ အမြင့်ဆုံးအပူချိန်(၃၉.c)နှင့် အနိမ့်ဆုံးအပူချိန်မှာ(၆.c) ဖြစ်ပါသည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံအပူချိန်နှင့် အနိမ့်ဆုံးအပူချိန်များအား အောက်ဖော်ပြပါအတိုင်း တင်ပြ အပ်ပါသည်−
စဉ် |
ခုနှစ် |
မိုးရေချိန် |
အပူချိန် |
||
မိုးရွာရက် |
စုစုပေါင်း မိုးရေချိန် (လက်မ) |
နွေရာသီ (.C) |
ဆောင်းရာသီ (.C) |
||
အမြင့်ဆုံး |
အနိမ့်ဆုံး |
||||
၁ |
၂၀၁၄ |
၇၉ |
၅၅.၃၁ |
၃၈ |
၉ |
၂ |
၂၀၁၅ |
၇၇ |
၇၀.၅၉ |
၃၈ |
၇ |
၃ |
၂၀၁၆ |
၉၁ |
၄၈.၈၅ |
၃၇ |
၈ |
၄ |
၂၀၁၇ |
- |
- |
၃၇ |
၈ |